ယင်းသို့ဖိအားပေးခြင်းနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မှ ဆရာတော်ဦးစရိယက “ရေဖြူကန်ရွာမှာ ဒေသခံတွေကို တရားသွားဟောတယ်။အဲဒီမှာ အစိုးရက ရိုဟင်ဂျာလို့ ဘင်္ဂလီတွေကို ထည့်ရေးရင် သန်းခေါင်းစာရင်းမှာ မပါဝင်ဖို့ သွားပြောတယ်။ ဦးဇင်းတို့ပြန်လာတော့ ဖုန်းလာတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောတယ်တဲ့ သန်းခေါင်စာရင်း အကောက်မခံရင် ထောင်ဒဏ်တစ်လနှင့် ငွေ ငါးသောင်းကျပ်ပေးလျှော်ရမယ်၊ လျှော်လို့ တဲ့ လူတွေ မထည့်နဲ့လို့ပြောတယ်လို့ ရွာသားတွေဖုန်းဆက်အကြောင်းကြားတယ်”ဟုမိန့်ကြားခဲ့ပါသည်။
အလားတူစွာပင် စစ်တွေမြို့၊ဓည၀တီ(ခ) ရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူခြင်းကို မကန့်ကွက်ကြရန်နှင့် ရိုးသားစွာလက်ခံရန်တို့အတွက် ရပ်ကွက်အတွင်း ပြောဆိုခဲ့ခြင်း ကြောင့် နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်းလည်းသိရသည်



0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive