ဒီနေ့  မြို့ထဲ ရပ်ထဲရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ပါးစပ်ဖျားမှာ  ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ် ဆိုတဲ့စကားလုံးဖြစ်ပါတယ်၊ ဒီစကားလုံးက  တော်တော်လေးရေပန်း စားပြီးရပ်တိုင်းရွာတိုင်းမှာ NLD ပါတီဝင် တွေရဲ့  အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြလဲတွေ့နေပါတယ်။  ဒါတွေကိုကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထုအပေါ်မှာ စည်းရုံးရေး  အတော်လေး ရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း  ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေးစရာကောင်းတဲ့  အခြေအနေဖြစ်သွားနိုင်ပါတယ်။
ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာပါတယ်။  NLD ပါတီ အခုလို စည်းရုံးရေးကောင်းလို့ ပြည်သူတွေ ထောက်ခံမှုရလို့ ၂၀၁၅ မှာ  NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည်အတွက် အကောင်းဘူးလို့ ဆိုလိုတဲ့  အဓိပ္ပါယ်ကို ပြောတာလားလို့မေးမှာ မုချမလွဲပါဘဲ။ မှန်ပါတယ်။ကျွန်တော့်  အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီးပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD  ပါတီကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လဲ မဟုတ်ဘဲ  တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်း ကို ခေါင်းဆောင်သော Leader  များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူများပါဝင်  ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာမြန်မာပြည်ရဲ့  လှပတဲ့ ရွေရောင် အနာဂတ်နေ့ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့  ရဲရဲကြီး ယုံကြည်တဲ့ အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို  တင်ပြဆွေးနွေးလိုပါတယ်။
အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ  မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊  ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု၊ ထိုင်မှု စတာတွေနဲ့  အနာဂတ်တွေလှပအောင် ဖန်တီးပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။  ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီးတော်တဲ့  မိဘဖြစ်ဖို့ပါလို အပ်လာပါပြီ။ ဒီလိုပါပဲ မြန်မာပြည်သူတွေအနေနဲ့  ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေဟာ  ပြည်သူတွေရဲ့မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့  Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့  Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာကောင်းရုံနဲ့တင် မရပါဘူး။  မလုံလောက်ပါဘူး Not enough with good ။ထက်မြတ်တဲ့ သူတွေ  တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီး ပါတယ်။ 
သူတာဝန်ယူရတဲ့နယ်ပယ်မှာ  specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း  နိုင်တဲ့ ခေတ်မီ တိုးတက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။
NLDပါတီကို ပြည်သူတွေဘာကြောင့် ထောက်ခံနေတာလဲဆိုတာလဲ အကြောင်းအရင်းတွေရှိပါတယ်။အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစု
ကြည်ကြောင့်ဖြစ်ပါတယ်။  ဒေါ်စုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးဖြစ်နေတဲ့အချက်ဟာ အဓိကအကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်စုကြည်ဟာ  တော်တဲ့၊ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာမှန်ပါလိမ့်မယ်။  ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်စုကြည်ခေါင်းဆောင်မှ  ပြောင်းလဲတိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွားပါလိမ့်မယ်။ ဒီနေ့  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒေါ်စုကြည်ကဲ့သို့တော်တဲ့သူတွေ၊  သူ့ထက်တော်တဲ့ သူတွေအများကြီးရှိ နေပါတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းရုံနဲ့  ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။  လူတစ်ဦးတစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ်ခုကို  တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ  မဟုတ်ပါဘူး။ စိတ်ဓာတ်ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့  ပေါင်းစုဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုက  နိုင်ငံ့ထိပ်ဆုံးခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။
NLD ထောက်ခံမှုရနေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ကျွန်တော်တို့  မြန်မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေး စနစ်ရဲ့အောက်မှာ နှစ်ပေါင်း ၂၀  ကျော်ကာလလောက် နေခဲ့ရတဲ့အတွက် စနစ်အပြောင်းအလဲ တစ်ခုကို  အင်မတန်လိုချင်နေတဲ့အချက်ပဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက်အုပ်စု များရဲ့ ဒဏ်ခတ်စီးပွားရေးပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မားတိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီးနောက်ကျကျန်ခဲ့ရတဲ့အတွက်  ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလိုနေရင်း  အုပ်ချုပ်သူလူတန်းစားကို မုန်းတီးမှုတွေကြီးထွားလာခဲ့ပြီး ဒီလုတွေ၊  ဒီပါတီဆိုရင်တော့ ကောင်းတာလုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ်  ဘာဖြစ်ဖြစ် ထောက်ခံမယ်ဆိုတဲ့ အမုန်းတရားစိတ်ဓာတ်တွေဝင်နေတဲ့  အချက်ပဲဖြစ်ပါတယ်။ 
ဒီနေရာမှာတစ်ခုဖြည့်စွက် ပြောချင်တာကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသားလူမျိုးစုအများဆုံးနဲ့  သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံးနိုင်ငံဟာ  မြန်မာနိုင်ငံဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ  အဲဒီတိုင်းပြည် ငြိမ်းချမ်းမှုရှိလားမရှိဘူးလားဆိုတဲ့  အချက်က အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တိုင်းပြည်မှာ  ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ကြိုက်တဲ့အစိုးရတက် အဲဒီတိုင်းပြည်ဟာ  ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ  ဘယ်နိုင်ငံနဲ့မှမတူတဲ့သမိုင်းကြောင်းနောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိကအချက် တစ်ခုဖြစ်နေပါတယ်။
နောက်ထပ်အကြောင်းအရင်းကြီးတစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကိုစည်းရုံးရေးလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တယ်ဆိုတာရယ်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ မိန့်ခွန်း စတာတွေကို အသုံးပြုပြီး  စည်းရုံးတဲ့အပြင် အစိုးရရဲ့လုပ်ကိုင်ဆောင် ရွက်သမျှကိစ္စအားလုံးကို Anti  လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ်ပြောဆိုတဲ့အလုပ်ကို  လက်ကိုင်တုတ်သဖွယ်အသုံးပြုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုရေးသာရတာဟာ NLD  ကိုပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့  စည်းရုံးရေးအစည်းအဝေးတွေမှာ သွားနားထောင်ကြည့်လိုက်ရင်ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံ
လူဦးရေရဲ့  ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူများဖြစ်ပါတယ်။ အတွေးအခေါ်  အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ  လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ဟာကွက်ပျော့ ကွက်တွေကိုသာ ထောက်ရှုပြီး  စည်းရုံးပြောဆိုရင် အဲဒီလူတွေကို ကြိုက်ကြပါတယ်။ ထောက်ခံကြတယ်။ ဒါဟာ  လူ့သဘော သဘာဝလဲဖြစ် တဲ့အတွက် အပြစ်တော့မဟုတ်ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD  ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေးလုပ်တဲ့အစည်းဝေးတစ်ခု  မှာပြောလိုက်တယ်။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင်  စစ်အစိုးရလက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ်  အရောင်ပြောင်းထားတဲ့လူတွေ၊ နဂိုကလည်း ဒီလူတွေလုပ်ခဲ့လို့  တိုင်းပြည်မတိုးတက်တာ၊ အခုလဲဒီလူတွေဘဲဆိုတော့ ဘာမှထူးလာမှာ မဟုတ်ဘူး။  ကျွန်တော်တို့ပြည်သူတွေဘ၀ အရောင်ပြောင်းမှာမဟုတ်ဘူး။ )  ဒီလိုပြောလိုက်တဲ့အချိန်မှာ အောက်ကလူတွေက လက်ခုပ်တဗြောင်းဗြောင်း  တီးပြီးထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်းတာဘဲလို့  ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့  အောက်မှာအမှားအမှန်းကို သေသေချာချာကွဲကွဲပြားပြား မပိုင်းခြားဘဲ  ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့  လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% လောက်ရှိပါတယ်။ အမှန်တော့  ကျွန်တော်တို့ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့  မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့ သူတွေရဲ့ အစိုးရအပေါ်မှာ  အဆိုးမြင်ဝါဒလက်ကိုင်ထားပြီး ထိုးနှက်တိုက်ခိုက် တဲ့ အပေါစားစည်းရုံးရေး  ၀ါဒမှိုင်းတိုက် စကားလုံးတွေအောက်မှာ ဟုတ်များဟုတ်လေ မလားဆိုပြီး  ယောင်ဝါးဝါး နဲ့ ထောက်ခံနေမိကြတာဖြစ်ပါတယ်။
NLD ပါတီမှာ ဘယ်လိုအရည်အချင်းရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ  ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံးအချက်  တစ်ခုရှိနေပါသေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံးပါဝင်တဲ့ လူတွေက  အစိုးရအပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာအရည်အချင်းကအစ  နည်းပါတဲ့သူတွေ အများဆုံးပါဝင် ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင်  ကျွန်တော့်မွေးရပ်မြေရွာက NLD ပါတီဝင်တွေကိုရွာရောက်  တုန်းလေးလာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ကို  ကျွန်တော်မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။  ဘယ်လိုဝင်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲမေးကြည့်တော့ ဦးလေးလဲမသိပါဘူး  ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ  အနီရောက်အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင်ထားတာကွ လူတွေတရုံးရုံးနဲ့  NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ်ဆိုတော့  ငါလဲဒီဘက်ရွာမှာ ဥက္ကလုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲဦးလေးရ  လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါနေရတာပေါ့ကွ လူအထင်ကြီးတော့  နည်းသလားတဲ့၊ဒါဆိုဦးလေးဘာတာဝန်တွေယူထား  လဲဆိုတော့ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD  အတွက်ဆိုပြီးဈေးရောင်းတော့ အမြတ်ကလေးဘာလေးလဲရ၊  ငါလဲဟန်ပါပါနေလို့ရတာပေါ့ကွတဲ့၊ ဟုတ်ပါပြီ  ဒါဆို ဦးလေ Democracy ကိုတော့သိတယ်မဟုတ်လားဆိုလား အင်းငါတူရယ် သိတာပကွ  မင်းနှယ် Democracyကို ဒေါ်အောင်ဆန်း စုကြည်ဝယ်ထားပြီးပြီတဲ့ဟ  အရင်တုန်းကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ)  ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလိုပြောခဲ့တာပါ ဒါဟာ  လက်တွေဖြစ်ပျက်ခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD  ပါတီက တိုင်းပြည်ကို ဦးဆောင်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့  တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ  ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့သူတွေဖြစ်ဖို့ အရေးအလွန်ကြီးပါတယ်။ ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲ မှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD  ဆိုပြီး မဲပေးလိုက်တဲ့ရာလာဒ်ဟာ ကြာဖြတ်ရွေးကောက်ပွဲလေးဖြစ်ခဲ့လို့  တိုင်းပြည်အတွက် ဘာမှမသိ သာခဲ့ပေမဲ့ ၂၀၁၅ မှာသာ  ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့်  ဆိုတာသေချာမဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေထားပြီး မဲပေးကြဦးမယ်ဆိုရင်  အနာဂတ်မြန်မာနိုင်ငံကြီး ဟာကျွန်တော် တို့ပြည်သူတွေမျော် လင့်ထားတဲ့  ရွေရောင် လွှမ်းတဲ့ မြန်မာပြည်ဖြစ် လာနိုင်မှာ မဟုတ်ပါဘူးဆိုတာသုံးသပ်  တင်ပြလိုက်ရပါတယ်။
Credit <<ေအာင္မ်ိဳး(စကာၤပူ)We Love True http://myanmar-election.blogspot.com  
 
 
Posted by
Unknown
  on 
Monday, March 31, 2014
 
 
0 comments