=======================================
နေထက်ဝေ၊ အာကာ
ရန်ကုန် မေ ၂၆
=======================================
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးပါတီအသီးသီးက ပြင်ဆင်ရန်ကြိုးစားနေသကဲ့သို့ ပြည်ထောင်
စုလွှတ်တော်ကလည်းအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီဖွဲ့စည်း၍ ဆောင်ရွက်
လျက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကလည်း အပစ်အခတ်ရပ်စဲ
ရေးလက်မှတ်ရေးထိုးပြီးလျှင် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေးသွားကြမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံအနေအထားနှင့် ဖြစ်သင့်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုနှင့်ပတ်သက်သော သဘောထားအမြင်များကိုမေးမြန်းဖော်ပြပေးလိုက်ပါသည်။
ဦးသုဝေ
(ဥက္ကဋ္ဌ-ဒီမိုကရက်တစ်ပါတီမြန်မာ)
===================
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အမြဲတမ်းကောင်းနေတယ်လို့မရှိ ဘူးဗျ။ အခြေအနေအချိန်အခါအရ ပြောင်းချင်တာ ပြောင်းလို့ရတာပဲ။ ဒါကတော့ မူအရပြောတာပါ။ ဒါပေမယ့် ဥပဒေပြင်ဆင်တယ်ဆို တာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းပေါ့။ စည်းကမ်းတကျ ပြောင်းရမှာပေါ့။ သူရဲ့မူအတိုင်း၊ ဥပဒေအတိုင်း ပြောင်းရမှာပေါ့ နော်။ ဒါကတော့ သူရဲ့မူပေါ့။ အခုဖြစ်နေတဲ့ ပြဿနာတွေက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစု ကြည်တို့ အခြေဥပဒေပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော် မရှင်က သူတို့ဆီကိုစာပို့တယ်။ ကျွန်တော်တို့ဆီကိုလဲပို့တယ်။ အဲ့ဒီ မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာပါမယ့်ဆိုပြီး ခံယူချက်နဲ့ ပါတီဖွဲ့တယ်။ အရွေးကောက်ခံ တယ်ပေါ့နော်။ ဒါကြောင့်မို့ သတိ ထားပါဆိုပြီး သတိပေးချက်တွေ ထုတ်တယ်။ ပြုပြင်တာက လွှတ် တော်က ပြင်ရမှာလေ။ ၁ဝ၉ ဦး ကော်မတီတွေဖွဲ့ထားတာလဲ ရှိ တယ်လေ။ အဲ့ဒီကော်မတီကိုပဲ ကျွန်တော်တို့ ဘယ်ကိစ္စကိုပြင်ချင် တယ်ဆိုတာကို အကြံပြုနိုင်တာ ပေါ့။ ကိုယ်ကိုယ်တိုင်က လွှတ် တော်ကိုယ်စားလှယ်ထဲမှာ ပါရင် ဝင်ဆွေးနွေးနိုင်တာပေါ့။ ပြဿနာ ဆိုတာ နှစ်ဖက်ဆန့်ကျင်မှုတွေ ကြောင့် ပြဿနာဖြစ်တာပေါ့။ ပြဿနာဖြစ်ရတဲ့အကြောင်းမှာ အခြေခံနှစ်ချက်ရှိတယ်။ ပထမ အချက်က အကြောင်းအရာတွေ၊ သဘောအယူအဆတွေပေါ်မှာ မူ တည်ပြီး ဖြစ်ရတယ်လေ။ နောက် တစ်ခုက ပုဂ္ဂိုလ်မုန်းတီးလို့၊ ဆန့်ကျင်လို့ဖြစ်ရတဲ့ ပြဿနာတွေ ဖြစ်တာရှိတယ်။ အဲ့ဒီနှစ်ချက်ထဲ မှာ ပုဂ္ဂိုလ်မုန်းတီးလို့ဖြစ်ရတဲ့ ပြဿနာက ဖြေရှင်းရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်က ကောင်းတာတွေလုပ်လဲ တစ်ဖက် က အကောင်းမထင်ဘူးလေ။ ပြော သမျှ ဆန့်ကျင်တယ်။ ငါ့ကိုတိုက် ခိုက်တယ်လို့ ထင်ကြတယ်လေ။ အဲ့ဒီလိုထင်ကြတဲ့အတွက် ဒီ ပြဿနာဟာ ကြီးကျယ်ပြီးဖြစ် သွားတတ်တယ်။ ထိုင်းမှာဖြစ်တာ လဲ ဒီအတိုင်းပဲ။ ရှပ်နီနဲ့ ရှပ်ဝါနဲ့ က ညှိနှိုင်းလို့မရအောင်ဖြစ်တာ ပေါ့နော်။ ဖြစ်ဖို့ကောင်းတာက နိုင်ငံရေးခေါင်းဆောင်တွေဆိုသည် မှာ သိဖို့ကောင်းတယ်။ ပုဂ္ဂိုလ်ရေး အရ မုန်းတီးမှုဖြစ်လာရင် ပြဿနာ က ကြီးကျယ်သွားနိုင်တယ်။ ဒါဆို ထိုင်းလိုပဲဖြစ်သွားနိုင်တယ်။ပုဂ္ဂိုလ် မုန်းတီးရေးကနေ ကြီးကျယ်မှုတွေ မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရေး ကိုသာ ဆောင်ရွက်သင့်တယ်။ ဒီမိုကရေစီဆိုတာက ကိုယ်လိုချင် တာချည်းမဟုတ်ဘူးလေ။ တစ် ဖက်က လိုချင်တာလဲရှိတယ်လေ။ နှစ်ဖက်ညှိနှိုင်းရမယ်။ ကိုယ်လိုချင် တာချည်းကြည့်တယ်ဆိုရင် ပဋိ ပက္ခအသွင်ဆောင်တယ်။ ပြောချင် တာက နိုင်ငံရေးခေါင်းဆောင်တွေ က လူကြီးဆန်ရမယ်။ ရင့်ကျက် ရမယ်။ ရင့်ကျက်မှုလေးတွေထား ရင် ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုတွေမဖြစ်နိုင်ဘူးပေါ့ဗျာ။
ဦးတင်မောင်ဦး
(ဗဟိုကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
===================================
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောရရင် မြန်မာနိုင်ငံမှာ သုံးခုရှိ တာပေါ့။ ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊အခု ၂ဝဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ဥပဒေပေါ့။ ၄၇ ခုနှစ် ဥပဒေတုန်းကအချိန်အားဖြင့် လုပြီးတော့ရေးရတယ်။ လွတ်လပ် ရေးလိုချင်တဲ့အတွက် နိုင်ငံတော် မှာအချိန်မီ ဗိုလ်ချုပ်ဆောင်ရွက် သွားတယ်။ ၁၉၄၇ ခုနှစ် ဥပဒေ မှာ အခက်အခဲတွေအများကြီးပဲ။ ဒါကြောင့် ကန့်သတ်ချက်တွေ တော့ရှိတယ်။ အခန်းပေါင်း ၁၄ ခန်းနဲ့ရေးတယ်။ အချိန်လုရေးရ တယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာ သိမ်းတော့ ၁၉၄၇ ခုနှစ် ဥပဒေ လဲ ပျောက်သွားတာပဲ။ ဒါပေမယ့် သူ့မှာ ကောင်းတဲ့အနှစ်သာရတွေ အများကြီးတွေ့ရတယ်။ ၁၉၇၄ ခုနှစ် ဥပဒေကျတော့ အခန်းပေါင်း ၁၆ခန်းနဲ့ရေးတယ်။ တစ်ပါတီစနစ်။ အချိန်ရတယ်။ သေချာပြင်ဆင်ပြီး ရေးသွားတယ်။ လမ်းစဉ်ပါတီ စနစ်ကို အခြေခံပြီးရေးတယ်။ သူ့မှာအချက်အလက်တွေ တော် တော်လေးပြည့်စုံတယ်။ သူသည် လည်း အုပ်ချုပ်တဲ့အခြေခံအားနည်း ချက်ကြောင့် ၁၉၈၈ မှာရှုံးခဲ့တယ်။ အခုပြောနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ။သူက မြန်မာနိုင်ငံရဲ့ တတိယပေါ် လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်။ သူ့ကို လူတွေသိနေ တာက ၂ဝဝ၈ လို့သိတယ်။ အမှန် မှာ ၂ဝဝ၈ မဟုတ်ဘူး။ သူက ၁၉၉၃ခုနှစ်က အမျိုးသားညီလာခံ ကို အခြေတည်ခဲ့တာပေါ့။ ဒီထက် ပြောရရင် အရင်တပ်မတော်အစိုးရ လက်ထက်က မလုပ်ခင် နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက တွေး ခေါ်မှုတွေပါတယ်။ အခုက ၂ဝဝ၈ လို့သိရင် ငါးနှစ်လောက်ရှိတယ်။ ၉၃ ခုနှစ်ကနဲ့ တွက်မယ်ဆိုရင် နှစ်ပေါင်း ၂ဝ ကျော်လာပြီ။ သူက ပြည့်စုံတယ်။ တကယ်တော့ ဖက်ဒရယ်မူလဲပါတယ်။ ဒီနေ့ လူ တွေ တော်တော်များများပြောနေ တာတွေ သူ့ဆီမှာ ပါပါတယ်။ ပါသော်ငြားလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ လွှတ်တော်ထဲမှာ တင်သွင်းတာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။ ဥပဒေအရ ပြောရ ရင် ပြင်ဆင်ရခြင်းမှာ အကြောင်း တရားနှစ်ချက်ရှိတယ်။နံပါတ်တစ် က ခုနကပြောတဲ့ အစိတ်သား ထည့်ထားလို့။ ဒါပေမယ့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေရေးဆွဲပေးတဲ့ အစိုးရကို ကျေးဇူးတင်ရမယ်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာ ရှိတယ်။ တပ်မတော်ကို စစ်အစိုးရလို့ပြော တယ်။ အာဏာရှင်လို့လဲပြော တယ်။ သို့သော် ဘယ်နိုင်ငံက တပ်မတော်အစိုးရမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ အခြေခံချပေးတာ တွေ၊ လွှတ်တော်ကြီးတွေတည် ဆောက်ပေးတာတွေ၊ ဖွဲ့စည်းပုံတွေ ရေးပေးခဲ့တာတွေမရှိဘူး။ သေချာ ပြန်စဉ်းစားကြည့်ရင် အရင်အစိုးရ က စေတနာမှန်နဲ့ အခြေခံဥပဒေ ရေးဆွဲပေးခဲ့တယ်။ သူတို့မရောက် ဖူးတဲ့ ဒီမိုကရေစီနိုင်ငံကို အိပ်မက်လို အကောင်အထည်ဖော် ပြီးရေးခဲ့တာ။ တကယ် ပြည်သူ ပြည်သားတွေ ဖြတ်သန်းတဲ့အခါ မှာ သူတို့မျှော်မှန်းခဲ့တာတွေနဲ့ ထပ်တူမကျတာတွေရှိတယ်။ ဒါ တွေကိုပြင်ရမယ်။ သူတို့ကိုယ်တိုင် မသွားခဲ့ရပေမယ့် ပြည်သူပြည် သားတွေကိုသွားစေချင်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးခဲ့ တာ။ အခုဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖို့အတွက် လူသန်းနဲ့ ချီပြီးလက်မှတ်ထိုးမယ်။ ၄၃၆ မပြောနဲ့ ဒီမိုကရေစီကို ချိုသလား၊ ချဉ်သလား၊ စပ်သလားမြည်းနေ တဲ့ကာလမှာ မသိသေးဘူး။ ဒါကို ပုံဖော်တဲ့အခါမှာ အကောင်းဆုံးဖြစ် ဖို့လိုတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရှိတယ်။ အခု ဒီမို ကရေစီကို ကျင့်သုံးတဲ့နိုင်ငံက နိုင်ငံပေါင်း ၁၂ဝ ရှိတယ်။ မြန်မာ နိုင်ငံအပါအဝင်ပေါ့။ ရာခိုင်နှုန်း အားဖြင့် ၆၃ ရာခိုင်နှုန်းရှိတယ်။ ကြည့်လိုက်ရင် ရာခိုင်နှုန်း ၅ဝ ကျော်အထက် ကျင့်သုံးနေတယ်ဆို တာ ဒီမိုကရေစီက ကောင်းတယ် လို့ ပြောလို့ရတယ်။ ကောင်းလို့လဲ ပါတီရော၊ နိုင်ငံတော်ကရော ဒီကို သွားဖို့ ချီတက်နေတာပဲ။ သို့သော် အရင်တုန်းက ဒီမိုကရေစီ သိပ် ကောင်းပါတယ်လို့ပြောပြီး နောက် ပြန်လှည့်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ ရှစ်နိုင်ငံရှိတယ်။ ဘာကြောင့်ဖြစ် သလဲဆိုတော့ ဒီမိုကရေစီရိုက်ချိုး ခံရတဲ့အတွက်ကြောင့် နောက်ပြန် လှည့်ဖို့ကြိုးစားတဲ့ နိုင်ငံ။ ဒီမို ကရေစီရဲ့ အခြေခံအကျဆုံးက ပြည်သူဖြစ်တယ်။ ဒီမိုကရေစီရဲ့ အသက်ဝိညာဉ်က လွှတ်တော်ဖြစ် တယ်။ နောက် ဒီမိုကရေစီရဲ့ အခြေခံကဥပဒေဖြစ်တယ်။ ဒီမို ကရေစီရဲ့ ဝင်ငွေကအခွန်ဖြစ် တယ်။ ဒါတွေကိုအခြေခံပြီးသွား တဲ့ဒီမိုကရေစီမှာ ဥပဒေပြင်ရေးကို လွှတ်တော်ကလုပ်ပေးမှာပေါ့။ ဒါကို အဲ့ဒီလမ်းကြောင်းတိုင်း မသွားဘဲ သွေဖယ်သွားရင် ဒီမို ကရေစီမှာ အခက်အခဲတွေဖြစ် လာတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ ရေတိုစီမံကိန်း၊ ရေရှည် စီမံကိန်းတွေရှိတယ်။ ဒီမိုကရေစီ မှာ ထူးခြားတာက ပြည်သူလူထု အသံကိုနားထောင်ရင်းနဲ့ အစိုးရက ပြည်သူရဲ့လိုအပ်ချက်တွေ လိုက် လုပ်ရတယ်။ လုပ်ရင်း လုပ်ရင်းနဲ့ ရေတိုစီမံကိန်းတွေမှာ တစ်နည်း အားဖြင့် အစိုးရမှာ ဘတ်ဂျက်လို ငွေပြလာတယ်။ ဒီနေ့ သမ္မတကြီး ရဲ့ အစိုးရအဖွဲ့မှာလဲ ဘတ်ဂျက် လိုငွေ တော်တော်များလာတယ်။ ဒါဘာကြောင့်လဲဆိုတော့ ဒီမို ကရေစီမှာ တစ်ခုခုမှားနေတယ်လို့ ထင်တယ်။ အခုဒေါ်စုက တပ် မတော်ကို စိန်ခေါ်တယ်ဆိုတာက မလုပ်သင့်ဘူးလို့ထင်တယ်။ မြန်မာ နိုင်ငံရဲ့အနေအထားက သိပ်ကြီး မားတဲ့ အိန္ဒိယတို့၊ တရုတ်တို့ ကြားထဲမှာ။ သိပ်ဂရုစိုက်ရတယ်။နိုင်ငံရေးပါတီတွေက မိမိတို့ စိတ်ခံစားချက် ဦးစားပေးလို့ မရဘူး။ စိတ်ဆန္ဒ ဦးစားပေးချင် တယ်။ အတ္တတွေများလာရင် ဒီမို ကရေစီ ဖော်ဆောင်တဲ့အခါမှာ အခက်အခဲ ဖြစ်သွားနိုင်တယ်။ ဒါကိုအထူးဂရုစိုက်ရမယ်။ ၄၃၆ အခန်းမှာ (က)၊(ခ) ရှိတယ်။
၄၃၆ (က) မှာ ပုဒ်မပေါင်း ၄၅၇ ခုမှာ ၂၉၆ ခုကို ပြင်မယ်ဆိုရင် ၇၅ အပေါင်းတစ်၊ ၄၃၆(ခ) ကျ တော့ ပြင်လို့ရတယ်။ တပ်မတော် က တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ သူရဲ့မူလတာဝန်ပဲ။ ရိုးရိုးလေးပြော ရင် သူ့အနေနဲ့ နိုင်ငံရေးပါတီတွေ ကိုဝိုင်းဝန်းကူညီရင်းနဲ့စောင့်ကြည့် ရတယ်။ လက်နက်ကိုင် အဖွဲ့တွေ ကိုလဲ စောင့်ကြည့်ရတယ်။ ကမ္ဘာ မှာ နိုင်ငံရေးပါတီတွေကလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး အာဏာ သိမ်းတာတွေ ဖြစ်လေ့ဖြစ်ထရှိခဲ့ ဖူးတယ်။ ဒါကြောင့် တပ်မတော် သည် အချုပ်အခြာအာဏာကို ထိန်းသိမ်းတာပေါ့။ အလားတူ သူမရှိရင် နိုင်ငံရေးပါတီတစ်ခုခုက နိုင်ငံတော်အာဏာကိုသိမ်းဖို့ ကြိုး စားလာရင်ဘယ်လိုကာကွယ်မလဲ။ အဲ့ဒီပါတီက အခြားတိုင်းပြည်က အထောက်အကူယူပြီး အာဏာ သိမ်းရင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို ထိန်းကျောင်းဖို့အတွက် တပ်မတော်အင်အားရှိဖို့လိုတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါ တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီမိုက ရေစီဖော်ဆောင်တုန်းကလဲ ဒီလိုပါ တယ်။ ၂ဝဝ၄ ခုနှစ်မှာ ပြည်သူလူ ထုက ဒီမိုကရေစီစံနှုန်းတွေမြင့်လာ တဲ့အခါမှာ တပ်မတော်ဘက်က စိတ်ချသွားပြီ။ နိုင်ငံရေးပါတီတွေ သည် နိုင်ငံတော်ကိုဘယ်တော့မှ မကောင်းတာမလုပ်ဘူးဆိုတဲ့ ယုံ ကြည်ချက် ရှိသွားတဲ့အခါမှာ တဖြည်းဖြည်းဆုတ်သွားတယ်။၂၅ ခိုင်နှုန်းပါလို့လဲ စိုးရိမ်စရာမရှိပါ ဘူး။ ကာကွယ်ရေးဦးစီးချုပ်ကလဲ ကတိပေးထားတာဘဲ။ သေချာပါ တယ်၊ တစ်ချိန်ထွက်သွားမှာပါ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးရှိရာက ခုတစ်ဦးပဲရှိတော့ တယ်။ တစ်နည်းအားဖြင့် ၅ဝ ရာခိုင်နှုန်းမရှိတော့ဘူးလို့ ပြောလို့ ရတယ်။ တပ်မတော်မြန်မြန်ထွက် ချင်ရင် ပြည်သူလူထုကို နည်းလမ်း တကျနဲ့ စံနှုန်းမြင့်မြင့်မားမားဖြစ် လာအောင် ပါတီတွေကလေ့ကျင့် ပြုပြင်ပေးရမယ်။ ပြည်သူလူထု ဒီမိုကရေစီစံနှုန်းမြင့်လာပြီဆိုရင် ပါတီတွေကို တပ်မတော်က စိတ်ချ ပြီး လွှတ်တော်ထဲက ဆင်းသွားမှာ ပဲ။ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရင်ဖွဲ့စည်း ပေးထားတဲ့ ၁ဝ၉ ဦးကော်မတီကို အကြံပြုထားတဲ့ ပြည်သူလူထုရဲ့ အသံတွေအချက် အလက်တွေကို ပုံဖော်ပေးခြင်းက နံပါတ်တစ်ဖြစ် ပါတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလုံးရဲ့ ဆန္ဒတွေကို ဖော် ဆောင်ပေးတယ်။ နိုင်ငံသူ နိုင်ငံ သားတွေ အကျိုးဖြစ်ထွန်းဖို့ လွှတ် တော်ထဲကနေ ဖော်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ဒီကော်မတီက ပြည် ထောင်စုလွှတ်တော်ရဲ့ ကော်
မတီ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ကော် မတီဆိုတာ သန်း ၆ဝ သောပြည် သူတွေကို ကိုယ်စားပြုလုပ်နေတဲ့ ကော်မတီ၊ ပါတီတစ်ခုအတွက် လုပ်နေတဲ့ကော်မတီမဟုတ်ဘူး။အခုဆိုရင် ဘာမဆိုင်ညာမဆိုင်နဲ့ ပြည်သူလူထုက စိုးရိမ်နေကြပြီ။ ထုံးစံအတိုင်းပေါ့။ ဆီတွေဝယ်၊ ဆန်တွေဝယ်ဖြစ်လာကြပြီ။ကုန် ဈေးနှုန်းက တက်ဦးမယ်။ပြည်သူ တွေမှာ အေးအေးချမ်းချမ်း မရှိရရှာ ဘူး။ လွှတ်တော်ထဲမှာပဲ ဥပဒေနဲ့ အညီလုပ်ကြတာအကောင်းဆုံးပဲ။
ဦးခင်မောင်ဆွေ
(ဥက္ကဋ္ဌအမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
========================
အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ် တော်ထဲက ပြင်မှရမယ်ဆိုတဲ့ သဘောနဲ့ ပါတီထောင်ပြီး ရွေး ကောက်ပွဲဝင်ခဲ့တာ။ လွှတ်တော် ထဲဝင်ပြီး ပြောတယ်ဆိုတာက ဥပဒေပြင်တဲ့တိုက်ပွဲအမြင့်ဆုံးပေါ့ ဗျာ။ ပြီးတော့ အထိအခိုက်အရှ အနာနည်းတာပေါ့ဗျာ။ နှစ်ပေါင်း ၂ဝ လောက် ဒုက္ခခံပြီး ရလာတာ ကိုပျက်ယွင်းသွားမှာတော့ ပြည်သူ အားလုံးလိုလားမှာမဟုတ်ပါဘူး။ အခြေခံဥပဒေပြင်ဆင်ဖို့ပြောလို့ရ ပါတယ်။ မပြင်ဘူးလို့လဲ ဘယ်သူ မှပြောမနေပါဘူး။ ပြင်ဆင်ရေးကို သွားတဲ့နေရာမှာ ဒီလောက်ထိ လိုလား၊ မလိုလား စဉ်းစားဖို့လိုပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာအစဉ် အလာလဲရှိပါတယ်။တစ်စုံတစ်ရာ အုပ်ချုပ်မှု ယိမ်းယိုင်သွားရင် တပ်ကဝင်ပြီးထိန်းတာကိုး။ ဒါမျိုး ပြန်ပြီး ကျွန်တော်တို့ မဖြစ်ချင်ဘူး။ ရည်မှန်းထားတဲ့ ရလဒ်တစ်ခုကိုလဲ အဆုံးအရှုံးမခံစေချင်ဘူး။ လတ် တလော ထိုင်းနိုင်ငံမှာကို နမူနာ ကြည့်ရင်လဲ ဒီလိုကိစ္စမျိုး မဖြစ်စေ ချင်ဘူး။ အခြေခံဥပဒေကိုပြင် ဆင်ရေးပဲပြောပြီး မှန်မှန်ကန်ကန် သွားနိုင်ရင်ဖြင့် အားလုံးအဆင် ပြေသွားလိမ့်မယ် ထင်ပါတယ်။ နောက် တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့လဲ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလွဲမသွေပြောရ မှာပဲ။ လက်နက်ကိုင်ရတယ်ဆိုတာ လဲ နိုင်ငံရေးအရမပြေလည်လို့၊ နိုင်ငံရေးအရပြေလည်အောင် မသွားခဲ့ကြလို့ ပြည်တွင်းစစ်ဆိုတာ ဖြစ်လာကြတာကိုး။ ပြည်တွင်း စစ်ဖြစ်လာတာကို ပျောက်အောင် အပစ်အခတ်ရပ်စဲရေးကစပြီး နိုင်ငံ ရေးဆွေးနွေးပွဲတွေသွားတဲ့နေရာ မှာ အခြေခံဥပဒေပြင်ဆင်ရေးကို တော့ တိုင်းရင်းသားလက်နက် ကိုင်တွေလဲ မဆွေးနွေးဘဲနေမှာ မဟုတ်ပါဘူး။ သူတို့ဆီကသဘော တူညီမှုတွေလဲ ရဖို့လိုပါတယ်။ တန်းတူညီမျှမှုရှိအောင် လုပ်ဖို့လို တယ်။ ကိုယ့်ကြမ္မာဖန်တီးမှု၊ ပြည် နယ်တွေရဲ့အုပ်ချုပ်မှုက ဗဟိုက အုပ်ချုပ်မှုနဲ့ တစ်ပြေးညီသွားဖို့လို တယ်။ အခြေခံဥပဒေပါအတိုင်းပဲ ဖြစ်ဖို့လိုတယ်ပေါ့ဗျာ။ နောက် ရွေးကောက်ပွဲကော်မရှင်က စာပို့တဲ့ ကိစ္စကို အခုပဲသိရတယ်။ဒါက တော့ သူ့ပါတီဆိုင်ရာက လိုက်နာ ဆင်ခြင်စဉ်းစားရမယ့် ကိစ္စပဲလေ။စကားပြောတဲ့နေရာမှာ ဘယ် လောက်ထိပြောမယ်။ဘယ်လောက် ထိမပြောဘူးဆိုတာတော့ ပါတီပိုင်း ဆိုင်ရာက စဉ်းစားသုံးသပ်ကြရ မယ်။ ကျွန်တော်တို့ကတော့ သွား ပြီးဝေဖန်လို့မရပါဘူး။ ကော်မရှင် ဆိုတာတော့ ကော်မရှင်ရဲ့လုပ်ပိုင် ခွင့်ထဲမှာရှိတာကိုကာရံပြီး မပြု လုပ်အောင်လုပ်မှာပဲလေ။ ကိုယ့် ဘက်ကလဲ စကားပြောတဲ့အခါမှာ ကော်မရှင်ကို ဝေဖန်တာတော့ အကြောင်းမဟုတ်ဘူး။ သို့သော် လည်းပဲ ကော်မရှင်ကချမှတ်ထား တဲ့ဥပဒေတွေကို ကျော်သွားတဲ့ထိ သွားမလား၊ မသွားဘူးလားဆိုတာ တစ်ပါတီချင်းစဉ်းစားရမယ့်အပိုင်း ပါပဲ။
ဦးအောင်မိုးဇော်
(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
========================
အပိုင်းနှစ်ပိုင်း မြင်ပါတယ်။ တစ်ပိုင်းက လွှတ်တော်ထဲမှာ သွား တဲ့အပိုင်း၊ နောက်တစ်ပိုင်းက တစ် နိုင်ငံလုံးအတိုင်းအတာအရ တွေ့ဆုံ ဆွေးနွေးမှုလုပ်ပြီးတော့ ဒီလို အကြောင်းအရာတွေ ဆွေးနွေးပြီး အားလုံးရဲ့သဘောတူညီမှုနဲ့ လွှတ် တော်ထဲမှာပြင်တဲ့ဟာပေါ့။ တစ် နိုင်ငံအတိုင်းတာဆိုတဲ့နေရာမှာ အစိုးရကနေ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုတွေနဲ့ အပစ် အခတ်ရပ်စဲရေးငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးနေတယ်။ အဲဒီ့ကနေ နိုင်ငံ ရေးဆွေးနွေးပွဲတွေ ဆက်မယ်လို့ သိရတယ်။ အဲဒီ့နိုင်ငံရေးဆွေး နွေးမှုတွေမှာ တိုင်းရင်းသားအင် အားစုတွေရော နိုင်ငံရေးပါတီတွေ ရော၊ အရပ်ဘက်လူ့အဖွဲ့အစည်း တွေရော ဒီအင်အားစုတွေအားလုံး ပါ ပြီးတော့ တကယ့်တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေး မယ်။ အဲဒီ့သဘောတူညီမှုတွေကို အခြေခံပြီးမှ လွှတ်တော်ထဲမှာပြင် ဆင်မယ်ဆိုရင် ဒါဟာပိုကောင်းမွန် တယ်လို့ယူဆတယ်။ ဒါဆိုတစ် နိုင်ငံလုံးအတိုင်းအတာ ဆောင် သွားမယ်လို့ ယူဆမိပါတယ်။ တစ်တိုင်းပြည်လုံးအတိုင်းအတာ အရ၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး မှုမျိုးလုပ်သင့်တယ်။ အထူးသဖြင့် ပြည်ထောင်စုညီလာခံလိုမျိုးပေါ့။ နိုင်ငံရေးအင်အားစုတွေလဲ အမြဲသုံး နေတာပေါ့။ အားလုံးပါဝင်တဲ့တွေ့ ဆုံဆွေးနွေးမှု တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ လိုအပ်ချက်ဖြစ် တယ်လို့ပြောချင်ပါတယ်။ ဖွဲ့စည်း ပုံပြင်ဆင်တဲ့ကိစ္စက နိုင်ငံရေးအင် အားစုတွေပဲ ပြောနေလို့မရဘူး။ ပြည်သူ့အသံလဲ လိုအပ်တယ်ပေါ့။ အခုအဖွဲ့ အစည်းနှစ်ခုကလုပ်နေတဲ့ ကိစ္စကိုလဲ ပြည်သူ့အသံသိရဖို့ ကြိုးစားနေတယ်လို့ပဲမြင်တယ်။ အားယူတယ်လို့မမြင်ပါဘူး။ အုပ် ချုပ်ပုံအခြေခံဥပဒေဟာ နိုင်ငံသား တိုင်းနဲ့ ပတ်သက်တယ်။ ဒီ့အတွက် နိုင်ငံသားတိုင်းက ကောင်းကောင်း မွန်မွန်နားလည်ပြီးတော့ လူ့သ ဘောထားကို ထုတ်ဖော်ပြသမယ် ဆိုရင်လဲ ကောင်းတဲ့ကိစ္စတစ်ခုပဲ လို့မြင်ပါတယ်။ အဖွဲ့အစည်း အသီးသီးမှာတော့ သူ့နည်းဗျူဟာ နဲ့သူရှိမှာပါ။ အခြေခံအားဖြင့်တော့ အခြေခံဥပဒေကို ပြင်မယ်ဆိုတာ တူနေကြတယ်။ လွှတ်တော်ထဲမှာ ပြင်မယ်လို့အသံတွေကြားရတယ်။ ၈၈ ခေါင်းဆောင်တွေကလဲပြင် မယ်ပေါ့။ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုတွေကလဲ ပြင်ဆင် သင့်တယ်လို့ပြောနေတယ်။ တစ် ပြိုင်နက်တည်းမှာ လက်ရှိအာဏာ ရပါတီကလဲ ပြင်မယ်လို့ပြောနေ တယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ ကလဲ ပြင်သင့်ပြင်ရမယ်ပေါ့။ အဲဒီ့ အတွက် အားလုံးစုစုံညှိစေချင် တယ်လို့ပြောတာပါ။
ဦးစိုင်းအိုက်ပေါင်း
(ဥက္ကဋ္ဌ-ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ)
============================
လွှတ်တော်လိုအပ်သလိုပြည်သူ လူထုရဲ့အသံ နားထောင်ဖို့လဲလို အပ်တယ်။ ပြည်မက ပြည်သူ လူထုသဘောလိုအပ်သလို ပြည် နယ်ခုနစ်ခုက တိုင်းရင်းသားတွေရဲ့ သဘောထားကလဲ ယူသင့်တယ် လို့ယူဆပါတယ်။ ပြည်သူ့သဘော ထားတစ်ခုတည်းလဲ မရဘူး။ လွှတ်တော်ပါရမယ်။ နှစ်ဖက်စလုံး ကတော့ ပါရမှာပေါ့။ ပြည်သူတွေ အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ဥပဒေတိုင်းကိုတော့ ဘယ်သိမလဲ။ လွှတ်တော်ကိုယ်စား လှယ်တွေတောင် အကုန်လုံးဖတ်မိ ချင်မှဖတ်မိမှာပါ။ စိတ်ဝင်စားသူမှ သေချာဖတ်တာကိုး။
ဦးအေးသာအောင်
(ဥက္ကဋ္ဌ-ရခိုင်အမျိုးသားပါတီ)
===============
ဖွဲ့စည်းပုံပြင်ဆင်ဖို့ကတော့ ဘယ်သူမှအငြင်းမပွားဘူး။ ဘယ် လိုပြင်မလဲပေါ့။ လွှတ်တော်ထဲက ပြင်မလား။ လွှတ်တော်ထဲက ပြင် နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ပြင်တဲ့နေရာမှာတော့ ဟိုပုဒ်မ၊ ဒီ ပုဒ်မ လိုသလောက်လေးမပြင်ဆင် ချင်ဘူး။ လွှတ်တော်တွင်းက ကော်မတီဖွဲ့ပြင်ဆင်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်သုံးပုံ နှစ်ပုံရဲ့ သဘောတူညီချက်နဲ့ ပြင် ဆင်ရမယ်လို့ဆုံးဖြတ်ချက်ရှိတယ်။ ဒါဟာ ပြင်ဖို့သေချာပြီလို့ပြော လို့မရဘူး။ ဒီကော်မတီကနေ လွှတ်တော်တွင်းတင်ရမယ်။ လွှတ် တော်မှာ ၇၅ရာခိုင်နှုန်း ဆုံးဖြတ်ရ ဦးမယ်။ ပြည်သူ့ဆန္ဒခံယူရဦး မယ်။ ဒီနေရာမှာ မဲဆန္ဒပေးပိုင် ခွင့်ရှိသူ ၅ဝ ရာခိုင်နှုန်း ကျော်ရ မယ်။ ကျွန်တော့်အထင်မှာ ကော် မတီက ဒီလိုလွှတ်တော်ထဲကို တင်ပြဖို့ဆုံးဖြတ်လိုက်တာပဲရှိသေး တယ်။ အဓိကကတော့ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့လဲ ဆက်စပ်နေပါ တယ်။NCCT နဲ့ အစိုးရတို့ လက် မှတ်ထိုးပြီးရင် ညီလာခံတစ်ခုခေါ် မယ်လို့ပြောတယ်။ ညီလာခံလုပ် လာရင် ဖွဲ့စည်းပုံမှာပါစေချင်ဖြစ် စေချင်တဲ့အချက်တွေကို ထည့် သွင်းရင်ပိုကောင်းမယ်လို့လဲထင် ပါတယ်။
The Union Daily Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်.
http://www.oppositeyes.info

0 comments