ရခိုင်ပြည်နယ် အတွင်း သန်းခေါင် စာရင်း ကောက်ယူရာ တွင် ပြည်နယ် ရှိ လုံခြုံရေး အင်အား အကုန် အသုံးပြု မည် ဖြစ်ကြောင်း စစ်တွေ ခရိုင် ရဲမှူးကြီး သစ်ဆန်းက The Messenger သတင်းစာ သို့ ပြောသည်။

ရခိုင် ပြည်နယ် တွင် သန်းခေါင် စာရင်း ကောက်ယူ မှု အတွက် ကျောင်း ဆရာမ ဦးရေ ခြောက် ထောင်ခန့် အ သုံးပြု ကောက်ယူ မည် ဖြစ်ပြီး ရဲတပ်ရင်း များဖြင့် လုံခြုံ ရေး တိုးမြှင့် ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း ကောက် ယူမည့် အုပ်စု တစ်အုပ်စု အား ရဲတပ်ရင်း မှ ရဲ တပ်ဖွဲ့ ဝင် အင်အား (၂၀) ဖြင့် စောင့် ရှောက် သွား မည် ဖြစ်ကြောင်း ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့ မှ သိရသည်။ ထို့ အပြင် ဌာန ဆိုင်ရာ အရာရှိ များပါ အထောက် အ ကူ ပြု အဖွဲ့ များ အဖြစ် လိုက်ပါ မည် ဖြစ်ကြောင်း လည်းသိရသည်။

ကျွန်တော် တို့ ဒေသ မှာ ရခိုင်လူမျိုး ထက် ဘင်္ဂါလီ က ပိုများ တယ်။ သန်းခေါင်စာ ရင်းကောက် ရင် လုံခြုံရေး က ပိုလုပ် ရမယ်။ ဒီ ကရပ် မိရပ်ဖ တွေလဲ လိုက်မယ် လို့သိ ရ တယ် ဟု မောင်တောမြို့ ဒေသခံ တစ်ဦး က ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ ရှ်နယ်စပ် သန်း ခေါင် စာရင်း ကောက်ယူခြင်း ကိုလည်း ပြည်မ ကဲ့သို့ေ ကာက်ကွက် တစ်ကွက် ခြင်း လိုက်ကောက် မနေ တော့ ဘဲ ကောက်ကွက် တာဝန် ကျ သူများကို စုပေါင်းကာ အုပ်စု လိုက် လုံခြုံ ရေး တိုးမြှင့် ကောက်ခံ သွား မည် ဖြစ်ကြောင်း နယ်စပ် ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ ဖြိုးရေး ဦးစီး ဌာန မှ သတင်း ရရှိသည်။

Messenger News Journal

ဓာတ်ပုံ-AFP
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပဠိပက္ခ ဖြစ်ပွားခဲ့စဉ်က လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ


Posted by Unknown on Monday, March 24, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive