NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အတွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ အောက်ခြေပါတီဝင်များကို လျစ်လျှူရှုထားမှု၊ ပါတီခေါင်းဆောင်ပိုင်းများမှ အာဏာရဖို့သာ လုပ်နေပြီး အောက်ခြေလိုအပ်ချက်ကို ဂရုမစိုက်မှု၊ ဗဟိုဦးစီးစနစ် လွန်ကဲမှု များကြောင့် NLD အပေါ် အယုံအကြည်မရှိတော့သဖြင့် နှုတ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။


NLD ပါတီမှ နှုတ်ထွက်လာသူ အယောက် ၂၀ တွင်းမှ ခေါင်းဆောင် ဦးညီညီမြင့်အား အောင်မြေသာစံ ဒီမိုကရေက်တစ်ပါတီ၏ ဒုဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရပြီး နောက်ထပ် လည်း မန်း NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း သည့် အောက်တိုဘာ ၂၀ ရက်နေ့မှ သတင်းအား www.myanmarexpress.net/2013/10/nld_21.html တွင် ဖတ်ရှုနိုင်ပါသည်။
 

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive