From : .. ပြည်သူအာဏာ


ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခွင့်၊ ဘာသာကူးပြောင်း ခွင့်စသည်တို့ ပါဝင်သော မျိုးစောင့်ဥပဒေပြဌာန်းနိုင်ရန် ဆောင် ရွက်နေမှုများကို ကန့်ကွက် ဆန့်ကျင်မှုများ အရှိန်မြှင့် တင်ဆောင်ရွက်ရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်း ရေးကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ ဥက္ကဌ ငြိမ်းချမ်းရေးနိုဗဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။    

ဇွန်လ ၁၁ ရက် ယနေ့  နေလည် ၂ နာရီအချိန်တွင် နေပြည် တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး I-12 ဆောင်တွင် မျိုးစောင့်ဥပဒေပြဌာန်းရေး ဆန့်ကျင်ကန့်ကွက်သည့် အမျိုးသမီး အဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။   

“ဒေါ်စုက ကျွန်မတို့ လုပ်ကိုင်နေတာကို အားရကျေနပ်တယ်၊ ဒါပေမယ့် သူ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင် ရွက်ဖို့မှာတော့ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပေမယ့်လည်း စိတ်မ ပျက်ဖို့၊ အရှုံးမပေးဖို့ ဒေါ်စုက အားပေးပါတယ်။ ကျွန်မတို့ အဖွဲ့တွေ လိုအပ်တာအားလုံး ကူညီပေးမယ် ဆိုပြီး ပြောတယ်။ ကျွန်မတို့နောက်မှာ မားမားမတ်မတ် ရှိနေပါမယ် ဆိုပြီး အာမခံပြောကြားတယ်။ နောက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တွေကိုလည်း ပြောပေးမယ်၊ အိုအိုင်စီနဲ့ ကုလသမဂ္ဂအဖွဲ့တွေကိုလည်း ပြောပေးမယ်၊ ဘာမှ မကြောက်နဲ့ ဆိုပြီး ပြောပါတယ်။ တော်တော်လေးကျေနပ်အားရဖို့ကောင်းတဲ့ တွေ့ဆုံမှုပါ” ဟု ကချင်ငြိမ်းချမ်း ရေးကွန် ရက်မှ ဒေါ်မေစံပယ်ဖြူ က ပြောသည်။   

ဒေါ်စုကိုယ်တိုင် တက်တက်ကြွကြွဖြင့် ရပ်တည်ပေးမည် ဖြစ်၍ ၀မ်းမြောက်မိကြောင်း၊ ဒေါ်စု၏ ထောက်ခံမှုတွင် နိုင်ငံတကာအဖွဲ့အစည်းများလည်း ပါဝင်လာမည် ဖြစ်၍ အားတက်မိကြောင်း ၄င်းက ဆိုသည်။   

“မျိုးစောင့်ဥပဒေ ပြဌာန်းရေး လုံးဝ မလိုအပ်ဘူး ဆိုတာကို ဒေါ်စုက ပြတ်ပြတ်သားသား ပြောတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာ၊ အင်္ဂလိပ်နဲ့ အိမ်ထောင်ကျထားတဲ့ သူ့ကို တိုက်ခိုက်တာ ဆိုပြီး ဒေါ်စုက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ နောက် အစ္စလာမ်ဘာသာဝင်တွေကို ခွဲခွဲခြားခြား ဆက်ဆံရာရောက်နေတာကိုလည်း သူ့အနေနဲ့ ဘယ်လိုမှ စိတ်မချမ်း မြေ့နိုင်ဘူး၊ အမှတ်ဆိုရင် လူနည်းစုတွေကို အားပေးကူညီရမှာ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာ လူနည်းစုတွေကို အခွင့်အ ရေးပိတ်ပင်တာတွေ များနေတယ်၊ ဒါတွေကို နောင်ဆိုရင်၊ NLD အစိုးရ ဖြစ်လာရင် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ အထိ ပြောတယ်။ ၀မ်းသာစရာတွေ့ဆုံမှုပါ” ဟု မြန်မာမူဆလင်အမျိုးသမီးများ ကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။   

“အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာတွေ၊ အခွင့်အရေးဆုံးရှုံးတာတွေက တရားဥပဒေစိုးမိုးရေးက အခြေခံဖြစ်နေတယ်။ ဒါ့ကြောင့် အန်တီစုရဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီအနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးဖို့ တင်ပြခဲ့ ပါတယ်။ ဘယ်အချက်တွေကို မကြိုက်ဘူး၊ ဘယ်အချက်တွေက ဆိုးကျိုးဘာတွေ ရှိနေတယ် ဆိုတာကို ကျွန်မတို့ တင်ပြခဲ့ပါတယ်။ ကျွန်မတို့ ထုတ်ပြန်ထားတဲ့ ကြေညညာချက်ကိုလည်း ရှင်းပြခဲ့ပါတယ်။ အခုလောလောဆယ် ကိုးကွယ် ရာဘာသာကူးပြောင်းခြင်း ဥပဒေ မူကြမ်းကိုပဲ ထုတ်ပြန်ထားတာ တွေ့ရပေမယ့်လည်း ကျွန်မတို့ကတော့ အားလုံး ခြုံပြီးတော့ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒေါ်စုက လွှတ်တော်ထဲမှာလည်း ကိုယ်စားလှယ်တွေကို ရှင်းပြမယ်၊ ဒါတွေက မလိုအပ်ဘူးဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေ နားလည် လက်ခံလာအောင် ကြိုးစားပေးမယ် ဆိုပြီး ကတိ ပေးပါ တယ်။ ဒေါ်စုကိုယ်တိုင် ပါဝင်လာပြီဆိုရင်တော့ ကျွန်မတို့ ကန့်ကွက်မှု အောင်မြင်မှာ လို့ အပြည့်အ၀ ယုံကြည်ပါတယ်” ဟု Rainfall အမျိုးသမီးအဖွဲ့မှ ဒေါ်ဇင်မာအောင်က ပြောသည်။    

အမျိုးစောင့် ဥပဒေကို ကန့်ကွက်လျက်ရှိသည့် အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ က အဆိုပါဥပဒေများ ရေးဆွဲပြဌာန်းရန် ကြိုးပမ်းနေခြင်းသည် NLD ပါတီက ဆောင် ရွက်လျက် ရှိသည့် အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲများကို အာရုံ လွှဲစေလိုသောကြောင့် အချိန်ကိုက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးစောင့်ဥပဒေများ ပြဌာန်းရေးကို မပျက် ပျက်အောင် အစွမ်းကုန်ကြိုး ပမ်းပေးမည် ဟု ကတိပြုပြောကြားခဲ့ကြောင်း ၄င်းက ပြောဆိုသည်။    

မျိုးစောင့်ဥပဒေကို စတင်ကန့်ကွက်ခဲ့စဉ်က အဖွဲ့ ၉၀ ကျော်သာ ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ စည်းရုံးမှုကြောင့် လက်ရှိတွင် အဖွဲ့ပေါင်း ၁၆၀ ကျော်အထိ ပါဝင်လာပြီ ဖြစ်ကြောင်း သိရှိရသည်။    

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive