ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြပါတယ်။

 ဘန်းနား – တလတ် သွားလမ်းမကြီးပေါ်မှာ ကားတစီးတိမ်းမှောက်ကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးရာမှာ အက်ဖ်စီ အဆောင်ရှေ့က လမ်းဘေးမှာ ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ ၀ီးကို့ဟိုင်းလပ်ကားတစ်စီးကို တွေ့ရကြောင်း၊ ကားပေါ်ကလူတွေ လွင့်စင်လဲကျနေပြီး စစ်ဆေးချက်အရ ၂ ဦး အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးကာ ၁၅ ဦးဒဏ်ရာရသွားပြီး ဘန်ဘော်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဘန်ဘော်မြို့မရဲစခန်းက တာဝန်ကျ ဒုရဲမှူး နထ၀ပ် အတ်ထကစ်ဝိချွန်းက ပြောပါတယ်။

စစ်ဆေးချက်တွေအရ အဲဒီကားဟာ မြန်မာအလုပ်သမား ၂၄ ဦးကို သည်ဆောင်လာပြီး အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်း၊ လမ်းအကွေ့မှာ ရှေ့က ကားတစီး မောင်းလာတာကို ရှောင်တိမ်းရာက ဘရိတ်မအုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ် ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်နေပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ သက်သေအထောက်အထားတွေ စစ်ဆေးနေတယ်လို့ ဒုရဲမှူးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ

Posted by Unknown on Monday, June 2, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive