[[[[[ ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် အတွဲ(၃)၊ အမှတ်(၆)
တွင် ဖော်ပြပြီး ဆောင်းပါး။ ယနေ့ထွက်သည်။]]]]]
၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့ဆိုလျှင် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်အုပ်စု၊ သပြေချောင်းကျေးရွာသူ မသီတာထွေးကို ရော်ဘီ၊ ရော်ချီးနှင့် ခိုဖီး(ခ) ထက်ထက်ဆိုသည့် ဘင်္ဂလီကုလားသုံးယောက်မှ ပစ္စည်းလု မုဒိန်းကျင့်သွားသည့်မှာ နှစ်နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။ ဤနေ့ ဤရက်ကို ရခိုင်သားတိုင်း အမှတ်တရနေကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ၂၀၁၀ ခုနှစ် ပွင့်လင်းလာသည့် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ တစ်ရပ်၏ အုပ်ချုပ်မှု၊ ဥပဒေစိုးမှုတို့ကို စိန်ခေါ် စမ်းသပ်လိုက်သည့် လူမျိုးရေး ကဓိကရုန်းလည်းဖြစ်သည်။ အစိုးရ၏ သတင်းထုတ်ပြန်ခြင်း နောက်ကျမှု၊ ဥပဒေစိုးမိုးမှု၊ လုံခြုံရေးအားနည်းမှုတို့ကို တီးခေါက် စမ်းသလိုက်ခြင်းလည်းဖြစ်သည်။ ဤကိစ္စသည် ဥပဒေကြောင်းရ ဖြေရှင်းရမည်ကိစ္စဖြစ်သည်။ သို့သော်လည်း အရေးအခင်းပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရမှ နှစ်နှစ်ပြည့်အောင်ထိ အဖြေကို ရှာမတွေ့သေးသည်ကိုလည်း တွေ့ရသည်။
အင်တာနက်ရေစီးကြောင်းနှင့်အတူ ပွင့်လင်းလာသည့် သတင်းမီဒီယာကြောင့် နောက်ဆက်တွဲပေးဆပ်လိုက်ရသည့် အရင်းအနှီးသည် အလွန်ကြီးမားသည်။ အပ်နဲ့ ထွင်းရမည့်အရေးကို ပေါက်ဆိန်နဲ့ ပေါက်သလိုဖြစ်သွားရသည်။ မသီတာထွေးအကြောင်းကို အမှီသဟဲပြုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဘင်္ဂလီကုလား (၁၀)ဦးတောင်ကုတ်မြို့ကို ရိုးမသစ္စာကားဖြင့် ဖြတ်သန်းလာစဉ် တောင်ကုတ်မြို့မှာပါ အသက်ဇိန်ဝိန်ခြွေခံလိုက်ရသည်။ ထိုမီးပွါးကို အကြောင်းပြုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ သောကြာနေ့ နေ့လည် ၁း၁၅ မိနစ်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်ဆုံးနယ်စပ်မြို့ဖြစ်သော မောင်တောမြို့တွင် ဂျာမေဗလီမှ ဘုရားဝတ်ပြုပြီးဆင်းလာသော ဘင်္ဂလီကုလားတို့သည် နေ့ခင်းကြောင်းတောင် အလင်းရောင်အောက်တွင် လုံခြုံရေးများ ရှေ့၌ပင် လူအုပ်စုဖြင့် ရခိုင်အိမ်များကို အကြမ်းဖက် မီးရှိုး၊ လူသတ် တိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့ တစ်ရက်တည်းမှာ မောင်တောမြို့နယ် တစ်ခုတည်း၌ ရခိုင်ရွာပေါင်း ၂၂ ရွာလောက် မီးလောင်းတိုက်ထဲကို အသွင်းခံလိုက်ရသည်။ လူမဆန်သော ဘင်္ဂလီကုလားတို့သည် ကျေးရွာများကို ရွာလုံးပြတ် မီးရှို့တင်မက လူသတ်မှုများကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။ ထိုနေ့ တစ်ရက်တည်းမှာပင် မောင်တောမြို့နယ်၌ မြန်မာနိုင်ငံတိုင်းရင်း (၁၃)ယောက်တိတိ အသက်ပေးဆပ်လိုက်ရသည်။ တပည့်သတ်၍ သေသော ဆရာ၊ မိမိအိမ်တွင် ကျွေးမွေးထားသော အိမ်စေမှ သတ်၍ ဒဏ်ရာရလိုက်သော ဆရာဝန်တို့သည် ယင်းနေ့တစ်ရက်တည်းပင် ပေးဆပ်လိုက်ရခြင်းဖြစ်သည်။
သောက ပရိဒေ၀မီးတို့မည်သည် လောင်းကျွမ်းပြီးလျှင် ငြိမ်၍ မနေဘဲ တစ်နေရာမှ တစ်နေရာသို့ ကူးစက်တတ်မဟုတ်လော။ မြန်မာနိုင်ငံအနောက်ဘက် မောင်တောမြို့မှ တောက်လောင်ခဲ့သော မီးစသည် ရခိုင်ပြည်နယ်၏ ဗဟိုချက်မဖြစ်သော စစ်တွေမြို့ကိုပင်ကူးစက်ခဲ့သည်။ ဇွန်လ တစ်လတည်းမှာပင် စစ်တွေမြို့၊ ရသေ့တောင်မြို့နယ်များ၌ ရခိုင်တို့၏ အသက်ပေါင်း ၂၀ လောက်ကို ပေးဆပ်လိုက်ရသည်။ ဒုက္ခသည်ပေါင်း မြောက်မြားစွာနှင့် ဒဏ်ရာအနာတရဖြစ်နေသော စစ်တွေမြို့၏ အမာရွက်သည် ယခုထိအောင် ပျောက်အောင် မကုစားနိုင်သေးပေ။ မြန်မာနိုင်ငံတော်အစိုးရမှ အချိန်မှီမထိန်းသိမ်းနိုင်ခဲ့မှု၊ လုံခြုံရေးအားနည်းမှု၊ ဥပဒေမစိုးမှုတို့ကို ဤနေရာတွင် အထင်သားမြင်ခဲ့ရသည်။
ပထမအကြိမ်ဖြစ်သော ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းကိုပင် နိုင်နှင်းအောင် မထိန်းသိမ်းနိုင်ခဲ့ပေ။ ဖြစ်သမျှအကြောင်းကို ဒေသခံ ရခိုင်လူထုကိုသာ အပြစ်ပုံချသည်။ မြန်မာနိုင်ငံအစိုးရမှ ၂၀၁၂ ခုနှစ် ဇွန်လထဲ၌ အစိုးရပိုင် မြန်မာ့အသံ တီဗွီသတင်းအစဉ် ဆွေးနွေးပွဲတစ်ခုတွင် ရခိုင်ဒေသခံများ စီးပွါးရေးအဆင်းမပြေခြင်း၊ ပညာမတတ်ခြင်း၊ လက်ပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း တို့ကြောင်းဟု အကြောင်းအမျိုးမျိုးပြကာ ရခိုင်လူထုကိုသာ တစ်ဖက်သတ် အပြစ်ပုံချခဲ့သည်။ အမှန်တကယ်တွင် နှစ်ပေါင်းများစွာ အစိုးရ၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အစိုးရဌာနများ၏ လာဘ်စားမှု၊ ရခိုင်ပြည်မှ သယံဇာတမြောက်မြားစွာ ထွက်ရှိသော်လည်း ရခိုင်ဒေသဖွံ့ဖြိုးရေးကို မည်သည့်တစ်ခုမှ တိုးတက်အောင် မလုပ်ပေးခြင်းတို့ကို ထည့်ပြောသွားခြင်းကို မတွေ့ရသည်မှာ ရခိုင်လူထုကို တစ်ဖက်သတ် အပြစ်ပုံချသွားခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကို သက်သေပြသည့်အနေဖြင့် နောက်ဆက်တွဲအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက် ညဥ့် ၁၁ နာရီခန့်လောက်တွင် ဒုတိယအကြိမ်အဖြစ် မင်းပြားမြို့နယ် ၊ ပိုက်သည်ရွာမှ တောက်လောင်းခဲ့သည့် မီးတောက်သည် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် သံတွဲမြို့နယ်များကို ဆက်လက် တောက်လောင်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ပထမအကြိမ်အရေးအခင်းတွင် ရှိပြီး ဒုက္ခသည်အရေအတွက်ကို မလျော့နည်းနိုင်မှီမှာပင် နောက်ထပ် ဒုက္ခသည်ပေါင်း သိန်းချီတိုးပွါးခဲ့ရသည်ပင် အစိုးရ၏ အုပ်ချုပ်ရေးစနစ်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ အရေးအခင်းတစ်ခု ဖြစ်လာတိုင်း အချိန်မှီမထိန်းတတ်သော လုံခြုံရေးတို့ အားနည်းမှုကို အထင်သား မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ဤအကြမ်းဖက်မှု အရေးအခင်းများဖြင့် လုံးပတ်လည်နေသော ရခိုင်ပြည်နယ်ဒေသခံတို့မှာ ပြည်နယ်တိုးတက်ရေးကို စဉ်စားဖို့အချိန်ပင် မရရှိပေ။ နေ့စဉ်နှင့်အမျှ ခိုးဝင်သူများ၏ အရေးကို ထည့်စဉ်စားနေရသည်။ သွားသတိ၊ လာသတိများကို သတိထား သွားလာနေရသည်။ ဒီမိုကရေစီအရသာကို ခံစားချိန်ပင် မရရှိခဲ့ဘဲ အနောက်ဘက် တံခါးကျိုးဖျက်ခံလိုက်ရခြင်းနှင့်အတူ ခိုးဝင်သူများကို ရန်ကို အချိန်ပြည့်သတိထားနေရသည်။ ဤကြားထဲတွင် ဘင်္ဂလီကုလားတို့သည် အုပ်စုဖွဲ့ပြီး ရခိုင်များကို အလစ်အငိုက်တွင် ၀င်ရောက် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းကို ပြုလုပ်ခဲ့သည်။ ယင်းတင်မကသေ အရွယ်မရောက်သေးသော ကလေးငယ်များကိုပင် မုဒိန်းမှုများ ကျူးလွန်လာခဲ့ကြသည်။ ယင်းကိစ္စရပ်များကိုပင် အစိုးရမှ လုံလောက်သည့် ကာကွယ်မှုများကို မပြုလုပ်နိုင်ခဲ့ချေ။ အနောက်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂလီတို့သည် အတင်းရဲလာပြီး နောက်ဆက်တွဲ ပြဿနာများကို မကြာခဏဖန်တီးခဲ့ကြသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင်ပင် တတိယအကြိမ်အဖြစ် သံတွဲမြို့တွင် ဖြစ်ပွါးခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံအစိုးရ၏ အမြင့်ဆုံးအရာရှိဖြစ်သော သမ္မတဦးသိန်းစိန်ကိုယ်တိုင်းရခိုင်ပြည်ကို အလည်အပတ်ရောက်နေချိန်တွင် အခင်းဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ သမ္မတခရီးစဉ်တွင်ပင် ဒေသတွင်းတည်ငြိမ်ရေးကို လုံခြုံရေးများမှ မကိုင်တွယ်နိုင်ဆိုလျှင် ကျန်သည့်အချိန်များကို မည်သို့စဉ်စား အဖြေရှာရမည်ကို တွေးကြည့်လျှင်ပင် သိနိုင်သည်။ ရခိုင်ပြည်နယ်တွင် အစိုးရမှ ကိုင်တွယ်ပုံနိုင်နှင်းလျှင် ဒုက္ခသည် ဦးရေ တိုးလာစရာ အကြောင်းမရှိသလို နောက်ဆက်တွဲ ပြဿနာတို့သည်လည်း ဖြစ်လာစရာအကြောင်းမရှိပေ။ ရခိုင်လူထုသည် အုပ်ချုပ်ခံ လူတန်းစားသာဖြစ်သည်။ စီးမံခန့်ခွဲပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်မှာ အစိုးရအာဏာပိုင်များတွင်သာ ရှိသည်။ အစိုးရပိုင်းမှ ကိုင်တွယ်ပုံ လျောနည်းလေ တရားမ၀င် ခိုးဝင်သူများမှ ရောင့်တက်လေ ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် အရေးအခင်းများဖြစ်ပွါးချိန်တိုင်းကို ပြန်ကြည့်လိုက်လျှင် အစိုးရမှ ကိုင်ကွယ်ပုံတို့သည် လုံလောက်သည့် အကာအကွယ်မျိုးကို မပေးနိုင်သည်ကို တွေ့ရသည်။ ဤကြားထဲတွင် ရခိုင်အရေးအခင်းအပါအ၀င် မြန်မာနိုင်ငံအနှံအပြားတွင် လူမျိုးရေး အရေးအခင်းများ ဆက်တိုက်ဖြစ်ပွါးခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ရခိုင်အရေးအခင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာ ရခိုင်အရေးအခင်း၊ မိတ္ထီလာအရေးအခင်း၊ ဥက္ကံအရေးအခင်း၊ လားရှိုး အရေးအခင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် အရေးအခင်း၊ ကန့်ဘလူ အရေးအခင်း၊ ၂၀၁၃ ခုနှစ် ရခိုင်သံတွဲအရေးအခင်း၊ လှည်းကူးအရေးအခင်း ၊ ဒလအရေးအခင်း တို့သည် တောက်လျှောက်ဖြစ်ပွါးခဲ့သည်။ အမှန်တကယ် ၄င်းအရေးအခင်းတို့သည် ဥပဒေစိုးမိုးခဲ့လျှင် ဆက်လက်ဖြစ်ပွါးစရာအကြောင်းမရှိချေ။ အစိုးရ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့်သာ ဆက်လက်ဖြစ်ပွါးရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းများကို နိုင်ငံတကာ မီဒီယာများတွင် ပုံဖော်သောအခါ ဘာသာရေးနှင့် ရောချတတ်ကြသည်။ အမှန်တကယ်တွင် ဘာသာရေးအဓိကရုန်းမဟုတ်ခဲ့ပေ။ မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသနှင့် ထိစပ်လျှက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူဦးရေ လျံကျလာပြီး ခိုးဝင်သူများက နယ်မြေလုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အချုပ်အချာအာဏာကို ထိပါးပြီး နယ်မြေ ဖဲ့ထုတ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ ခိုးဝင်သူတို့သည် နယ်မြေလုယူရာတွင် မီဒီယာကို ကောင်းစွာအသုံးချခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် အနောက်ဘက် အခြမ်းကို လွတ်လပ်ရေးကြော်ငြာသည်ထိ အတင်းရဲလာခဲ့သည်။ ပြည်တွင်းတွင် ၀င်ရောက်နေသော ဘင်္ဂလီတို့သည်လည်း နည်းအစုံစုံနဲ့ လှုပ်ရှားနေသည်မက ပြည်ပနိုင်ငံများကပါ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် နေကြသည်။ ပြည်ပသတင်းဌာနများဖြစ်သည့် ၂၀၊ ၃၊ ၂၀၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dahaka Tribune သတင်းဌာနကြီးကပင် ရခိုင်ပြည်အရေးကို နယ်မြေခွဲဝေဖို့ ဆောင်းပါးများရေးသားစွက်ဖက်ခဲ့သည်။
အရေးအခင်းပြဿနာသည် အချိန်တိုတိုတွင် ကုစားရမည်ဖြစ်သော်လည်း အစိုးရမှ နှစ်နှစ်ကျော်လာပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ ခိုင်မာသည့် မူဝါဒများ၊ ပွင့်လင်းမြင်သာစွာ ဖြေရှင်းမှုများကို မတွေ့ရှိရသေးပေ။ အစိုးရ၏ ဖြေရှင်းမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုရှုပ်ထွေးလာသည်။ ဥပမာအားဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ ကောက်ခံခဲ့သော သန်းခေါင်စာရင်းကောက်ခံမှုများတွင် အစိုးရ လူကြီးမင်းတို့ကိုယ်တိုင်း မရှိသည် နာမည်တစ်ခုကို အတင်းထည့်သွင်းကောက်ခံသွားဟုဆိုရာ ရခိုင်လူထုမှ ဆန္ဒပြကန့်ကွက်ခဲ့လို့သာ ပျက်စီးသွားခြင်းဖြစ်သည်။ အစိုးရကိုယ်တိုင်း ချမှတ်ထားသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည်လည်း အကောင်အထည်ဖော်ခြင်းကို ယနေ့အချိန်ထိ မတွေ့ရှိသေးပေ။
ယခု နောက်ပိုင်းတွင် အကြမ်းဖက် ခိုးဝင်သူများသည် လက်နက်ကိုင်ပြီး မြန်မာနိုင်ငံ အချုပ်အချာအာဏာကို ခြိမ်းခြောက်လာသည့် အဆင့်ထိ ရောက်ရှိလာပြီးဖြစ်သည်။ လက်နက်စွဲကိုင်ပြီး မြန်မာနိုင်ငံ၏ အစိုးရ လုံခြုံရေးများကိုပင် ပေါ်တင် တိုက်ခိုက်လာပြီးဖြစ်သည်။
၁။ ၂၀၁၃ ခုနှစ်မှ နယ်စပ်ခြံစည်းရိုးကို ပြုပြင်နေသော တပ်မတော် ဆောက်လုပ်ရေးမှ တပ်သား (၃) အား RSO (Rohingya Solidarity Organization) ဟုခေါ်သော တာလီဘန်အဖွဲ့အစည်းများ၏ အကြမ်းဖက်သင်တန်းတက်ရောက်ထားသည့် အဖွဲ့အစည်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ယနေ့အချိန်ထိ အစအနကို ရှာမတွေ့သေးခြင်း။
၂။ ၂၀၁၃ ခုနှစ် စစ်တွေမြို့နယ်အတွင်း ၂၀၁၄ ခှုနှစ် ဧပြီလတွင် ကောက်ခံမည် သန်းခေါင်စာရင်းကို သုံးသပ်နိုင်ဖို့အတွက် ဆွဲတင်စစ် လ၀က လုပ်ငန်းအား တရားမ၀င် ၀င်ရောက်လာသူများမှ ၀ိုင်းရိုက်ရာ ထွက်ပြေးလာရခြင်း။
၃။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလထဲတွင်ပင် စစ်တွေမြို့နယ်၊ မှန်စီကျေးရွာတွင် လုံခြုံရေး ရဲသားအား ဘင်္ဂလီများမှ ၀ိုင်းရိုက်သဖြင့် (၁)ဦးပွဲချင်းပြီး သေဆုံးခဲ့ရပြီး တစ်ဦးမှာ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ခြင်း။
၎။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မောင်တောမြို့နယ် ဒုချီရားတန်းတွင် လုံခြုံရေးတပ်ကြပ် အောင်ကျော်သိန်း အလောင်းအား ယခုထိတိုင်းရှာဖွေ မတွေ့ရှိသေး။
၅။ ၂၀၁၄ ခုနှစ် မေလ ၁၃ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုဒေသတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် RSO တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ အစိုးရအဖွဲ့မှ တပ်ကြပ်(၁)ဦးနှင့် တပ်သား (၂)ကျဆုံးခဲ့ရခြင်း။
၆။ ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က မောင်တောမြို့နယ်တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွါးရာ (၄)ဦးသေဆုံးပြီး (၂) ဦးပျောက်ဆုံး။ ဒုတပ်ကြပ် နွေဦးမောင်မှာ ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ပြီး ၁၉၊ ၅၊ ၂၀၁၄ ရက်နေ့မှာ စစ်တွေပြည်သူ့ဆေးရုံကို တင်ဆောင်ထားခြင်း။
အထက်ပါ အကြောင်းအရာများကို သုံးသပ်ခြင်းအားဖြင့် ၂၀၁၂ ခုနှစ်က စတင်ခဲ့သော မီးတောက်သည် ယနေ့အချိန်အထိ မငြိမ်သေးသည်အပြင် ပိုမိုပြင်းထန်လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော် အစိုးရမှ ပြတ်သားတော့ မူဝါဒ၊ ရှင်းလင်းသော လုပ်ဆောင်များကို ဖော်ဆောင်ပြီး ကျိုးပျက်နေသော မြန်မာနိုင်ငံအနောက်ဘက်တံခါးကို အချိန်မှီဖာထေးနိုင်ဖို့ လိုအပ်နေပြီးဖြစ်သည်။ ယာယီဆေးမြီတိုဖြစ်သော နစကကို ဖျက်သိမ်းပြီး အစိုးရမှ လုံခြုံရေး ရဲသားများကို နယ်စပ်စခန်းများအဖြစ် ၁၂ တိုးချပြီး လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်မှုများကို သက်သေသာတကအဖြစ် အကြမ်းဖက်သူများက နယ်မြေစိုးမိုးမှုရအောင် လက်နက်ဖြင့် တိုက်ခိုက် ခြိမ်းခြောက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ပြည်မဖြစ်သော ဗမာပြည်မှ တာဝန်ကျလာသော လုံခြုံရေး ရဲသားများမှာ အမျိုးသားခံယူချက်မှာ ဒေသခံများလောက် စိတ်ထားပြင်ထန်မှု မရှိသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ၂၇၊ ၄၊ ၂၀၁၄ရက်နေ့က ၁၊ ၅၊ ၂၀၁၄ ရက်နေ့ထိ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)တွင် ရက္ခိုင့်တပ်မတော် AA မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်မှ “ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ဖို့အတွက် အနောက်ဘက်တံခါးကို စောင့်ရှောက်ဖို့ ကျနော်တို့ ရက္ခိုင့်တပ်မတော်မှ အဆင့်သင့်ရှိကြောင်း၊ အစိုးရနှင့် ပူပေါင်းဆောင်ရွက်လိုကြောင်း”တို့ကို ပြောကြားခဲ့သည်။ ညီလာခံကို တက်ရောက်လာသူများမှလည်း လက်ခုပ်သြဘာပေးပြီး ထောက်ခံခဲ့ကြသည်။ ဒေသခံ ရခိုင်လူထုထဲမှာလည်း အစိုးရ လုံခြုံရေးများအပေါ် ယုံကြည်မှုများ လျော့နည်းလာပြီး မိမိတို့ လူမျိုးအဖွဲ့အစည်းတစ်ခုခုက ကာကွယ်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခံယူလာကြသည်။ ထို့အတွက် နှစ်နှစ်ကြာ ဖြေရှင်းရခက်ခဲပြီး ကျိုးပျက်နေသော အနောက်ဘက် တံခါးကို အချိန်မှီဖာထေးနိုင်ဖို့ အစိုးရမှ အနောက်ဘက် တံခါးကို ရခိုင်များစောင့်ရှောက်ခြင်းပင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု တိုက်တွန်းလိုက်ရပါသည်။
ဝေဟင်အောင်
၂၁၊ ၅၊ ၂၀၁၄။
0 comments