(1) သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
သမ္မတက တရားဝင်ပြောတယ်ဆိုလဲ တရားဝင်ဖြစ်အောင်လုပ်ပေါ့ အခုက သမ္မတက ပြောထားတယ်ဆိုတာက ဘယ်လိုကြီးလဲ သန်းခေါင်စာရင်းအကောက်ခံပြီးမှ သမ္မတက ငါမပြောဘူးဆိုရင် ဘယ်နှယ်လုပ်မလဲ နည်းနည်းတော့ သံသယရှိတယ်ဗျာ။
(၂) ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။
တိတ်တိတ်ကလေး ခေါ်ပြောတယ်ဆိုတာက နည်း
လမ်းသိပ်မကျဘူးဗျ ပျားရေနှင့်ဝမ်းချသလိုဖြစ်နေတယ်
(၃) ဦးဇော်အေးမောင်က ဆက်လက်၍ “သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ” ဟု ၀န်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။
နံပါတ်သုံး စကားကို မကြိုက်ဆုံးဘဲ။ ဗြောင်လိမ်ပြီး ဗြောင်စားတဲ့အကွက် ဖြစ်နေတယ်။၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်ကကောက်ထားတဲ့စာရင်းကို အခြေခံတယ်ဆိုရင် အဖြေကရှင်းနေပြီ ရခိုင်တွေ ဆန္ဒပြစရာတောင်မလိုဘူး ဘင်္ဂလီတွေကိုင်ထားတဲ့ ဝိုက်ကဒ်မှာရေးထားတာ ဘင်္ဂလီဘဲရေးထားတယ် ဒါဆို အစိုးရက ဘာကြောင့် ရိုဟင်ဂျာဆိုပြီးဖြည့်ရင် လက်ခံမယ်ပြောခဲ့လဲ စဉ်းစားစရာပါ။
အခံပြင်းဆုံးစကားကတော့ ၂၀၁၄ မှာသန်းခေါင်စာရင်းအကောက်မခံတာန
ယုံချင်တဲ့သူတွေလဲယုံကြပါ ကျနော်ကတော့ သံသယရှိတယ်ဗျာ
မယုံရတဲ့စကားတွေထဲမှာ ကြားစကားနဲ့ဝန်ကြီးစကားတွေက ထပ်ဆုံးကပြေားနေတော့
ရခိုင်ပြည်သူ ပြည်သားများ စဉ်းစားပြီးမှ ယုံကြပါလို့ ပြောပါရစေ။
Naing Yazar
0 comments