Photo: “သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လုံးဝ အသုံးမခံနိုင်ဘူးလို့ ဆရာတော် အရှင်ဝီရသူမိန့်ကြား” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ နာမည်ကို လုံးဝအသုံးမခံနိုင်ဘူးလို့ မန္တလေး မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော်အရှင်ဝီရသူက မိန့်ကြားခဲ့ပါတယ်။ သန်းခေါင်စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်ခံလိုက်မယ်ဆိုရင် သူတို့အတုကြီးဖန်တီးထားမှန်းသိပါ လျက်နဲ့ အသိအမှတ်ပြုရာရောက်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့နာမည်ကို လုံးဝအသုံးမခံနိုင်ပါဘူးလို့ မိန့်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး အမည်မရှိပါဘူးလို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်ကလည်း အတိအလင်းပြောကြားထားပါတယ်။ အလားတူပဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်မပါဘူး။ဒါကြောင့် လက်မခံနိုင်ပါဘူးလို့ ပြောကြားထားပါတယ်။ “ဆရာတော်အရှင်ဝီရသူပြောတာကို ထောက်ခံပါတယ်။ သမိုင်းအထောက်အထားအရ ရခိုင်မှာ ရိုဟင်ဂျာမရှိ ဘူးလို့ သက်သေ အထောက်အထား သာဓကတွေနဲ့ တင်ပြပြီးပြီ။ မရှိတဲ့လူမျိုးတစ်မျိုးကို သန်းခေါင်စာရင်းမှာ ထည့်သွင်းမယ်ဆိုရင် သန်းခေါင်စာရင်းဥပဒေအရ အရေးယူလို့ရပါတယ်” လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ UNFCA လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းကောက်ယူရခြင်းဖြစ်တဲ့ အတွက် အခုလိုလုပ်ကြံဖန်တီးထားတဲ့ ရိုဟင်ဂျာအမည်ကို ထည့်သွင်းကောက်ခံလိုက်ရင် Record အနေနဲ့ ဖြစ်သွားနိုင်တယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။ “UN ကိုအားနာလို့ မျက်နှာလိုက်လုပ်ရင် နောက်တစ်ချိန်မှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ရေးချင်တာရေး လို့ရတယ်ဆိုတဲ့ UN ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အနေအထားနဲ့ ကျွန်တော်တို့ ပထဝီအနေအထားနဲ့ မတူပါဘူး” လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ ရိုဟင်ဂျာလူမျိုးအမည် သန်းခေါင်စာရင်းမှာ မထည့်သွင်းဖို့ တောင်းဆိုမှုကို သတ်မှတ်ရက်အတွင်း အစိုးရက ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၂၃ ရက်ကစပြီး ရခိုင်ပြည်နယ် တစ်ခုလုံး သပိတ်စမှောက်ပြီလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လွှတ်တော် ဘင်္ဂါလီသန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေးကော်မတီမှ ဦးသန်းထွန်းကပြောပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးမှာမပါတဲ့ ရိုဟင်ဂျာလူမျိုး နာမည်မထည့်သွင်းဖို့ ဆက်တိုက်ဆိုသလို ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။ အခုလ ၁၆ ရက်က ရခိုင်ပြည်နယ် ၁၃ မြို့နယ်မှာ လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး အလားတူ မတ်လ ၂၂ ရက်ကလည်း တောင်ကုတ်မြို့နယ်လုံးကျွတ် ဆန္ဒပြခဲ့ပြီး၊ မတ်လ ၂၃ ရက်မှာ သံတွဲမြို့နယ်လုံးကျွတ်နီးပါး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဟိန်းထက်။
“သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လုံးဝ အသုံးမခံနိုင်ဘူးလို့ ဆရာတော် အရှင်ဝီရသူမိန့်ကြား”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ နာမည်ကို လုံးဝအသုံးမခံနိုင်ဘူးလို့ မန္တလေး မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော်အရှင်ဝီရသူက မိန့်ကြားခဲ့ပါတယ်။
သန်းခေါင်စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်ခံလိုက်မယ်ဆိုရင် သူတို့အတုကြီးဖန်တီးထားမှန်းသိပါ လျက်နဲ့ အသိအမှတ်ပြုရာရောက်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့နာမည်ကို လုံးဝအသုံးမခံနိုင်ပါဘူးလို့ မိန့်ကြားခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး အမည်မရှိပါဘူးလို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်ကလည်း အတိအလင်းပြောကြားထားပါတယ်။ အလားတူပဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်မပါဘူး။ဒါကြောင့် လက်မခံနိုင်ပါဘူးလို့ ပြောကြားထားပါတယ်။


“ဆရာတော်အရှင်ဝီရသူပြောတာကို ထောက်ခံပါတယ်။ သမိုင်းအထောက်အထားအရ ရခိုင်မှာ ရိုဟင်ဂျာမရှိ ဘူးလို့ သက်သေ အထောက်အထား သာဓကတွေနဲ့ တင်ပြပြီးပြီ။ မရှိတဲ့လူမျိုးတစ်မျိုးကို သန်းခေါင်စာရင်းမှာ ထည့်သွင်းမယ်ဆိုရင် သန်းခေါင်စာရင်းဥပဒေအရ အရေးယူလို့ရပါတယ်” လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။


သန်းခေါင်စာရင်းကောက်ယူရာမှာ UNFCA လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းကောက်ယူရခြင်းဖြစ်တဲ့ အတွက် အခုလိုလုပ်ကြံဖန်တီးထားတဲ့ ရိုဟင်ဂျာအမည်ကို ထည့်သွင်းကောက်ခံလိုက်ရင် Record အနေနဲ့ ဖြစ်သွားနိုင်တယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။
“UN ကိုအားနာလို့ မျက်နှာလိုက်လုပ်ရင် နောက်တစ်ချိန်မှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ရေးချင်တာရေး လို့ရတယ်ဆိုတဲ့ UN ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အနေအထားနဲ့ ကျွန်တော်တို့ ပထဝီအနေအထားနဲ့ မတူပါဘူး” လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။


ရိုဟင်ဂျာလူမျိုးအမည် သန်းခေါင်စာရင်းမှာ မထည့်သွင်းဖို့ တောင်းဆိုမှုကို သတ်မှတ်ရက်အတွင်း အစိုးရက ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၂၃ ရက်ကစပြီး ရခိုင်ပြည်နယ် တစ်ခုလုံး သပိတ်စမှောက်ပြီလို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လွှတ်တော် ဘင်္ဂါလီသန်းခေါင်စာရင်း နာမည်လိမ်တိုက်ဖျက်ရေးကော်မတီမှ ဦးသန်းထွန်းကပြောပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံး သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးမှာမပါတဲ့ ရိုဟင်ဂျာလူမျိုး နာမည်မထည့်သွင်းဖို့ ဆက်တိုက်ဆိုသလို ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။ အခုလ ၁၆ ရက်က ရခိုင်ပြည်နယ် ၁၃ မြို့နယ်မှာ လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး အလားတူ မတ်လ ၂၂ ရက်ကလည်း တောင်ကုတ်မြို့နယ်လုံးကျွတ် ဆန္ဒပြခဲ့ပြီး၊ မတ်လ ၂၃ ရက်မှာ သံတွဲမြို့နယ်လုံးကျွတ်နီးပါး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဟိန်းထက်။
 

Posted by Unknown on Friday, March 28, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive