Tuesday, June 3, 2014

ရခိုင်ပြည်နယ်မောင် တောနယ်စပ်တွင် တစ်ဖက်ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအ ကြားအခြေအနေများတင်းမာ လျက်ရှိရာ စစ်တွေမြို့တွင်လည်း ဇွန် ၁ရက်မှစတင်ကာ လမ်းများ၌ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

‘‘ညပိုင်း ၇နာရီလောက်ဆို ရင် ရဲလုံခြုံရေးတင်းကျပ်ချထား တာ တွေ့ရတယ်။ အထူးသဖြင့် ဘင်္ဂါလီတွေ နေထိုင်တဲ့ရပ်ကွက် အနီးတစ်ဝိုက်နဲ့ လမ်းမကြီးရယ် နောက်ထပ်ရပ်ကွက်လမ်းဆုံတွေ ထဲမှာလည်းတွေ့နေရတယ်။ ည ၉နာရီလောက်ဆိုရင်လမ်းမှာ လူ အတော်နည်းသွားပြီ။ ညမထွက် ရကတော့ နောက်ဆုံးညဆယ်နာ ရီကို သတ်မှတ်ထားတာပါ’’ ဟု စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့ကမ်းနားလမ်း မြစ်ကမ်းခြေနှင့် လမ်းဆုံများတွင် လည်းသာမန်ထက်လုံခြုံရေးတင်း ကျပ်ထားသည်။

‘‘ပြောရမယ်ဆိုရင် ပြဿနာ တွေထပ်ဖြစ်လာမှာကို စိုးရိမ်မိ တယ်။ နယ်စပ်ပြဿနာတွေသ တင်းအမျိုးမျိုးကြားနေရပြီး လူ တွေလည်း အမျိုးမျိုးပြောနေကြ တယ်။ ဒီမှာ ကောလာဟလကြောင့် မီးထပ်တောက်မှာစိုးတယ်’’ဟုစစ် တွေမြို့ရဲနွယ်စုရပ်ကွက်နေ ဒေါ် သူဇာကပြောသည်။

ပြီးခဲ့သည့် မေလ ၂၉ရက် ညကလည်း စစ်တွေမြို့တွင် ညမ ထွက်ရ ကျော်လွန်သည့်အချိန် တွင် ဆိုက်ကားနင်းသည့် အ သက် (၂၁)နှစ်အရွယ် အမျိုးသား တစ်ဦးကို ကင်းလှည့်လုံခြုံရေးများက ဖမ်းဆီးလိုက်သည်။

7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive