From : ..dvb


အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း မှားယွင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အမေရိကန်တပ်သား ၅ ယောက် ကျဆုံးသွားတယ်လို့ အာဖဂန် ရဲအဖွဲ့နဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။

ပင်တဂွန်ပြောခွင့်ရသူ ရဲ အတ်မာရယ် ဂျွန် ကာဘီက “ကျဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် ဆုတောင်း ပေးပါတယ်၊ အာဖဂန် တောင်ပိုင်းမှာ စစ်ဆင်ရေးအတွင်း အမေရိကန်တပ်သား ၅ ယောက် ကျဆုံးသွားတာကို အတည်ပြုပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မှားပစ်တယ်လို့ ယူဆစရာ အကြောင်းရှိပြီး စုံစမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ သေဆုံးသွားတဲ့ တပ်သားတွေဟာ နေတိုးစစ် မဟာမိတ်အဖွဲ့က ခေါင်းဆောင်တဲ့ နိုင်ငံတကာ လုံခြုံရေးအထောက်အပံ့တပ်က ဖြစ်ပါတယ်။

ဒေသထဲမှာ သောင်းကျန်သူတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဖြစ်နိုင်တယ်လို့ ပင်တဂွန်က ယူဆနေပါတယ်။

အစ္စလာမ္မစ် တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူ ကာရီ ယူဆွဖ် အာမဒီက သောင်းကျန်း သူတွေကို နိုင်ငံခြားတပ်တွေက တိုက်ခိုက်နေတဲ့အချိန်မှာ ရဟတ်ယာဉ်တွေ စစ်ကူဝင်လာပြီး အချင်းချင်း မှားပစ်ကြတာလို့ ဆိုပါတယ်။ 

.. www.MyanmarExpress.net

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive