ယနေ. သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်
ရပ်ကွက်တွင် ဘာသာခြားလူမျိုးတစ်ဦး
တရားရုံးမှ အနိုင်ဒီဂရီရမှုအပေါ် နှစ်ပေါင်း
(၆၀) ကျော်နေထိုင်လာခဲ့ကြသည့်
နေအိမ်(၆၂)လုံးအား ရဲတပ်ဖွဲ.၀င်များမှ
အင်အားသုံးဖယ်ရှားရန် ရောက်ရှိ


လာသည့်အတွက် ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းကန်.ကွက်မှုဖြစ်ပွားခဲ့
ကြောင်းသတင်းရရှိပါသည်။

သင်္ဃန်းကျွန်းမြို.နယ်၊ ဇ/မြောက်ရပ်ကွက်အတွင်းမြေနေရာတစ်ခုတွင် ၁၉၆၂ ခုနှစ်ကဦးမိုဟာမက်ဟာရှင်အာရစ်(ခ) ဦးမာမွတ် ပိုင်ဆိုင်အမည်ပေါက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းအဆိုပါ လူမျိုးခြားပုဂ္ဂိုလ်မှ နိုင်ငံခြားသို.ပြန်သွားခဲ့ပြီး၊ အပိုင်ပေးခဲ့သည်ဆိုသောစာရွက်စာတမ်းများ အဆင့်ဆင့်ဖြင့် နောက်ဆုံး ဒေါ်အုန်းခင်
(ခ)ဒေါ်ချိုတီ ဆိုသူ၏ သားဖြစ်သူဦးသန်.ဇင်ဆိုသူမှာ နှစ်ပေါင်း(၆၀)ကျော် နေထိုင်လာ
ခဲ့ကြသူများအပေါ် တရားစွဲဆိုလျက်၁၉၉၆ ခုနှစ်တွင် တဖက်သတ်အနိုင်ဒီဂရီ ရရှိခဲ့ပြီး၊

ယခု ၂၀၁၄ ခုနှစ်အရောက်တွင်ကျူးးကျော်သူများအားဖယ်ရှားရန်ဟုဆိုကာ ရဲတပ်ဖွဲ.၀င်အင်အား ရာချီဖြင့် အကြိမ်ကြိမ်လာရောက် ဖယ်ရှားရန် ကြိုးစားနေခဲ့ဖြင်းဖြစ်သည်ဟုအဆိုပါရပ်ကွက်နေပြည်
သူတစ်ဦးမှပြောကြားခဲ့ပါသည်။

ယနေ. (၁၃-၆-၂၀၁၄) နေ.လည် ၁၁ နာရီခန်.တွင်လည်း ရဲတပ်ဖွဲ.၀င်
အင်အား (၂၀၀)ခန်.သည် အပြန်အလှန်အမှုဖြစ်ပွားနေသောသင်္ဃန်းကျွန်း
မြို.နယ်၊ ဇ/မြောက်ရပ်ကွက်သို.ရောက်ရှိလာပြီး အတင်းဖယ်ရှားရန် ကြိုးစားခဲ့သည့်အပေါ် ရပ်ကွက်နေပြည်သူများမှမခံမရပ်နိုင်သဖြင့်သင်္ဃန်းကျွန်းမြို.နယ်တရားရုံးသို. ဥပဒေနှင့်အညီ သွားရောက်တင်ပြလျှောက်ထားရာနေ.လည်(၁၂း၁၅)တွင် တရားရုံးမှ မူလအနိုင်ရ
အမိန်.ဒီဂရီက ပြန်လည်ဆိုင်းငံတားမြစ်ကြောင်း နှုတ်မိန်.ပေးလျက် (၂၆-၆-၂၀၁၄) နေ.တွင် တရားနိုင်-တရားရှူံးတို.မှရုံးတော်သို. အပြန်အလှန်ပြန်လည် တင်ပြကြရန် အမိန်.ပေးခဲ့ကြောင်း သိရှိရပါသည်။

နေ.လည် (၁၂း၁၅ ) မိနစ်ခန်.တွင် အင်အားသုံးရောက်ရှိလာသော ရဲတပ်ဖွဲ.၀င်(၂၀၀)ခန်.ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- Linn Kon
Tomorrow News Journal


Posted by Unknown on Friday, June 13, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive