(နိရဉ္စရာ- ၂၄ မတ်လ ၂၀၁၄) / တင့်ဆွေမောင်
Rambree-protest-in-Arakan
ရမ်းဗြဲတွင်ဆန္ဒပြ ချီတက်လာစဉ်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာ နာမည် ထည့်သွင်းမည့် အစီအစဉ်ကို ရခိုင်ပြည်နယ် အတွင်း  မြို့တစ်ခုပြီးတစ်ခု ကန့်ကွက် ဆန္ဒပြနေကြရာ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့များတွင် ဆက်လက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမှန်ကို မထည့်ဘဲ ထားပါက မြန်မာနိုင်ငံတွင် ဘယ်လို လူမျိုးတွေ နေထိုင်ကြတယ်ဆိုသည့် အမှန်တရားမှာ ပေါ်ပေါက်လာနိုင်စရာ မရှိဟု သူက ဆိုသည်။
“ဘင်္ဂလီတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ အဆင်ပြေစေရန်အတွက်ဆိုပီး  ဘင်္ဂလီ လူမျိုးနာမည်ကို မထည့်ဘဲ အခြားနာမည်ကိုထည့်ရင် မြန်မာနိုင်ငံမှာ ဘယ်လူမျိုးတွေ နေထိုင်ကြတယ်ဆိုတာ အမှန်တရား ပေါ်ပေါက်လာနိုင်စရာ မရှိတာ့ဘူး။ ဒါ့ပြင် သန်းခေါင် စာရင်းကောက်ယူတဲ့အခါ ဘင်္ဂလီတွေကို တာဝန်ပေးရင် ဘယ်လိုလုပ်ပြီး လူမျိုးအမှန်ပေါ်လာမလဲ။ ဒါတွေကြောင့် ကန့်ကွက် ဆန္ဒပြရတာပါ” ဟု ဆိုသည်။
မာန်အောင်မြို့တွင် ဆန္ဒပြပွဲကို ယနေ့ နံနက် (၉) နာရီမှ စတင်ခဲ့ပြီး  (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။
အလားတူ ရမ်းဗြဲမြို့တွင်လည်း ယနေ့ ဆန္ဒပြကြရာ လူပေါင်း ၁၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ရမ်းဗြဲ ဒေသခံ ဦးထွန်းကြည်က ဆိုသည်။
”ရမ်းဗြဲမြိ့နယ် ကျောက်နီမော်ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀ )ခန့် က  ကမန်လူဦးရေဟာ ထောင်ဂဏန်းခန့်သာရှိပေမယ့် အခုအခါ ကမန်ဘင်္ဂလီတွေ အများကြီး ဖြစ်နေတယ်။ အခု သန်းခေါင်စာရင်းကောက်တဲ့ အခါမှာလည်း သေချာ စိစစ်ပြီး မကောက်ရင် ဘယ်လူမျိုးက ဘယ်လောက်ရှိလို့ ဘယ်လူမျိုးက ဘယ်လို တိုးလာသလဲဆိုတာ မသိရင် နောင်မှာ ပြဿနာ တက်နိုင်တယ်။ အခု ဒီပြသနာက ရခိုင်မှာသာမက တနိုင်ငံလုံး ရှုတ်ထွေးကုန်ပြီ။ ဒါကြောင့်  မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ငြိမ်းခြောက်နေပြီ။ ဒါကြောင့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက် ဆန္ဒြ့ပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
Posted by Unknown on Monday, March 24, 2014
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
Arakan Media Group
Popular Posts
Blog Archive