တိုင်းသံဃနာယကရုံးတွင် ထိန်းသိမ်းခံထား
ရသည့် မဟာသန္တိသုခကျောင်းတိုက်မှ
သံဃာတော်ငါးပါးကို လူဝတ်လဲပြီး အင်း
စိန်ထောင်သို့ နေ့လည် ၁၂နာရီက ပို့ဆောင်



လို က်သည့်ဟု သံဃာတော်များ၏ ဒါယိကာမဖြစ်သူ သရုပ်ဆောင်ဒေါ်ခင်သန်းနွယ်
က မဇ္ဈိမကို ပြောသည်။ မဟာသန္တိသုခကျောင်းတော်ကနေ ထိန်းသိမ်းခေါ်ဆောင်သွားတဲ့ ဦးဥတ္တရ အပါအ၀င် သံဃာတော် ငါးပါးကို ဒီနေ့ (ဇွန် ၁၃ရက်) မှာ လူဝတ်လဲပြီး တရားရုံးထုတ်ခဲ့တယ်လို့ မကွေးဆရာတော်ဘုရားကြီး ဦးပါမောက္ခ ကပြောပါတယ်။

လူဝတ်လဲထားတဲ့ သံဃာတော်တွေကို ဇွန်လ ၂၀ ရက်နေ့မှာ ရုံးချိန်းထပ်မံခေါ်သွားမှာလဲဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ က သံဃာတွေနဲ့ ဝေယာဝစ္စ ပြုသူတွေကို ကျူးကျော်တွေဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သံဃမဟာနာယက အဖွဲ့က ရှင်းလင်းပြောကြားပြီးနောက် ဒီနေ့မှာပဲလူဝတ်လဲ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

မဇ္ဈိမသတင်းဌာန

Posted by Unknown on Friday, June 13, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive