From : ..dvb



သတင်းမီဒီယာ နယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု၊ နိုင်ငံရေးအကျိုးအမြတ် ရရှိအောင်လုပ်ဆောင်တာတွေကို မြန်မာဂျာနယ်လစ် ကွန်ရက်အနေနဲ့ ဆန့်ကျင်ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက သူရိယအလင်း အပတ်စဉ် ထုတ်ဂျာနယ်ရဲ့ ရေးသားဖော်ပြမှုတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မကိုက်ညီတာကို လေ့လာတွေ့ ရှိရတဲ့အတွက် ကွန်ရက်အနေနဲ့ အောက်တိုဘာ ၃၀ ရက်နေ့က သဘောထားထုတ်ပြန် ကြေညာလိုက်တာပါ။ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုတွေ၊ အလွန်အကျွံ ရေးသားပြောဆိုမှုတွေဟာ သတင်းမီဒီယာသမားတွေ လိုက်နာဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုက်ညီခြင်း မရှိဘဲ မြန်မာ့ သတင်းမီဒီယာလောကရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုကို မခံဘဲ သတင်းမီဒီယာဥပေဒ ပေါ်ထွက်လာဖို့ ကြိုးစားနေချိန်မှာ ကျင့်ဝတ်နဲ့ မညီတဲ့ ရေးသားမှုတွေကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အယူအဆတွေ ပိုမို အားကောင်းသွားစေနိုင်တယ်လို့လည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။ သူရိယအလင်း အပတ်စဉ်ထုတ်ဂျာနယ် ကတော့ အခုထုတ်ပြန်ချက်ကို အသိအမှတ်မပြု နိုင်ဘူးလို့ ပြောဆိုသွားပါတယ်။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive