From : .. https://www.facebook.com/969MDL
 


လွှတ်တော်တွင် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံနိုင်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးမှ ပြောဆိုပါသည်။

“ ဒီနေ့ ဒီအချိန်မှာ မျိုးစောင့်ဥပဒေဆိုတာ အချိန်အခါနဲ့ အခြေအနေရ ပြဌာန်းဖို့ တစ်ကယ်လိုအပ်နေပြီလို့ ယူဆပါတယ်၊ နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်ကြီးတွေနဲ့ ရဟန်းရှင် ပြည်သူ ၁၃ သိန်းကျော်က မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတကြီးဆီကို လက်မှတ်ထိုးတင်ပြလာတာဗျ၊ ဒါကြောင့်လဲ ပြည်သူ့ဆန္ဒနဲ့ အညီ နိုင်ငံတော်သမ္မတကြီးကိုတိုင် ဒီမျိုးစောင့်ဥပဒေကို ပြဌာန်းဖို့ လွှတ်တော်ကို သ၀ဏ်လွှာပို့ပြီး တောင်း ဆိုခဲ့တာဖြစ်ပါတယ်၊ တပ်မတော်ကလဲ ဒါကို ထောက်ခံမှာပါ၊ နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ဘာသာတရား အင်မတန် ကိုင်းရှိုင်းတဲ့သူ တစ် ယောက်ဖြစ်တော့ သူ့အနေနဲ့ ဒါကို နှုတ်က ဖွင့်မပြောရင်သာနေမယ်၊ စိတ်ထဲက မုချမလွဲ ထောက်ခံပြီး သားဖြစ်မှာပါ၊ ဒါကြောင့် တပ်မတော်က မျိုးစောင့်ဥပဒေကို ထောက်ခံမယ်လို့ ကျွန်တော်ပြောရဲတာပါ” ဟု ၄င်း အငြိမ်းစား အရာရှိကြီးမှ ပြောဆိုပါသည်။

“ကမ္ဘာအရပ်ရပ်ကိုဘဲကြည့်ကြည့်၊ ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘဲကြည့်ကြည့် စနစ်တကျ သုံးသပ်ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်၊ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ တရား တွေ ရည်ရှည်တည်တံ့ဖို့၊ ပျောက်ပျက်မသွားဖို့အတွက်ဆိုရင် အကာအကွယ်တစ်ရပ်၊ ဟန့်တာဖို့ နည်း လမ်းတစ်ခု လိုနေပြီဆိုတာ အသေအချာပါဘဲ၊ ဒါကြောင့် အခုလို မဖြစ်မနေ ပြဌာန်းဖို့ လိုအပ်တဲ့ မျိုးစောင့် ဥပဒေပြဌာန်းရေးကို တပ်မတော်အနေနဲ့ အမျိုးသားရေး တာဝန်တစ်ရပ်လို သဘောထားပြီး အပြည့်အ၀ ထောက်ခံသွားမယ်လို့ ယုံကြည်ပါတယ်’’ ဟု ၄င်း အရာရှိကြီးမှ ဆက်လက်ပြောဆိုပါသည်။
မျိုးစောင့်ဥပဒေအား လွှတ်တော်တွင် အတည်ြပုပြဌာန်းနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဥပဒေ မူကြမ်းရေး ဆွဲရေး ကော်မရှင် တစ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြီးခဲ့သည် မတ်လ(၇) နေ့က ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။

လက်ရှိတွင် ဆရာတော်၊သံဃာတော်များ၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော မ.ဘ.သ ခေါ် အမျိုးဘာ၊ သာ သာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာပြည်အရပ်ရပ်ရှိ မြို့ကြီးများတွင် မျိုးစောင့် ဥပဒေ ထောက်ခံပွဲများ ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် အမျိုး၊ဘာသာ၊ သာသနာ စောင့် ရှောက်ရေး နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုးဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ မ.ဘ.သ အဖွဲ့ မှ ယခုနှစ် ၂၀၁၄ ဇွန်လဆန်းမှ စတင်ကာ အတုမရှိဂျာနယ် ထုတ်ဝေသွားမည်ဟု သိရှိရသည်။
 

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive