Myo Myint's Facebook Status

ဒေါ်စုနဲ့ အချီအချပြောနေတာပါ။ တဖက်လူက ဘယ်သူလဲဘယ်နေရာမှာလဲမသိပါ။ အသက် ၇၅ နှစ်ရှိပြီဆိုကလည်းပါသေး။ ပြောတဲ့လေသံ၊ ပြတဲ့အချက်အလက်နဲ့ စွပ်စွဲချက်က ကလေကချေဆန်ဆန်ပဲ။ ဒေါ်စုက ဘာလို့ အဲ့လို ကလေကဝကို “ပြည်သူ” စာရင်းသွင်းပြီး အပြန်အလှန်ငြင်းခုန်ဖြေရှင်းရင်း အချိန်ကုန်ခံရသလဲမပြောတတ်။ လက်ပန်းတောင်းတောင်တုန်းကလည်း အလားတူဖြစ်ဖူးတယ်။ ဒါပေမယ့် အကြောင်းအရာ၊ အနှစ်သာရနဲ့ လူ မတူဘူး။ ဟိုဟာက “ပြည်သူ” ။ ဒါက “ရန်သူ့လူ”များဖြစ်နေသလားပဲ။

Aung Naing Moe's Facebook Status

"ဒေါ်စုက ဦးစုကို ကားနားခေါ်ပြီး စကားပြောတယ်"

ဒေါ်စုဟာ သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူတွေကိုပင် သဘောထားကြီးစွာ လက်ခံစကားပြောတယ်ဆိုတဲ့ ပုံရိပ်ကို လိုချင်ဟန်ရှိတယ်။ ပြီးတော့ အကျိုးသင့်အကြောင်းသင့် စိစစ်မေးခွန်းထုတ် ဆင်ခြင်ပြလိုက်တဲ့အခါ တဖက်က အဝိဇ္ဇာဖုံးနေတဲ့ ငမိုက်သားတွေခမြာ တထိုင်တည်းနဲ့ ဥာဏ်အလင်းပွင့်ပြီး နောက်ဆုံး သူ့ဖက်ပါအောင် စည်းရုံးနိုင်လိုက်လေသတည်း ဆိုတာမျိုး ဖြစ်ချင်နေပုံ ရတယ်။ ဒါပေမယ့် လောကကြီးက ဒေါ်စုထင်သလောက် မရိုးရှင်းဘူး။ ပိုဆိုးတာက ဒေါ်စုကိုယ်တိုင်ကလည်း (သူ့ကိုယ်သူ ထင်ထားသလောက်) သဘောထားမကြီးနိုင်တဲ့အခါ အရုပ်ဆိုးတဲ့ သူတပြန် ငါတပြန် အော်ဟစ်ငြင်းခုန်တာတွေ ဖြစ်လာတယ်။ ဦးစုနဲ့ ဗီဒီယိုမှာ ဦးစုဟာ ဒေါသကြီးနေတယ်။ စကားလည်း မပြောတတ်ဘူး။ ရပ်တည်ချက်လည်း မမှန်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်စုကိုယ်တိုင်လည်း သဘောထားမကြီးနိုင်တဲ့အတွက် စကားနိုင် လုပွဲကြီးလို ဖြစ်နေတယ်။ ဒေါ်စုဖက်က ခေါင်းဆောင်တယောက်အနေနဲ့ မမှားသင့်တဲ့ အမှားတွေကိုလည်း တွေ့ရတယ်။ ဥပမာတခုပြောရရင် ဗိုလ်ချုပ် ပင့်လာတဲ့ ဖက်ဆစ်တွေကြောင့် ဦးစုအဖေ သေရတာ ဆိုတဲ့အချက်ရယ်၊ ရှစ်ဆယ့်ရှစ်တုန်းကလည်း ကျုပ် ခံခဲ့ရပြီးပြီ လို့ ဦးစုပြောတဲ့အချိန်မှာ ဒေါ်စုဟာ ပြည်သူတယောက်ဖြစ်တဲ့ (စစ်အုပ်စု ဒလန်လည်း ဖြစ်နိုင်ပါတယ်) ဦးစုရဲ့ဘဝကို မျှဝေစာနာခံစားပြီး နားထောင်တာမျိုးထက် သူ့ဖေဖေကို ကာကွယ်ချင်ဇောက များနေတာကို တွေ့ရပါတယ်။ ဦးစုရဲ့ ရပ်တည်ချက်နဲ့ လက်ပံတောင်းပြည်သူတွေရဲ့ ရပ်တည်ချက် မိုးနဲ့မြေလို ကွာပေမယ့် ဖြစ်ရပ် နှစ်ခုလုံးမှာ သွားပြီးတူနေတာကတော့ ဒေါ်စုဟာ သူတရားချနေတဲ့ လူတွေရဲ့ ဘဝကို စာနာနားလည်ဖို့ကြိုးစားတာထက် သူ့ရဲ့ ဆုံးဖြတ်ချက်တွေကိုသာ ကာကွယ်ချင်ဇောကြီးနေတာ၊ သူ့ဆုံးဖြတ်ချက်သာ မှန်ကန်ကြောင်း သက်သေထူနေတာကို ဝမ်းနည်းစဖွယ် မြင်တွေ့ရပါတယ်။ ဒါကြောင့်လည်း နှစ်ဖက်စလုံးက စိတ်ခံစားချက်တွေမြင့်တက်လာပြီး အပြန်အလှန် အော်ဟစ်တာမျိုး အရုပ်ဆိုးတဲ့ မြင်ကွင်းတွေ မြင်ရတာပါ။

နားထောင်ခြင်းအလေ့ဟာ ကောင်းတယ်၊ ခေါင်းဆောင်တယောက်အနေနဲ့ ပြည်သူ့အသံကို၊ တဖက်သားအသံကို နားထောင်ရမယ် ဆိုတာကို ဒေါ်စုအနေနဲ့ သဘောတရားအရကတော့ နားလည် လက်ခံပုံရတယ်။ ဒါကြောင့်လည်း အကျယ်ချုပ်က လွတ်ပြီးမကြာခင် "ပြည်သူ့အသံ နားထောင်ချင်တယ်" တို့၊ ကချင်ပြည်သွားတဲ့အခါ ကချင်ခေါင်းဆောင်အမျိုးသမီးကြီး ပြောပြတဲ့အကြောင်းတွေကို စိတ်ဝင်တစား နားထောင်တာတို့၊ လက်ပံတောင်းပြည်သူနဲ့ တွေ့တာတို့၊ အခုနောက်ဆုံး လမ်းဘေးမှာ ကားရပ်ပြီး ဦးစုကိုခေါ်တွေ့တာတို့ လုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နားထောင်တယ်ဆိုတာ ခါးကြီးမတ်ပြီး အရမ်းစူးစိုက်နားထောင်ပြရုံမျှနဲ့ တကယ့် နားထောင်ကောင်းမဟုတ်။ ပြောသူရဲ့ အကြောင်းအရာနဲ့ ဆိုလိုရင်းကို ဖမ်းယူနိုင်ရုံမျှမက ခေါင်းဆောင်တွေအတွက်ဆိုရင် ပြောသူရဲ့ ခံစားမှုကိုပါ နားလည်ခံစားပေးနိုင်မှ အမှန်တကယ် နားထောင်သူ ဖြစ်နိုင်ပါမယ်။ မဟုတ်ရင် တက်ကျမ်းထဲပါတဲ့ အောင်မြင်ရေးနည်းလမ်းတခုကို လက်တွေ့အသုံးချကြည့်ရုံ အဆင့်မျှသာ ရှိပါလိမ့်မယ်။

ဒေါ်စုအနေနဲ့....
- ပြည်သူတိုင်းက သူ့ကို ချစ်မယ်လို့ မတွက်ဘို့ရယ်၊
- သူတရားချလိုက်ရင် ဘယ်သူမဆို တထိုင်တည်းနဲ့ အကျွတ်တရားရသွားမယ်လို့ မမျှော်လင့်ဘို့ရယ်၊
- ကိုယ့်တရားမှန်ကြောင်း တရားထူထောင်ပြီး အပြိုင်ငြင်းနေမယ့်အစား တဖက်သားရဲ့ ဘဝတွေကို စာနာမျှဝေ နားလည်ပေးနိုင်အောင် ကြိုးစားဖို့ရယ်။
လူထုနဲ့ တသားတည်းရှိတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ချင်ရင် အထက်ပါ အချက်တွေတော့ သတိပြုသင့်တယ်။ မဟုတ်ရင်တော့ မိုးကျရွှေကိုခေါင်းဆောင်ဘဝက တက်နိုင်မည်မထင်ကြောင်း ပြောလိုပါတယ်။

Yebaw Aung's Facebook Status

ဒေါ်စုကို နောက်ကွယ်ကနေ သင်ပေးလိုက်တဲ့အတိုင်း ငါးစိမ်းသည်လို ရန်တွေ့ နေတဲ့သူနဲ့ လက်ပံတောင်းတောင်အရပ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ဆွဲညှိပြီး ပြောနေတာတွေ တွေ့ နေရတယ်။ ဒီအဖြစ်အပျက်နှစ်ခုဟာ အစစအရာရာ အခြေခံ အကြောင်းအချက်အစ ပြောဆိုသူ ကာယကံရှင်ရဲ့ ဘ၀အနေအထားအဆုံး ဘာမှ တူညီမှုမရှိဘူး။

ဒေါ်စုကို ရန်လုပ်နေတဲ့သူက အခြေအမြစ်မရှိ စကားကို အချက်အလက်ကျကျ တခွန်းခြင်း ဖြေရှင်းတုံ့ ပြန်နိုင်တဲ့သူမဟုတ်ဘူး။ အော်ကြီးဟစ်ကျယ် အောက်တန်းကျကျ ရုတ်ရုတ်သဲသဲဖြစ်အောင် ပွဲဆူအောင် လုပ်တဲ့သဘောပဲရှိတယ်။ ဒီပဲယင်းဘက်မှာ လုပ်ခဲ့ကြသလိုမျိုးပါပဲ။

လက်ပန်တောင်းတောင်အရပ်မှာ ဖြစ်ခဲ့တာက ဒေသခံတွေရဲ့ ရင်ထဲကလာတဲ့ သူတို့ ရဲ့ ခံစားချက်အရှိအတိုင်း အမှန်အတိုင်း ယူကျုံးမရဖြစ်လို့ ပြောဆိုတာမျိုးပဲရှိတယ်။ တောသူတောင်သားတွေဖြစ်လို့ မြို့ ကြီးသူ မြို့ ကြီးသားတွေလိုတော့ ချွဲချွဲပစ်ပစ် ချိုချိုသာသာတော့ မပြောတတ်ဘူးပေါ့။

သူတို့ တိုင်တည်ပြောဆိုဖို့ အကြောင်းဖန်လာတဲ့ ကိစ္စရပ်က တကယ်လက်တွေ့ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တခု ဖြစ်နေသလို သူတို့ က လက်တွေ့ ကျကျ ဆုံးရှုံးနေရသူတွေပါ။ သူတို့ ကို ကယ်တယ်နိုင်မယ့်သူလို့ သတ်မှတ်ထားတဲ့ ဒေါ်စုကို ငိုယို စိတ်မကောင်းဖြစ်ပြီး တိုင်တည်ပြောဆိုကြတာနဲ့ ထမရိုက်ရုံတမယ် ရန်လုပ်နေတဲ့အဖြစ်နဲ့ က ဆန့် ကျင်ဘက် ဖြစ်ရပ်နှစ်ခုပါ။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive