''သစ်ခွခူးပြီး သူငယ်ချင်း တွေနဲ့ ရွာပြန်လာတယ်။ ဝုန်းခနဲဆို တာကြားလိုက်တယ်။ သတိဝင် လာတော့ ငါ့ခြေတစ်ဖက် မရှိတော့ ဘူး''ဟု ဒူးခေါင်းအရင်းမှ ပြတ် သွားသည့်ခြေထောက်ကို သူစိမ်း လူများ မြင်မည်စိုးသည့်အတွက် ပုဆိုးဖြင့်မသိမသာဖုံးရင်း တိုးတိုး လေးပြောသည်။ ကချင် စကားသံ ဝဲဝဲဖြင့် ဘရန်ဆိုင်းက သူ့ဘဝ ဇာတ်ကြောင်းကို တုံးတိတိပြော သည်။ သူနေသည့်နေရာက ဝိုင်း မော်မြို့အနီးရှိ မိုင်းလားဒုက္ခသည် စခန်းတွင် ဖြစ်သည်။

နယ်မြေတစ်ခုအတွင်း လက် နက်ကိုင်ထားသည့် စစ်တပ်နှစ်ခု နီးနီးကပ်ကပ်တပ်စွဲထားသည်မှာ ငြိမ်းချမ်းသည့်အခါတွင် မထောင်း သာလှသော်လည်း တစ်ဖက်နှင့် တစ်ဖက် မကျေလည်သည့်အခါ တွင် သာမန်ပြည်သူများအတွက် အန္တရာယ်များလှသည်မှာ အထင် အရှားဖြစ်သည်။



''နှစ်ဖက်အတွင်း သတ်သတ် မှတ်မှတ် အသိအမှတ်ပြုထားတဲ့ ထိန်းချုပ်နယ်မြေဆိုတာ ကျယ် ကျယ်ပြန့်ပြန့် မရှိသေးတဲ့အတွက် နှစ်ဖက်တပ်လှုပ်ရှားမှုတွေ လုပ်တဲ့ အခါမှာ ထိတွေ့မှုများ ဖြစ်ကြရ ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုလ၁၃ရက် က မြစ်ကြီးနားမြို့ မနောကွင်း၌ ပြုလုပ်သည့်ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။ ယင်း အချက်များ မည်သို့မည်ပုံ ပြေလည် အောင် ဖြေရှင်းကြမည်နည်းဆိုသည် မှာ စောင့်ကြည့်ရဦးမည့် လုပ်ငန်း စဉ်တစ်ခုသာဖြစ်သည်။ ထို့အတူ ပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မည်မျှထိကြာမြင့်မည်လဲ...အကြိမ် ရေမည်မျှလောက် လုပ်ကြဦးမလဲ ... ငါတို့တစ်သက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်လို့ပြီးကြဦး မှာလား ဆိုသည်များမှာလည်း ကချင်ပြည်နယ်တွင်းရှိ တိုင်းရင်းသားများမေးချင်နေကြသည့် မေးခွန်း များလည်းဖြစ်သည်။



သို့သော်လည်း စစ်ပွဲများ ကြောင့် အသက်ဘေး လွတ်ရာပြေး ကြရင်း သားတစ်ကွဲ၊ မယား တစ်ကွဲနှင့် မိသားစု ဖရိုဖရဲဖြစ်ကြ သူများ၊ တောင်ယာအလုပ်ကိုသာ မြတ်နိုးသော်လည်း လက်ရှိအခြေ အနေအရ မည်သည့်အလုပ်မှ မလုပ် နိုင်ဘဲ သူများထောက်ပံ့သည်ကို သာ မဝရေစာထိုင်စားရင်း မိမိ ရပ်ရွာပြန်ဖို့ မျှော်လင့်နေသည့် ဒုက္ခသည်များကတော့ အလွန် စိတ်ဝင်စားကြပါသည်။ ဟုတ်ပါ သည်။ သူတို့ အိမ်ပြန်ချင်လှပါ ပြီ။ ဘိုးဘေးစဉ်ဆက် ပေါင်းသင်း လာခဲ့သော အရင်းအချာ ဆွေမျိုး များရှိရာ လူမှုအသိုက်အဝန်းတွင် ပျော်မွေ့တတ်ကြသည့် တိုင်းရင်း သားများအဖို့ မိမိတို့နှင့် မသိကျွမ်း မရင်းနှီးသောနေရာ ဒေသအနှံ့ အပြားမှ ဒုက္ခသည်များနှင့် နီးနီး ကပ်ကပ် နေထိုင်ရသည်မှာ စိတ်ကျဉ်း ကျပ်မှုကို ခံစားနေကြရသည်။ အလျား၁ဝပေ အနံ၁၈ပေနှင့် အမြင့် ၁ဝပေသာရှိသည့် အခန်းလေးများ ဆယ်ခန်းဖွဲ့ထားပြီး မိသားစု ၁ဝ စု တိတိ စုပေါင်းနေထိုင်ရသည့် လွန်စွာကျဉ်းမြောင်းလှသည့် တဲတန်း လျားများတွင် နေထိုင်နေရသည်မှာ ခေတ္တခဏဆိုလျှင် ပြဿနာမရှိလှ သော်လည်း နှစ်ကာလ ကြာမြင့် လာသည့်အခါတွင်တော့ တို့ တစ် သက်လုံး ကျယ်ကျယ်ပြန့်ပြန့် လွတ် လွတ်လပ်လပ်နေထိုင်လာခဲ့ကြသည့် အိုးအိမ်လယ်ယာ၊ တောတောင်၊ ချောင်းမြောင်းတို့ကို အလွန်အမင်း ပြန်ချင်နေကြပြီ ဖြစ်သည်။ တိုက် ပွဲလွတ်ရာပြေးရင်း စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးများ ပြိုကွဲသွားရသည့် အချို့သူများအဖို့ စိတ်ဓာတ်ကျဆင်းလာကြပြီဖြစ်ပြီး စိတ်ကယောက်ကယက်ဖြစ်သူက ဖြစ်ကာ တချို့သော သက်ကြီးရွယ် အိုများဆိုလျှင် အိမ်လွမ်းစိတ်ဖြင့် ပင် ဘဝတစ်ပါးသို့ ကူးပြောင်း သွားကြရပြီ ဖြစ်သည်။ ထို့အတူ ပင် သားပျိုသမီးပျိုများ အနေကြာ သည့်အခါ ဖြစ်တတ်သည့် လူမှု ပြဿနာများလည်း ကင်းလွတ်ချင် ကြပြီဖြစ်သည်။



မိမိတို့ မိုင်းလားဒုက္ခသည် စခန်းတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ချီဖွယ်၊ အင်ဂျန်းယန်၊ တော့ဖုန်းယန် စသည့်မြို့နယ်များမှ မလန်းယန်၊ ကဇူး၊ နန်ဇော်ယန်၊ ဒဘတ်ယန်၊ အင်ဝမ်ကော်စသည့် တိုက်ပွဲများဖြစ်ပွားခဲ့သော တိုက်ပွဲ များ ဖြစ်ပွားရာနေရာများရှိ ကျေး ရွာများ၊ လမ်းကြောင်းမလွတ်သည့် ကျေးရွာ၂၁ရွာမှ ဒုက္ခသည် ၂ဝဝဝ ကျော် (၂ဝ၂၈ဦး) မှီခိုလျက်ရှိသည်။ ၂ဝ၁၂ခုနှစ် ဇွန်လ ၁၃ရက် မှစ၍ ဒုက္ခသည်စခန်းဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇွန်ဆိုလျှင် နှစ်နှစ်ပြည့်ပြီဖြစ်ကြောင်း၊ အနေ ကြာလာသည်နှင့်အမျှ စခန်းတွင်း လူမှုပြဿနာများလည်း ကြုံတွေ့ လာရသောကြောင့် အတတ်နိုင် ဆုံးစည်းကမ်းတင်းကျပ်ကာ ကိုင် တွယ်နေရသည်ဟု ယင်းဒုက္ခသည် စခန်းတာဝန်ခံက ပြည်ထောင်စု နေ့စဉ်သို့ ပြောသည်။



''သူတို့တွေ စိတ်ဓာတ်ကျနေ ကြပြီ''ဟု ဒုက္ခသည်များကို ညွှန် ပြရင်း ¤င်းက သုံးသပ်သည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း စသည့်နယ်မြေများတွင် ဒုက္ခသည် စခန်းများ အသီးသီးဖွင့်လှစ်ထား ပြီး ကေဘီစီ (ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်) ကြီးကြပ်သည့် ဒုက္ခသည်စခန်းများ အရေအတွက် မှာ ၇ဝကျော်ရှိသည်။ ထို့အတူပင် စစ်ဘေးလွတ်ရာဒေသများရှိ ဘုန်း ကြီးကျောင်းများတွင် ခေတ္တခဏ ဝင်ရောက်တည်းခိုရင်းနှင့် တိုက်ပွဲ များမပြီးဆုံးသေးသည့်အတွက် ဘုန်းကြီးကျောင်းများတွင် နေထိုင် ရင်း ယခုအချိန်ထိ နေရပ်မပြန်နိုင် သေးသည့် ဒုက္ခသည်များမှာလည်း ဒုနဲ့ဒေးဖြစ်သည်။

''အဲဒီတုန်းက ငါ့ဆီဒုက္ခသည် တွေ ညကြီးမင်းကြီးရောက်လာပြီး သူတို့ရွာတွေမှာ တိုက်ပွဲတွေဖြစ် နေလို့ ခေတ္တတည်းချင်ပါတယ်လို့ လာပြောတာနဲ့ ငါလဲ တည်းကွာလို့ ပြောလိုက်တယ်။ ကျောင်းက ဓမ္မာ ရုံမှာ အစပိုင်းတော့ လူသုံးလေး ဆယ် တည်းကြတာပေါ့။ နောက် တဖြည်းဖြည်းနဲ့ များလာတော့ ကျောင်းမြေကွက်လပ်မှာ နေကြ ရတယ်။ ဘုန်းကြီးတစ်ပါးတည်း မနိုင်တော့ဘူးလေ။ နောက်ပိုင်း တော့ အဖွဲ့အစည်းတွေ လာလှူကြ ရင်းနဲ့ အခုတော့ တန်းလျားလေး တွေ ထိုးနေကြပါတယ်။ ခဏဆို ပြီး လက်ခံလိုက်တာ အခု သုံးနှစ် ကျော်သွားပြီလေ။ ဘယ်တော့ ကိုယ့်ရပ်ရွာကို ပြန်နိုင်ကြမလဲဆိုတာ မသိသေးဘူး''ဟု ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးကော သလ္လက မိန့်ကြားသည်။

သာဂရသရက်တောကျောင်း တိုက်တွင် ၂ဝ၁၁ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ဒုက္ခသည်စခန်း ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် တွင် ဒုက္ခသည်ဦးရေ ငါးရာကျော် (၅၅၂)ဦး နေထိုင်လျက်ရှိပြီး အများ စုမှာ ရှမ်းဗမာတိုင်းရင်းသားများ ဖြစ်ကြသည်။ ခြေလက်အစုံအလင် ရှိသော၊ ဆွေမျိုးသားချင်းများ ရှိသော မိသားစုများပင် ဒုက္ခသည် စခန်းများတွင် ဘဝကို ခက်ခက်ခဲခဲ ရပ်တည်နေကြရသည်။ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ၏အသံကို နားစွင့်ရင်း ဘယ်အချိန်မှာ အပစ် အခတ်ရပ်စဲရေးလက်မှတ်ထိုးကြ မှာလဲ၊ ဘယ်အချိန်မှာ တိုက်ပွဲတွေ ရပ်ပြီး ငါတို့ဒေသတွေ အေးချမ်း မှာလဲဟု မေးခွန်းများ မေးကြရင်း နေရပ်ပြန်ကြမည့်အချိန်ကို မျှော် လင့်ကြီးစွာ စောင့်မျှော်နေရင်းနှင့်ပင် ဘဝအမောကို ကျော်ဖြတ်နေကြ ရသည်မှာ သုံးနှစ်တာကာလအတွင်း သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ် သည်။ သို့သော်လည်း လက်ရှိ အခြေအနေအရတော့ ဒုက္ခသည်တို့ နေရပ်ပြန်နိုင်ရန် မလွယ်ကူလှသေး။



''ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတော့ အခုလာမယ့် သြဂုတ်လမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ထိုးဖို့ တိုင်းရင်းသားတွေဘက်က ဆန္ဒရှိတယ်။ အခုတိုက်ပွဲတွေဖြစ် တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အရှိန်နှေးသွားတယ်။ လက်မှတ် ထိုးပွဲတွေ နှောင့်နှေးနေတာ ဘာ ဖြစ်လို့လဲဆိုရင် အဓိကကတော့ ယုံကြည်မှုမရှိလို့ပါပဲ။ နောက် တစ်ချက်ကတော့ လက်မှတ်ရေး ထိုးရေးအပေါ်မှာ အခြေခံယူဆ ချက်တွေကို အခုချိန်ထိ ညှိနှိုင်း နေတုန်းပဲ။ ဥပမာ တိုင်းရင်းသားတွေ ဘက်က ဖက်ဒရယ်ပြည်ထောင်စု လို့ တောင်းဆိုတယ်။ သမ္မတဘက် က ဖက်ဒရယ်စနစ်ကို အခြေခံ သောလို့ သုံးတယ်။ ဒါမျိုး အခြေ ခံအယူအဆတွေ ဝေါဟာရတွေ အပေါ်မှာ ညှိနှိုင်းနေဆဲဖြစ်လို့ အချိန်ကြာရတာပါ''ဟု ကေအိုင် အေ ဗိုလ်ချုပ်ဂွမ်မော်က မြစ်ကြီး နားမြို့တွင် ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားထားသည်။



''အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးတယ်ဆိုတာနဲ့ တိုက်ပွဲ တွေက အလိုလိုရပ်သွားမှာ မဟုတ် ပါဘူး။ အပစ်အခတ်ရပ်စဲရေး ခိုင်ခံ့ ဖို့ လုပ်ရမယ့်အချက်တွေ အများ ကြီး ကျန်သေးတယ်။ တစ်ဖက်က ပူးပေါင်းဆောင်ရွက်တာကို တစ် ဖက်က အခွင့်ကောင်းယူမလား ဆိုတဲ့ စိုးရိမ်ပူပန်မှုက အစိုးရနဲ့ ကေအိုင်အေနှစ်ဖက်စလုံးမှာ ရှိပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲတွင် ပြောကြားထားသည်။ ကချင် တိုင်းရင်သားလေး ဘရန်ဆိုင်း အတွက်တော့ တိုက်ပွဲများကိုလည်း နားမလည်ပါ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကိုလည်း စိတ်မဝင်စားရှာပါ။ သူ့ အနေဖြင့်တော့ အိမ်ကိုသာ ပြန်ချင် ပါသည်။ ရွာတွင်နေရသည့် အချိန် လေးကို သူအလွန်တမ်းတသည်။

နေရပ်ပြန်ချင်သည့် ဒုက္ခသည် များ ဘေးကင်းလုံခြုံရေးအတွက် ကေအိုင်အိုအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက်ပေးနိုင်မည်လား ဟု ပြည်ထောင်စုနေ့စဉ်မှ ဗိုလ်ချုပ် ဂွမ်မော်အား မေးမြန်းခဲ့ရာ အာမခံ ချက်ဆိုသည်မှာ မိမိတို့တစ်ဖက် တည်းပေး၍ မရကြောင်း၊ အစိုးရ နှင့် ကေအိုင်အိုနှစ်ဖက်စလုံးက ပေးမှ ဖြစ်နိုင်ကြောင်း၊ မိမိတို့အနေ ဖြင့် နေရာလေးနေရာကို စမ်းသပ် ကြည့်ရန်အတွက် အစိုးရနှင့် ညှိနှိုင်း ထားသော်လည်း ယခုအချိန်ထိ လက်တွေ့အကောင်အထည် မဖော် နိုင်သေးကြောင်း၊ သို့သော်လည်း ဒုက္ခသည်များ မိမိနေရပ်ကို အမြန် ဆုံးပြန်နိုင်ရေးအတွက် လုပ်ဆောင် သွားရန် နှစ်ဖက်စလုံးရည်ရွယ် ထားကြောင်း ¤င်းကပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခ သည်စခန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျ ခံကာ လုပ်ဆောင်ပေးလျက်ရှိသော် လည်း ဒုက္ခသည်ဦးရေများလွန်း သည့်အတွက် ထိရောက်မှုနည်းပါး ပါသည်။ ထို့အတူပင် ပြည်တွင်းရှိ အင်အားကြီးပါတီကြီးများ၊ ပြည် သူအများ အားကိုးသည့် ပုဂ္ဂိုလ် များကလည်း လတ်တလောတွင် ကချင်ပြည်နယ်အရေးထက် ပုဒ်မ ပြင်ဖို့၊ မပြင်ဖို့ကိုသာ လောဆော် နေကြသည့်အတွက် ဒေသခံတိုင်း ရင်းသားများဘက်မှ ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။ ဒေါ်အောင် ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးသြဇာ ကြီးမားသည့် ပုဂ္ဂိုလ်များဝင်ရောက် လာလျှင် အဖြေရှာရခက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ယခု ထက် ပိုမိုလျင်မြန်နိုင်မည်ဟု တိုင်း ရင်းသားများက မျှော်လင့်လျက် ရှိနေကြသည်ကိုလည်း တွေ့မြင်ရ သည်။ မိမိတို့အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်သွားရန်အစီအစဉ်ရှိကြောင်း၊ ယခုလုပ်ဆောင်နေသည့် ဃြဃွှ (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ)မှာ ညှိနှိုင်းရေး အဖွဲ့ ဖြစ်ပြီး ယင်းအဆင့်ကျော်သွားလျှင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြည်ထောင်စု နေ့စဉ်သို့ ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက် သောခေါင်းဆောင်များ ကင်မရာ မီးရောင်တဖျပ်ဖျပ်အောက်တွင် ပြုံးချိုသောမျက်နှာများဖြင့် အားရ ပါးရ လက်ဆွဲနှုတ်ဆက်ကောင်း နေကြဆဲ၊ ခေတ်အဆက်ဆက် ပြု လုပ်ခဲ့သော ဆွေးနွေးပွဲများတွင် နှစ်ဖက်စုံညီ လက်မှတ်ရေးထိုးထား သော်လည်း နှစ်ဖက်လုံးကအကောင် အထည်မဖော်ဖြစ်သေးသည့် သဘော တူညီချက်များ၊ အယူအဆများ အပြန်အလှန်အငြင်းပွားကောင်း နေကြဆဲ၊ အောက်ခြေစစ်သားများ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် တိုက်ခိုက်နေကြဆဲ အချိန်တွင် တော့ သစ်ခွခူးအပြန် လူငယ်ဘဝ တွင် ခြေတစ်ဖက်ပြတ်သွားရှာသည့် ကချင်တိုင်းရင်းသားလေး ဘရန် ဆိုင်း မဲ့ပြုံးပြုံးနေပါသည်။ ချိုင်း ထောက်လေးထော့နင်း ထော့နင်း ဖြင့် ကယ်ကူရာမဲ့ဘဝတွင် တစ်ဦး တည်းလျှောက်လှမ်းနေရင်း အိမ်ပြန် ချိန်ကို ငံ့လင့်နေရင်းသာ...

http://www.oppositeyes.info
စိုးကြီး

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive