From : ..the voice



မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ရှေးဟောင်း နယ်မြေများအတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သူများကို အရေးယူသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းကန့် သတ်ဇုန်များအတွင်း အဆောက်အအုံ ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်ပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများရှိရာ နေရာ (Monument Zone) နှင့် ရှေးဟောင်းနယ်မြေ (Ancient Site Zone) များကို သတ်မှတ်ထားပြီး ဇုန်နှစ်ခုလုံးနှင့် ပေ ၉၀ အကွာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် မရှိကြောင်း မြောက်ဦးမြို့နယ်မှ ရှေးဟောင်း သုတေသန ပညာရှင် ဦးကျော်ထွန်းအောင်က ပြောကြားသည်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေအဖွဲ့ (Global Heritage Fund) က အာရှတိုက်တွင် ပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာအဖြစ် ထုတ်ပြန်ထားသော မြောက်ဦးမြို့ရှိ ရှစ်သောင်း ပုထိုးတော်ကြီး အနီးတွင် သြဂုတ်လဆန်းက နေအိမ်အလုံး ၂၀ခန့် ဆောက်လုပ်ခဲ့ခြင်းကို ဒေသခံများနှင့် သက်ဆိုင်ရာက ပူးပေါင်း ကြိုးပမ်း တားမြစ်နိုင်ခဲ့၍ ရပ်ဆိုင်းခဲ့ကြောင်း မြောက်ဦး နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဂံ၊ သရေခေတ္တရာ၊ မြောက်ဦး ကန့်သတ်ဇုန်များအတွင်း ခြံများတိုးချဲ့ ကာရံခြင်း၊ အဆောက်အအုံများ တိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် အုတ်ဖုတ်ခြင်းများ ဆောင်ရွက်နေခြင်းကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးလျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေနှင့် ပတ်သက်သော နည်းဥပဒေများကို ၂၀၁၁ ခုနှစ်က ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

Photo: သေည်။

.. www.MyanmarExpress.net

Posted by Unknown on Tuesday, November 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive