From : ..eleven


၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။

Daiwa Institute of Research ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားပြီးဖြစ်ပြီး မြန်မာစတော့အိတ်ချိန်း ဈေးကွက်အတွက် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ အများပိုင် ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းနှင့် ဘဏ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ဆိုင်ရာများကို ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

"မြန်မာနိုင်ငံမှာဆိုရင် အစိုးရပိုင် ကုမ္ပဏီတွေနဲ့ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေက အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း လာကြပါပြီ။ အဲဒီအတွက် စတော့အိတ်ချိန်း ဈေးကွက်ကို စတင်နိုင်ဖို့ ခြေလှမ်းစနိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်တွင်းက အများပိုင် ကုမ္ပဏီနဲ့ ဘဏ်လေးငါးခုလောက်ကို ချိတ်ဆက်ထားပြီးပါပြီ။ ဒီစနစ်ကို ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်မှာ စတော့အိတ်ချိန်း စနစ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေ ရင်းနှီးလာအောင်၊ ဒီကရရှိလာမယ့် အကျိုးအမြတ်တွေကို သိရှိလာအောင် ဆောင်ရွက်သွားမှာပါ။ ၂၀၁၅ နောက်ပိုင်းမှာလဲ အများပိုင် ကုမ္ပဏီတွေ အများကြီး ထပ်ပေါ်လာနိုင်တဲ့အတွက် ဒီဈေးကွက်က ကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်" ဟု Mr.Masahiro Ushiyama က ဆက်လက်ပြောကြားသည်။

Daiwa Institute of Research ကုမ္ပဏီ၏ ရုံးချုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဖွင့်လှစ်ထားပြီး နယူးယောက်၊ လန်ဒန်နှင့်ရှန်ဟိုင်း အပါအ၀င် ယခုအခါ ရန်ကုန်မြို့၌ပင် ရုံးခန်းလာရောက် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် အခြားအာရှ နိုင်ငံများ၏ စတော့အိတ်ချိန်းဈေးကွက် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက် နေမှုများတွင် ပါဝင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာပါက စတော့အိတ်ချိန်း ဈေးကွက်အတွက် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ထားသူ မည်သူမဆို စတော့အရောင်းအ၀ယ် ဈေးကွက်တွင် ၀င်ရောက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

Stock Exchange ဈေးကွက်အကြောင်း ရှင်းပြနေစဉ် (ဓာတ်ပုံ-ချမ်းမြေ့သူ)

Photo: )
.. www.MyanmarExpress.net

Posted by Unknown on Tuesday, November 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive