ပြန်ကြားရေးဒုဝန်ကြီးတာဝန်ထမ်းဆောင်နေသော Facebook နာမည်ကျော် ဦးရဲထွဋ်၏ အမြှောင်မယားငယ် ထားသည့် ကိစ္စမှာ ကြာကြာဖုံးဖိထားနိုင်ခြင်းမရှိပဲ ပုပ်လျှင်ပေါ် ဟုတ်လျှင်ကျော် ဆိုသည့်အတိုင်း ပေါက်ကြားလာခဲ့ပြီဖြစ်သည်။ ဦးရဲထွဋ်တို့ မိသားစုအတွင်းရေးတွင် ပဋိပက္ခများစွာဖြစ်ပေါ်နေကြောင်း ဒုဝန်ကြီး၏ မိသားစုနှင့်နီးစပ်သူ စိန်ပွဲစား ဗိုလ်မှုးကတော်တစ်ဦးက ပြောကြားပါသည်။ နေပြည်တော်ရှိ ဦးရဲထွဋ်သွားနေကျဖြစ်သော ၀န်ကြီးမင်းများ ကျက်စားရာ ဂေါက်ကလပ်တစ်ခုမှ ၀န်ထမ်းမလေး တစ်ဦးဖြစ်သူ မြစ်ကြီးနားမြို့ နေ မမေရီနှင့် လူမှုရေးဖောက်ပြန်မှုများရှိပြီး သူမမှာ ဦးရဲထွဋ် ဂေါက်ကလပ်သို့  လာရောက်အပန်းဖြေသည့် အခေါက်တိုင်း တောက်တိုမယ်ရ လုပ်ပေးနေကြဖြစ်သည်ဟုသိရသည်။ ထို့  နောက်တွင် ဒုဝန်ကြီးက မျက်စိကျခဲ့ပြီး ဂရုတစ်စိုက်ဆင်ယင်ပေးခဲ့ကာ နှစ်ဦးသား ရင်းနှီးကျွမ်းဝင်ခဲ့ကြောင်း ဂေါက်ကလပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ သူမသည်နောက်ပိုင်းတွင် ဦးရဲထွဋ်နှင့် ကားတစ်စီးတည်း အတူတူစီးကာ Private Place များသို့ နှစ်ကိုယ်တူသွားရောက် စိတ်ဖြေကြကြောင်း ပေါက်ကြားသည့် သတင်းများအရ သိရပါသည်။ ဒေါက်တာဆိတ်ဖွားအဖြစ် နာမည်ကျော်ခဲ့သည့် ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်၏ မိသားစု အတွင်းရေးတွင်လည်း သမီးဖြစ်သူ၏ ညပျော်မှုကြောင့် စိတ်ဆင်းရဲစရာများကြုံတွေ့ နေကြပြီး ကလပ်တက်ခြင်း၊ ရေပေါ်ဆီအသိုင်းအ၀ိုင်းများဖြင့် ပါတီပွဲဆင်နွှဲခြင်း၊ ရည်စားများထည်လဲတွဲခြင်းတို့ ကြောင့် ဦးရဲထွဋ်တို့  လင်မယားမှာ တကျတ်ကျတ်ဖြစ်နေရသည်ဟုဆိုသည်။ ဦးရဲထွဋ်သည် ပြန်ကြားရေးတာဝန်ဖြင့် သမ္မတရုံးတွင် အမြဲတစေ အလုပ်ရှုပ်နေရသည့်အတွက် မိသားစုအရေးအချိန်မပေးနိုင်သည့်အတွက် ဇနီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို အမြဲတစေခံနေရကြောင်းနှင့် သမီးဖြစ်သူကို ဆုံးမခြင်းမရှိသည့်အပြင် လက်လွတ်စပယ် အလိုလိုက်မှုကြောင့် ပျက်ဆီးရခြင်းဖြစ်ကြောင်း ပြစ်တင်ခံနေရသည်။ ဗမာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးခဲ့သည့် စစ်တပ်အသိုင်းအ၀ိုင်း ဆွေကြီးမျိုးကြီး မိသားစုကို ပိုင်ဆိုင်ထားသော်လည်း ဒုဝန်ကြီးရဲထွဋ်၏ သမီးဖြစ်သူမှာ ၀မ်ပေါင်ကုမ္ပဏီ၏ မြန်မာပြည်တာဝန်ခံ ဦးအိုက်လောင်၏ သားလတ်ဖြစ်သူနှင့် တွဲခုတ်နေကြပြီး ရန်ကုန်တွင်ပြုလုပ်သည့် ပါတီပွဲတစ်ခုတွင် ရင်းနှီးခဲ့ကြောင်းနှင့် သူငယ်ချင်းများအရှေ့ တွင် ချစ်တင်းနှီးနှောခြင်းများရှိကြောင်း ဒုဝန်ကြီးမိသားစုနှင့် နီးစပ်သူ အထက်ပါ ဗိုလ်မှုးကတော် စိန်ပွဲစားအန်တီကြီးက ပြောပြပါသည်။

Read More

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရရှိသည့် ၀င်ငွေများကို တစ်ဒေါ်လာလျှင် ခြောက်ကျပ်နှုန်းဖြင့်သာတွက်၍ နှစ်ပေါင်းများစွာ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့  မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများအား တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဈေးနှုန်းဖြင့်သာ တွက်၍ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့ကြောင်း Arakan Oil Watch ၏ စစ်တမ်းအား ကိုးကား၍ နယ်သာလန်အခြေစိုက် TNI Report တွင် ထည့်သွင်း ဖော်ပြထားသည်။  မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း Unification of Exchange Rate System အား ပြောင်းလဲကျင့်သုံးခဲ့သောကြောင့် ယခင်က တရားဝင်ဈးကွက်တွင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာရှိခဲ့သော အမေရိကန်ဒေါ်လာအား ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တရားဝင်ပေါက်ဈေး အတူတူ ပြဋ္ဌာန်းနိုင်သောကြောင့် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ နှင့် ကျပ် ၉၀၀ ကြားတွင် တွက်ချက် သုံးစွဲလာခဲ့သည်။ ယင်းကာလမတိုင်ခင် အချိန်များအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေများအား ခြောက်ကျပ်ဖြင့်သာတွက်၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။  မကြာခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက်လာခဲ့ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသော ၀င်ငွေများနှင့် ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုပိုင်းမှ ရရှိသော ၀င်ငွေများကြောင့် ဖြစ်ကြောင်း ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံရှိကြောင်းနှင့် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။  "မြန်မာနိုင်ငံမှာ ၂၀၁၁ ရှေ့ပိုင်းကာလတွေမှာ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဂျီဒီပီတို့ ဘတ်ဂျက်လိုငွေတို့နဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှမထုတ်ပြန်ဘူး။ ဒီအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာမှ ဘတ်ဂျက်လိုငွေတွေ ဘာတွေကို ထုတ်ပြန်ကြေညာတာပါ" ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားသည်။  ယင်းကဲ့သို့သော အနေအထားများကြောင့် ၂၀၁၁ ရှေ့ပိုင်းကာလများတွင် ငွေလဲနှုန်း နှစ်မျိုးဖြစ်နေသည့်အတွက် ယင်းအနေအထားတစ်ရပ်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှုများအား လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။  နယ်သာလန်အခြေစိုက် TNI ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချသော ၀င်ငွေသည် မြန်မာ့ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိအခြေအနေတွင်မူ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုရှိနေပြီး ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီအနေဖြင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ကိုရီးယားအခြေစိုက် ဒေ၀ူးကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီမှ မုတ္တမကမ်းလွန်ရှိ ဇောတိစီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြှပ်နှံနေပြီး Petronas ကုမ္ပဏီမှာ မလေးရှား အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။    (ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များအား တင်ပို့ရန် ပိုက်လိုင်းသွယ်တန်းနေစဉ်)
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများအား တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဈေးနှုန်းဖြင့်သာ တွက်၍ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့ကြောင်း Arakan Oil Watch ၏ စစ်တမ်းအား ကိုးကား၍ နယ်သာလန်အခြေစိုက် TNI Report တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း Unification of Exchange Rate System အား ပြောင်းလဲကျင့်သုံးခဲ့သောကြောင့် ယခင်က တရားဝင်ဈးကွက်တွင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာရှိခဲ့သော အမေရိကန်ဒေါ်လာအား ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တရားဝင်ပေါက်ဈေး အတူတူ ပြဋ္ဌာန်းနိုင်သောကြောင့် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ နှင့် ကျပ် ၉၀၀ ကြားတွင် တွက်ချက် သုံးစွဲလာခဲ့သည်။ ယင်းကာလမတိုင်ခင် အချိန်များအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေများအား ခြောက်ကျပ်ဖြင့်သာတွက်၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

မကြာခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက်လာခဲ့ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသော ၀င်ငွေများနှင့် ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုပိုင်းမှ ရရှိသော ၀င်ငွေများကြောင့် ဖြစ်ကြောင်း ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံရှိကြောင်းနှင့် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ၂၀၁၁ ရှေ့ပိုင်းကာလတွေမှာ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဂျီဒီပီတို့ ဘတ်ဂျက်လိုငွေတို့နဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှမထုတ်ပြန်ဘူး။ ဒီအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာမှ ဘတ်ဂျက်လိုငွေတွေ ဘာတွေကို ထုတ်ပြန်ကြေညာတာပါ" ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားသည်။

ယင်းကဲ့သို့သော အနေအထားများကြောင့် ၂၀၁၁ ရှေ့ပိုင်းကာလများတွင် ငွေလဲနှုန်း နှစ်မျိုးဖြစ်နေသည့်အတွက် ယင်းအနေအထားတစ်ရပ်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှုများအား လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

နယ်သာလန်အခြေစိုက် TNI ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချသော ၀င်ငွေသည် မြန်မာ့ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိအခြေအနေတွင်မူ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုရှိနေပြီး ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီအနေဖြင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ကိုရီးယားအခြေစိုက် ဒေ၀ူးကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီမှ မုတ္တမကမ်းလွန်ရှိ ဇောတိစီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြှပ်နှံနေပြီး Petronas ကုမ္ပဏီမှာ မလေးရှား အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

(ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များအား တင်ပို့ရန် ပိုက်လိုင်းသွယ်တန်းနေစဉ်)

Read More




စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော် မြို့နယ်၊ ဘောင်းကျကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဆိုင်ဘုတ် အား ပြည်သူလူထု မှ ခဲ့ဖြင့်ပေါက်ခဲ့သဖြင့် စုပ်ပြဲသွားခဲ့ကြောင်း ဒေသ ဆိုင်ရာ ပါတီပြန်ကြားရေး တာဝန်ရှိသူတစ်ဦးမှ အတည်ပြုပြောကြားလိုက် သည်။
ဘောင်းကျကျေးရွာ (NLD) ပါတီအလုပ်အမှုဆောင် ဦးဝင်းနိုင် ဆိုသူ၏ နေအိမ် ပါတီရုံးဆိုင်းဘုတ်အား ခဲဖြင့်ထုပေါက် ခဲ့ခြင်းဖြစ်ကြောင်း ထိုသူမှ ဆက် လက်၍ ပြောသည်။ ထိုသို့ ဖြစ်ပွားချိန်တွင် ပါတီအလုပ်အမှုဆောင် ဦးဝင်းနိုင် ဆိုသူသည် ခရီးသွားနေ ချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိပြီး မိသားစုမှာ ၎င်းနေအိမ်၌ နေထိုင်လျက်ရှိနေခဲ့သည်ဟု ထိုသူမှ ဆိုသည်။

သက်ဆိုင်ရာ ဒေသလုံခြုံရေး တာဝန်များဆောင်ရွက်လျက်ရှိသည့် နောင်ကြီးအိုင် နယ်မြေရဲစခန်းမှူး ရဲအုပ် လှငွေနှင့်အဖွဲ့မှ ထိုအရပ်သို့ ယခုလ ၉ ရက်နေ့မနက်က သွားရောက်၍ အခြေအနေများကို စစ်ဆေးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အတည် ပြုပြောကြားသည်။
အဆိုပါ ဖြစ်စဉ်သည် ယခုလ ၈ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ဘောင်းကျကျေးရွာ ပြည်သူ ၁၅ ဦးခန့်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဆိုင်ဘုတ်အား ခဲခြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း မြို့နယ် စီခန့်ကော်မတီ အဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။
အဆိုပါ (NLD) ပါတီ ဆိုင်းဘုတ် ခဲပေါက်ခံသဖြင့် စုပ်ပြဲသွားသည့်အရပ်သို့ စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တိုင်းအလူပ်အမှုဆောင် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် ယခုလ ၁၀ ရက်နေ့က တာဝန်ရှိသူများလိုက်ပါလျက် သွား ရောက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလျက်ရှိကြောင်း မုံရွာပါတီရုံးမှ ကိုမှတ်ကြီးမှ ပြောကြားသဖြင့် သိရှိရသည်။
ယခင်ကလည်း မြောင်းမြ၊ နေပြည်တော် နှင့် အခြား မြို့များရှိ NLD ပါတီ ဆိုင်းဘုတ်များကို ပြည်သူလူထု မှ ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး နေပြည်တော် NLD စည်းရုံးရေးခရီးစဉ်တွင် ဆိုင်းဘုတ်သာမက လူကိုပါ ခဲဖြင့်ပေါက်ခံရသဖြင့် NLD ပါတီဝင်များ ဆေးရုံတက်ခဲ့ရဖူးသည်။
NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဟောပြောစဉ်က လူထုကို ရှေ့တန်း တင်ခဲ့သော်လည်း ယခုအခါ လူထုလိုအပ်ချက်များထက် အခြေခံဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ရေးကိုသာ တစိုက်မက်မက် လုပ်ဆောင် လျှက်ရှိသဖြင့် ပြည်သူအများမှ စိတ်တိုဒေါသ ထွက်လျှက်ရှိကြောင်း သိရသည်။
. From: Monywa Times



Read More

ရခိုင်ပြည်နယ်သည် နိုင်ငံတော်၏ အနောက်ဘက် အစွန်းပိုင်းတွင် တည်ရှိပြီး ဧရိယာ စတုရန်း မိုင်ပေါင်း ၁၄၂ဝဝ ကျယ်ဝန်းသည်။ ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ လူဦးရေ သုံးသန်းကျော် နေထိုင်လျက် ရှိသည်။
ယခင်က ရခိုင်ပြည်နယ်သည် ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီး များနှင့် ပြည်နယ်များကို ရခိုင်ရိုးမ တောင်တန်းကြီးက သဘာဝ အတားအဆီး အဖြစ် ရှိနေခြင်းကြောင့် ခရီးလမ်း ဆက်သွယ်ရေး ခက်ခဲသည်။ ဘင်္ဂလား ပင်လယ်အော် အတွင်းစီးဝင်သော မြစ်ချောင်းများ ပေါများသဖြင့် ဒေသတွင်း သွားလာရေး ခက်ခဲသည်။ ၂ဝဝဝ ပြည့်နှစ် တွင် ယခင် တပ်မတော် အစိုးရက ရန်ကုန်-စစ်တွေ မော်တော်ကား လမ်းမကြီး ဖောက်လုပ်ပေးခဲ့သည်။ ကားလမ်းမကြီးတွင် ပေ ၁ဝဝဝ အထက် တံတားကြီးပေါင်း ၁ဝ စင်းနှင့် တံတားငယ်ပေါင်း ၈ဝဝ ကျော် တည်ဆောက်ဖွင့်လှစ်ပေး ခဲ့သည်။ နိုင်ငံတော်အတွင်း တည်ဆောက် လျက်ရှိသော မီးရထား ကွန်ရက်နှင့် ချိတ်ဆက်သွားရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့အထိ မီးရထားလမ်း ၂၅၇ မိုင် ဖောက်လုပ်နေပြီဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ၌ ၂ဝ၁၂ ခုနှစ် မေ ၂၈ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို အခြေခံ၍ ပြည်နယ်အတွင်း မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရသည်။ ဇွန် ၁ဝ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူ များသို့ မေတ္တာ ရပ်ခံချက်အား ကိုယ်တိုင် ပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတက ပဋိပက္ခများ ရပ်တန့်ရန် ပြောကြားရာ၌ ''ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေ နိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထား ကြစေချင်ပါတယ်''ဟူ၍ ထည့်သွင်း ပန်ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက် ရှိသည့် အခြေအနေ များတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဘောလုံးကလပ် အသင်းများနှင့် အလှူရှင်များ က ငွေကျပ်သိန်း ၄၂ဝဝ ကို ဇွန် ၁၃ ရက်တွင် လှူဒါန်းခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာအတွင်း နေထိုင်လျက် ရှိကြသော ကျေးရွာသူ၊ ကျေးရွာသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဆေးဝန်ထမ်း ၃၂ ဦးဖြင့် ဆောင်ရွက် ပေးခဲ့သည်။ အရေးပေါ် လူနာများအား တပ်မတော် ရဟတ်ယာဉ်များ ဖြင့် ပို့ဆောင်၍ ဆေးကုသပေးခဲ့သည်။
ရခိုင်ပြည်နယ် ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက် အတွက် ရန်ပုံငွေ လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၁ဝ၉ ဒသမ ၃ သန်း လိုအပ်ပြီး ယခုအချိန်အထိ လက်ရှိငွေမှာ အမေရိကန် ဒေါ်လာ ၇၉ ဒသမ ၄၉ သန်းရှိကြောင်းနှင့် ရရှိငွေများမှာ စီမံချက် ၁ဝ၉ ခု၌ သုံးစွဲ ထားကြောင်း သိရသည်။
သို့ဖြစ်၍ အဖျက်လွယ်သော်ငြား အပြုခက်ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ်များအား တိုင်းရင်းသား ပြည်သူ အပေါင်း သင်ခန်းစာ ယူကြရ မည် ဖြစ်ပေသည်။ ။


အယ်ဒီတာ့အာဘော်
 http://www.mwdmedia.net 

Read More


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ဝင်များ၏ တိုက်တွန်းမှုနှင့် ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၏ သဘောတူညီချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် SNLD တို့ ပူးပေါင်းမည် ဖြစ်ကြောင်း SNLD ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ပူးပေါင်းနိုင်ရန် SNDP ထံ ဖိတ်ခေါ် ကမ်းလှမ်းမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် လေ့လာ သုံးသပ်သွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်း နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းရန်အတွက် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောဆိုထားသည့် လူမျိုးတစ်မျိုး ပြည်နယ်တစ်ခု ဟူသည့် အခြေခံမူသည် အဓိက အတားအဆီး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း၊ နှစ်ပါတီ ပူးပေါင်းရေး ကြိုတင်သတ်မှတ်ချက် မရှိပါက ပူးပေါင်းရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
“နှစ်ပါတီပေါင်းဖို့ ပြည်သူလူထုရှေ့မှာ သုံးကြိမ် ဆွေးနွေးမယ်လို့ ဦးခွန်ထွန်းဦးက ပြောထားတယ်လို့တော့ ကြားတယ်” ဟု ၎င်းကဆိုသည်။

နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲများအတွက် ကြိုတင် ကန့်သတ်ချက် (preconditions) လုံးဝရှိမည် မဟုတ်ကြောင်း၊ ပါတီနှစ်ခု၏ အခြေခံမူများ အပေါ်၌မူ အဓိက ဆွေးနွေးရဖွယ် ရှိကြောင်း SNLD အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။
“ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဘာမှလျှို့ဝှက်မထားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး အကြိုနိုင်ငံရေး ဆွေးနွေးပွဲများကို SNLD က ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က လက်မှတ် ရေးထိုးထားမှုနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က လက်မှတ်ရေးထိုးရန် ပြောကြားထားမှုအပေါ် SNLD က ထောက်ခံကြောင်း အဆိုပါ ငွေရတု ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား နိုင်ငံရေးပါတီကြီးများ ပါတီတစ်ခုအဖြစ် ပူးပေါင်းရန် လုပ်ဆောင်လျက် ရှိကြသည်။

ရခိုင် တိုင်းရင်းသားပါတီနှစ်ခု ပူးပေါင်းရန် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသကဲ့သို့ အခြား မွန်နှင့် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ များလည်း ပါတီတစ်ခု အဖြစ်သို့ အသီးသီး ပူးပေါင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
http://myanmarnewslocal.blogspot.com/2013/11/nld_15.html 

Read More


တောင်ဥက္ကလာ ၈ ရပ်ကွက် မာဃလမ်းသွယ် အမှတ် 98/4က နေ အစ်စလမ် ဘာသာဝင် မာစွတ်မှ သမီးအရင်းဖြစ်သူ 13နှစ်သမီး စုမာလာအား မုဒိန်းကျင့် ၊၊
အမေဖြစ်သူက မုဒိန်းကျင့်ပြီးမှ ရောက်လာသဖြင့် လက်လွန်ခြေလွန်ဖြစ်ပြီးသွာတာ
ကြောင့် လင်မယားရန်ဖြစ် ၊၊၊
အိမ်နီးချင်း မူဆလင်ကုလားများ နှင့်ဗလီဆရာ များ၏ညှိနှိုင်းဖြေရှင်းချက်အရ အမေရောသမီးကိုပါ မယားအရာမြှောက်ရမည်ဟုဆုံးဖြတ်လိုက်ကြ ၊၊
သမီးရော အမေရော သဘောတူ ၊၊ဓါတ်ပုံပါမွတ်မလေးမှာ စုမာလာ ဖြစ်သည် ၊၊

လာပို့သည့်သတင်းအတိုင်းမချွင်းမချန်တင်ပေးသည် ၊၊

ဦးဖာ
FROM-SOUTH ALAR AND LEE MOHARMAD

Read More




ယနေ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဦးတစ်ယောက် တစုံတရာ ထိန်းချုပ်မှု လုံးဝမရှိပဲ နိုင်ငံရေးလောကတွင်း  လွတ်လွတ်လပ်လပ်ဖြင့် ရှိသမျှ ပညာကုန်၊ အရည်အချင်းကုန် ထုတ်သုံးကာ ကြိုးစားခဲ့မှု (၃) နှစ် တိတိပြည့်သည့်အချိန်ပင်ဖြစ်သည်။ ပြည်တွင်းထုတ်ဂျာနယ်များ၊ မြန်မာပိုင်း အသံလွှင့်ဌာနများ နှင့် ၎င်း အား ထောက်ခံသူများ၏ ရေးသားဖော်ပြ အမည်ပေးမှုများကြောင့် ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူတစ်ရပ်လုံး ချစ်တဲ့ အမေ၊ လူထုတစ်ရပ်လုံးထောက်ခံတဲ့ အမေ၊ မြန်မာ တစ်နိုင်ငံလုံးတွင် အတော်ဆုံး လူသား ဟူ၍ နာမည် မျိုးစုံပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါက ၎င်း ၏ အရည်အချင်းနှင့် လုပ်ဆောင်မှုများကြောင့် မြန်မာနိုင်ငံကြီး နေ့ချင်း၊ ညချင်း နတ်ရေကန်ထဲ ပစ်ချသလို တိုးတက် လာမည်ဖြစ်ကြောင်း ယုံကြည် ခဲ့ကြသည်။ သို့သော် ယနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် အရည်အချင်းများကို အားကုန် ညှစ်သုံးစွဲခဲ့ပေမယ့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးအပြင် အခြား ဏ္ဍ များတွင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် တိုးတက်သွားသည့်အရာ တစ်စုံတစ်ခု ထွက်ပေါ်မလာခဲ့ပေ။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းဦးဆောင်သော NLD ပါတီမှာ တိကျ ခိုင်မှာ သည့် မူဝါဒ မရှိခြင်းကြောင့် ရှေ့နောက် စကား မညီခြင်း၊ ပထမ ကြေညာချက်နှင့် ဒုတိယ ကြေညာချက် မူဝါဒ ကွဲမှားခြင်း၊ ပြောထားသည်နှင့် လုပ်ဆောင်မှု ဆန့်ကျင်နေခြင်းများမှာ (၃) နှစ် ဟူသည့် ကာလ အတွင်းမှာပင် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် တွေ့မြင်ခဲ့ရသည်။

လွန်ခဲ့သည့် (၃) နှစ် အကြာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင် ကျင်းပသော မြန်မာနိုင်ငံ၏ အနှစ် (၂၀) အတွင်း ပထမဆုံး ရွေးကောက်ပွဲအား မြန်မာလူထုမှ စိတ်ဝင်စားကာ မဲပေးဖို့ စဉ်းစားနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ "အခြေခံဥပဒေအရ မဲမပေးပဲ နေခွင့်ရှိတယ်၊ မဲပေးစရာ NLD ပါတီ မရှိရင် မပေးနဲ့ပေါ့" ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ ဦးဝင်းတင်ကလည်း ၂၀၀၈ အခြေခံဥပဒေ နွားတင်းကုတ် ဟုလည်းကောင်း၊ ရွေးကောက်ပွဲဝင် ပါတီများကို နွား ဟူ၍လည်းကောင်း ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော် (၃) နှစ်အတွင်း ချက်ချင်းပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ NLD ပါတီကို မှတ်ပုံတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဆန္ဒပြခိုင်း သည့် ဒေါ်အောင်ဆန်း စုကြည်မှလည်း ၎င်း အား မဲပေးရန် NLD ပါတီနှင့် လားလားမျှ မသက်ဆိုင်သော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအား ဖော်ပြကာ မဲဆွယ်ခဲ့သည့် မျက်နှာကို (၃) နှစ် အတွင်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့၏ အစီအစဉ် အရ NLD ပါတီကို ၎င်းတို့ ရေးစွဲထားသော လမ်းပြမြေပုံအတွင်း တနေ့ မဟုတ် တနေ့ အလိုလိုရောက်လာစေရန် စီစဉ်ခဲ့ရာ ရည်မှန်းထားသည့်အတိုင်းပင် လမ်းပြမြေပုံ ၇ ချက်အား တစ်ချက်ခြင်း ကန့်ကွက်ခဲ့သူ NLD၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား အတိုက်အခံအားလုံး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ ပြည်ပမှ နာမည်ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံမှာ အစိုးရ က မဖျက်ခိုင်းပဲ ၎င်းတို့သဘောနှင့်ပင် ခေါင်းစဉ်ပေါင်းများစွာဖြင့် အဖွဲ့အစည်းများကို ဖျက်လိုက်ရသည်။ အချို့ ပြည်ပ နာမည်ကြီး အတိုက်အခံများမှာ မြန်မာနိုင်ငံတွင် ကြာကြာနေချင်ကြ၊ ပါတီပင်ထောင်ကာ ရွေးကောက်ပွဲ ဝင်လိုကြသော်လည်း နိုင်ငံတွင်းတွင် အချိန်ကြာကြာနေခွင့် မရသဖြင့်  ပြန်သွားခဲ့ကြရသည်။ ဤဖြစ်စဉ်များ နှင့် လွှတ်တော် အတွင်း၌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်တို့ ခမ်းမတွင်းဝင်လာချိန်တစ်ခါ၊ ထွက်သွားချိန် တစ်ခါ  မတ်တတ် ရပ်ပေးနေရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ရချိန်မှာ အကြိမ်ကြိမ် ပြုံးနေမည်ဖြစ်သလို ကွယ်လွန်သူ ဦးနေဝင်း နှင့် ဦးစောမောင်တို့လည်း ရောက်ရာဘဝ မှ ပြုံးနေကြမည်ဖြစ်သည်။ လွှတ်တော် ခမ်းမတွင်းမှ ဒေါ်အောင်ဆန်း စုကြည် ထွက်သွားချိန်တွင် မီဒီယာများနှင့် ထောက်ခံသူများကြား အရှင်တပါး ဖြစ်သွားသော်လည်း လူ ၄၄၀ ရှိသော လွှတ်တော်ထဲတွင်တော့ ဥက္ကဌ အဝင်တစ်ကြိမ်၊ အထွက်တစ်ကြိမ် မက်တက်ရပ်ပေးရ၊ စကားတစ်ခွန်းပြောချင်တိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို လေးစားအပ်ပါသော ဥက္ကဌကြီး ဟု ဆိုတာ အစချီပြောဆိုရင်း သိမ်ငယ်နေရပါတယ်။ လွှတ်တော်အမတ်အားလုံး နှင့် တန်းတူပြောနိုင်ဆိုနိုင် ရှိယုံမျှသာရှိပြီး ထူးခြားပြောင်မြောက်သည့် အရည်အချင်းများ၊ ဆွေးနွေးမှုများ တစ်စုံတစ်ရာ ထွက်မလာခဲ့ပေ။

ရွေးကောက်ပွဲဝင်ကာ လွှတ်တော် အမတ်လုပ်မည့် အတူတူ ၁၉၉၃ ညောင်နှစ်ပင် အမျိုးသား ညီလာခံကတည်းက ဦးသန်းရွှေ၏ ဆန္ဒကိုလိုက်လျှောလိုက်လျှင် ယခုကဲ့သို NLD ပါတီလည်း မျိုးဆက် တစ်ခုစာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပေ။ ယခုတော့ အမျိုးသား ညီလာခံကိုကန့်ကွက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း အမှားခြစ်ခဲ့ပြီးမှ လွှတ်တော်ထဲမှာ မတ်တတ်ရပ်နေရပြန်သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးရှေ့တွေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတစ်ခု စပြောခဲ့ရာ အချိန် နာရီဝက်ခန့်ကြာသော်လည်း အနှစ်သာရ ဘာတစ်ခုမှ မပါခဲ့ပေ။ မိန့်ခွန်းတွင် သူမနေဖြင့် နေ့စဉ် BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို နားထောင်ခဲ့ကြောင်း၊ ဖုန်းကိုင်ဆောင်သူ အများအပြားတွေ့ရသဖြင့် ဆက်သွယ်ရေးဖက်တွင် များစွာ တိုးတက်လာကြောင်း၊ ပြည်သူတွေပြောသမျှ ထိုင်နားထောင်မည့်အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည့် အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်း၊ သူမ၏ နေအိမ်တွင် သူမအတွက် လုံခြုံရေးတာဝန်ယူပေးခဲ့သော တပ်မတော်သားများကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။


ထိုစဉ်က ဒေါ်အောင်ဆန်း စုကြည်၏ ပထမဆုံး မိန့်ခွန်းအား နိုင်ငံရေးအကဲခက်များမှ အထူးသတိထားမိကာ ဝေဖန်မှုများ ဆူညံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ BBV, VOA, RFA နှင့် DVB တို့ မှ အသံလွှင့်သမျှကို အချိန်ပြည့်နားထောင်သူ တစ်ဦးသည် ၎င်း အသံလွှင့် ဌာနများ၏ ရည်ရွယ်ချက်နောက်သို့ လိုက်ကာ တဖက်စွန်းရောက်ခြင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံတို့အား အထင်ကြီးခြင်း တို့ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထိုအချိန်က ရွေးကောက်ပွဲ ကျင်းပအပြီး တစ်ပတ် အကြာဖြစ်သောကြောင့် အမျိုးသားရင်ကြားစေ့ ရေး ဟူသည့် လက်နက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံရေးလောကတွင်း တွင် ဘာမျှ လုပ်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မျှော်လင့်ထား သည့် အတိုင်းပင် (၃) နှစ် တာကာလတွင်း မည်သည့် အမျိုးသားရင်ကြားစေ့ရေးကို မျှ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။



ထို့နောက့် လူထု အသံနားထောင်မည်ဟု ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် VOA, RFA မှ မေးခွန်းများဖြေကြားခြင်း အစီအစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ဆောင်ရင်း အချိန်ဖြုန်း ခဲ့သော်လည်း နောက်ပိုင်းတွင်း မေးခွန်းများ ခက်ခဲလာခြင်းကြောင့် ၎င်းအစီအစဉ်အား ရပ်နားခဲ့ရသည်။ ပြည်သူ့ အသံနားထောင်ပါမည်၊ မေးသမျှဖြေပါ့မယ် ပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်  လပိုင်းအတွင်း ရှေ့နောက်မညီမှုများကို တွေ့လာရသည်။  အထင်ရှားအမြင်သာဆုံးတစ်ခုမှ မည်သူ့ကို မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု ပြောဆိုပြီး မကြာမီတွင် ဦးမင်းဆွေ မှ တွေ့ ခွင့်တောင်းခဲ့ရာ တွေ့ခွင့် မရပေးခဲ့ပေ။


 ထိုအချိန်က ဒေါ်အောင်ဆန်း စုကြည်အား တကယ့် တန်ခိုးရှင်တစ်ဦး၊ ဒုတိယ ဘုရားသခင် တစ်ဦးအဖြစ် လူတစ်စုက ယုံကြည်နေလျှက်ပင် ရှိနေခဲ့သည်။ ၎င်းကို အထင်ကြီးမြှောက်စားသူများ၏ ကြားတွင် နေချိန်ဖြစ် သဖြင့် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ပင်လျှင် ၎င်းကိုယ်တိုင်လည်း ထိုသို့ထင်လာခဲ့သည်။  ယောင်္ကျားစည်း ၊ မိန်းမစည်း မစောင့်တော့ပဲ ယောင်္ကျားများကို ကြမ်းပြင်ထိုင်ခိုင်းခြင်း၊ ကန်တော့ခိုင်းခြင်း၊ ဘုန်းကြီးများမှ ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံကို ကန်တော့ခြင်းအား မတားမြစ်ခြင်း တို့ကို တွေ့မြင် လာရသည်။ ယခင်တုန်းကလည်း သီလရှင်လေးများကို ကြမ်းပြင် တွင်ထိုင်ခိုင်း၍ ဒေါ်အောင်ဆန်း စုကြည်မှ ကောဇောပေါ်ထိုင်ကာ စကားပြောခဲ့ဖူးသည်။







စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်၍ နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ လုပ်ဆောင်ခဲ့ကာ ဧပြီလတွင် သမ္မတရွေးချယ်ခြင်း၊ လွှတ်တော်အမတ်များ ခေါ်ယူခြင်းများ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုဝင်ဘာလ မှ ဧပြီလထိ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလတွင် နိုင်ငံတော်ကြီးအား ၅ နှစ်တာ အုပ်ချုပ်မည့် သမ္မတ၊ ဒုသမ္မတများကို ရွေးချယ်ဖို့ လွှတ်တော်အမတ်များ အလုပ်ရှုတ်နေချိန်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းအချို့ သင်္ကြန်တွင်း သာသနဘောင် ဝင်နေချိန်တွင် အသက် ၆၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ သင်္ကြန်မှာ ရေကစားကာ အချိန်ဖြုန်းခဲ့သည်။


သမ္မတလုပ်ကာ နိုင်ငံကြီးတစ်ခုလုံးကိုပင် အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်  ၂၀၁၁ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော မလေးရှား NLD-LA အား မလေးရှား လဝက မှ ဝင်ရောက်ဆီးနင်းခြင်း ကိစ္စ၊ မလေးရား NLD-LA မှ မှတ်ပုံတင်အတု လုပ်ဆောင်မှု ကိစ္စများကို ဝင်ရောက်ဖြေရှင်း တစ်စုံတရာ မရှိသလို၊ မလေးရှားရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ အတိုက်အခံများက NLD-LA ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းကိုလည်း ယခုချိန်ထိပင် မသိကျိုးကျွန်ပြုကာ နှုတ်ဆိတ်နေခဲ့သည်။

for NLD



မည်သူနှင့်မဆို တွေ့ဆုံရန် အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ပထမ အကြိမ်တွေ့ဆုံချိန်မှာပင် မျက်နှာအမူအရာ မှာ မသာမယာ သိသိသာသာ ဆိုးဆိုးရွားရွားဖြစ်နေသဖြင့် လူအများ၏ ဝေဖန်ခြင်းကို ထိုအချိန်က ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ၎င်းတို့၏ မူလ အစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပန်းလျှက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံးဝ တားမြစ်၊ ကန့်သတ်နိုင်စွမ်း မရှိခဲ့ခြေ။

   
ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းဆောင်မှုကြောင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့ မောင်နှမ နှစ်ယောက်တို့ အချင်းချင်းအပြန်အလှန် တရားစွဲဆိုခြင်းများကို လုပ်ဆောင်ခြင်းကြောင့် လူထုက စိတ်ပျက်ခဲ့ရသည်။ မိဘ အမွေဖြစ်သော အိမ်တစ်အိမ်အား ကျန်ရှိသူ မောင်နှမ နှစ်ယောက်မှ အညီအမျှ အတူ ရယူကြရမည်ဖြစ်သော်လည်း အငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ အစ်ကိုဖြစ်သူအား ခွဲမပေးလိုပဲ တစ်ဦးတည်း အပိုင်စီးလိုခြင်းကြောင့် တရားစွဲခဲ့သည်။ နေအိမ်တလုံးအတွက် အစ်ကိုအရင်းဖြစ်သူကိုပင် တရားစွဲခဲ့သော ပစ္စည်းဥစ္စာမက်မောသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု အခါ သမ္မတလုပ်မည်ဟု ပင် ကြွေးကြော်ထားပြန်သည်။

 ဒေါ်အောင်ဆန်းစုကြည် မှ အချင်းချင်းစည်းလုံးဖို့၊ ရန်မဖြစ်ဖို့၊ ညီညွတ်ဖို့၊ ရင်ကြားစေ့ဖို့ ပါးစပ်ကသာ ပြောဆိုလျှက်ရှိပြီး ၎င်း ကိုယ်တိုင်မှာ မောင်နှမအရင်း အချင်းချင်းကိုယ်ပင် မျက်နှာချင်းမဆိုင်နိုင် ပဲ တရားစွဲနေခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ ရှေ့နောက် မညီခြင်ကြောင်း၊ ပြောနှင့်လုပ်တာ တခြားဆီဖြစ်နေကြောင်း၊ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုသည့် လူစားမျိုးဖြစ်ကြောင်း သိသာထင်ရှားစေခဲ့သည်။ (အပိုင်း - ၂ ကို ဆက်လက်ဖော်ပြမည်)
 .. www.MyanmarExpress.net

Read More


၂၀၁၀ နိုဝင်ဘာ ၁၄ ရက်နေ့က ပထမဆုံး မိန့်ခွန်းကို လူအချို့အားပြောဆိုပြီးနောက် တွင် မြန်မာနိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့်နေရာမှ စတင်၍လုပ်ဆောင်မည်ကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်သာကြားဖူးပြီး အရည်အချင်းအမှန်တကယ်ရှိမရှိ သိလိုသော ကမ္ဘာ နှင့် မြန်မာ မှ နိုင်ငံရေး လေ့လာသူများက အထူးစိတ်ဝင်စားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကား များသည် ကမ္ဘာတွင် အလွန်နာမည်ကြီးလျှက်ရှိရာ စကားသာ နာမည်ကြီးပြီး လက်တွေ့လုပ်ဆောင်နိုင်မှုရှိမရှိ အား လူအများက သိလိုကြသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပထမဆုံးခြေလှမ်းအဖြစ် ဒုတိယပင်လုံ အမည်ရှိ ခေါင်းစဉ်တစ်ခုဖြင့် မြန်မာ့နိုင်ငံရေးကို ချဥ်းကပ်ခဲ့သည်။ 
နိုင်ငံရေး စလုပ်ပြီး တပတ်အတွင်းမှာပင် ၂၀၁၀ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး ဆိုင်ရာ အစည်းအဝေးတစ်ခု ကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ၎င်းအား ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ဝါရင့် နိုင်ငံရေးသမားများက ဒုတိယ ပင်လုံ ဆိုသည့် အဓိပ္ပါယ်မရှိသော အလုပ်တခုကို ဒေါ်အောင်ဆန်းစုကြည် မှ  ပထမဆုံး ခြေလှမ်းခြင်းအတွက် လွန်စွာ စိတ်ပျက်ခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဌ ဦးသုဝေ နှင့် ဦးကောင်းမြတ်ထွဋ်တို့မှာ ဒေါ်အောင်ဆန်း စုကြည်အား အလျှင်အမြန်သွားရောက်တွေ့ဆုံကာ ဒုတိယပင်လုံ ဆိုသည်မှာ အလုပ်မဖြစ်ကြောင်း၊ ဦးစားမပေးသင့်ကြောင်း နဲ့ ပါတီမှတ်ပုံတင်သင့်ကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် သမိုင်းအခြေခံနည်းသော ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ ပင်လုံညီလာခံဖြစ်ပေါ်လာပုံ နှင့် အဆင့်ဆင့်ကို ရှင်းပြခဲ့ကြောင်း သိရသည်။  ၂၀၁၃ တွင် ဦးကောင်းမြတ်ထွဋ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ၄၅ မိနစ် လက်ချာရိုက်ခဲ့သည့် အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယပင်လုံ ဟု ပြောလိုက်သည်နှင့် တပြိုင်နက် ပြည်တွင်း ပြည်ပ မီဒီယာများ နှင့် အင်တာနက် စာမျက်နှာများတွင် ဒုတိယ ပင်လုံ၏ အရေးပါပုံ များကို ချီးမွှမ်းခန်းဖွင့်ခဲ့ကြသော်လည်း ဦးသုဝေ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အမြင်မှန် ရသွားချိန်မှ စ၍ ဒုတိယ ပင်လုံ ဆိုသည့် နာမည်မှာ ယနေ့အချိန်ထိ ကွယ်ပျောက်သွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ပထမဆုံး အဖွင့်ချေလှမ်း မအောင်မြင်သဖြင့် စိတ်ဓာတ်ကျသွားခဲ့သလို စိတ်ဝင်တစား စောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစုကြည်သာ အပြောသမားတစ်ဦးသာ ဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်နိုင်သည့် အရည်အချင်းမရှိကြောင်း ဝေဖန်ခဲ့ကြသည်။ 



လူထုအသံအား နားထောင်လိုသော ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ဖေဖော်ဝါရီလတွင် ဆောင်းပါးရှင် အက်စစ် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင်များ ပြင်းပြင်းထန်ထန် ဝေဖန်မှုတစ်ခု ထွက်ပေါ်ခဲ့သည်။  "တာဝန်မယူရဲသော၊ တာဝန်ယူစိတ်မရှိသော၊ တာဝန်မကျေသော ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၁၉၉၀ ပြည့်နှစ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ" ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော စာတစ်စောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်တွင်းပြည်ပ အလုပ်လက်မဲ့များကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ထိုဆောင်းပါမှာ


"ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နာကြည်းမိတယ်။

ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် ... ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။

အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။

အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။

လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘ၀တွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။

ဒေါ်စုတင်မကပါဘူး။ ၉၀ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။

အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။

စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စု ချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။

လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ၀ကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘ၀ရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။

တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉၀ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ၀န်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။ "
ဟူ၍ဖြစ်သည်။ သို့သော် ထူးထူးခြားခြားအမြင်မှန်ရလာခြင်းမရှိချေ။ ဒေါ်အောင်ဆန်းစုကြည်၏ (၁) နှစ် နီးပါး မီးကုန်ရမ်းကုန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း NLD ပါတီသည် သာမန် ပရဟိတ အဖွဲ့တစ်ခုထက် ပိုသည့် လုပ်ဆောင်မှုများ လုပ်ပြနိုင်ခြင်းမရှိခဲ့ပါ။ ထိုအချိန်တွင် ဦးသိန်းစိန်အစိုးရ နှင့် လွှတ်တော် သုံးရပ်မှာ ၆ လ အတွင်းမှာပင် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို ထင်ထင်ရှားရှားခံနေရပြီဖြစ်သည်။


  ထို့အပြင် လူထု၏ ဝေဖန်မှုကိုခံနိုင်ဖို့၊ လူထုအသံနားထောင်ဖို့ အမြဲလိုလိုပြောနေသူ ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သူ ဦးမင်းဆွေမှ စာရေးသားပေးပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မရောက်ရှိခဲ့ပေ။ ထိုစဉ်က NLD ရုံး မှ တာဝန်ခံ ဦးဝင်းထိန် တို့မှ "ဒေါ်စုကြည်" ဟု ရေးသားထားသည့် ဦးမင်းဆွေ၏ အသုံးအနှုံးများကို ရိုင်းပြကြောင်း၊ "အောင်ဆန်းစုကြည်" ဟူသော နာမည်အား "အောင်ဆန်းစုကြည်" ဟူ၍ သာ အသုံးပြုသင့်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း ကိစ္စနှင့်ပတ်သက်၍ စာဖတ်သည်၊ မဖတ်သည်၊ စာရသည်၊ မရသည် ကို တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း လုံးဝမရှိခဲ့ခြေ။ ထိုစဉ်က ဦးမင်းဆွေမှာ တီရှပ် အကျီအဖြူပေါ်တွင် "ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိပိတ်၊ နားပိတ် မလုပ်ကြပါနှင့်" ဟု စာရေးသားခဲ့သည်။


ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့ (၃) ~ http://www.myanmarexpress.net/2010/12/blog-post_12.html


"ဒေါ်အောင်ဆန်းစုကြည်" နာမည်အား "ဒေါ်စုကြည်" ဟု ပြဿနာတတ်ခဲ့သည့် အမည်နာမ ကိစ္စသည် "မြန်မာ"၊ "ဘားမား" နှင့် "ကုလား" ပြဿနာများတွင် ပုံစံတူပြဿနာများ ပေါ်ပေါက်လာခဲ့သော်လည်း ယခုအချိန်ထိ တိတိကျကျ မူဝါဒ အမှန် သတ်မှတ်ထားခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည် နှုတ်ကထွက်သည့် စကားသာလျှင် အမှန်ဖြစ် မှတ်ယူနေကြရသည်ကို စိတ်ပျက်ဖွယ် တွေ့မြင်ရသည်။


ဦးမင်းဆွေပြီးလျှင် အိပ်ဖွင့်ပေးစာ တစ်စောင်အား " ဒေါ်အောင်ဆန်းစုကြည်သို့ နောက်ဆုံးပေးစာ ဟု ခေါင်းစဉ်တပ်၍ပေးပို့သူမှာ လမ်းပြကြယ် မှ ဦးအေးမြင့်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။

(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

ဦးအေးမြင့် (လမ်းပြကြယ်)
ဟု၍ဖြစ်သည်။ 
ယခုအခါတွင် မိန့်ခွန်းပြောဆိုချိန်တိုင်းမှာ "ကျွန်မကို မေးခွန်းတွေမေးပါ.. မေးခွန်းမေးမှ ဖြေလို့ရမှာပါ" ဟု အသံကောင်းဟစ်နေသော်လည်း ထိုစဉ်က မေးထားသော မေးခွန်းများကိုတော့ လုံးဝ လုံးဝ ဖြေကြားခဲ့ခြင်းမရှိပေ။ အထူးသဖြင့် မေးခွန်း (၅၅) ခု အား http://www.myanmarexpress.net/2011/11/blog-post_13.html တွင် မေးမြန်းထားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်ထိ ဖြေဆိုနိုင်စွမ်း မရှိပေ။
 
 
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု သံယောဇဉ် ကို စွန့်လွှတ်သူအဖြစ် ၎င်း အားထောက်ခံသူများမှ ကြံဖန်ချီးကျူးကြသော်လည်း (၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့မှ မွေးဖွားသော သားအငယ်ဖြစ်သူ အကြိမ်ကြိမ် လာရောက်တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကြီးမှလည်း သားအငယ်၏ မိသားစုရှိရာ ဗြိတိန်နိုင်ငံသို့လည်းကောင်း၊ သားအကြီးရှိရာ အမေရိကန်နိုင်ငံသို့လည်းကောင်း၊ လင်ယောင်္ကျားဖြစ်သူ မိုက်ကယ်အဲရစ် ၏ အုပ်ဂူသို့လည်းကောင်း ၂ ကြိမ်တိတိ သွားရောက်ခဲ့သည်။ 
 ထူးဆန်းသည်မှာ မြန်မာ သမ္မတလုပ်မည်ဟု ကြွေးကြာ် ထားသူ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်လုံး နှင့် မြေးများမှာ မြန်မာစကား လုံးဝ နားမလည်၊ မပြောတတ်ကြပေ။ ၂ နှစ်အတွင်း သား၊ ချွေးမ၊ မြေးများနှင့် အကြိမ်ကြိမ် ဖုန်းဆက်စကားပြောခြင်း၊ အင်တာနက်ပေါ်တွင် တွေ့ဆုံခြင်း အကြိမ်ကြိမ်ရှိခဲ့သော်လည်း မိသားစုချင်းပြောဆိုသည့် စကားများမှာ မြန်မာစကားမဟုတ်ချေ။


၂၀၁၀ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာ တစ်ခုလုံးသို့ ထိတ်လှန့်တုန်လှုပ်စေသည့် ဝီကီလိခ် ပြဿနာ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုလည်း များစွာထိခိုက်စေခဲ့သည်။ NLD မှ သက်ကျားအိုများကို "အန်ကယ်ကြီးများ" ဟူ၍ အမေရိကန် သံအရာရှိမှ လှောင်ပြောင်ပြောဆိုမှုများ ရှိခဲ့ပြီး အဆိုးဆုံးမှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ”ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ကို ၀ီကီလိစ်က ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ဝီကီလိစ်ခ်၏ ဖွင့်ချချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိကိုယ်တိုင်လည်း ခုခံချေပနိုင်ခြင်းမရှိခဲ့သလို အပြောခံရသူ သက်ကြားအိုများအတွက်လည်း ခုခံပြောဆိုနိုင်စွမ်းမရှိခဲ့ခြေ။

.
 
 www.MyanmarExpress.net

Read More






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ပါဝင်နိုင်ရန်အတွက် လည်းကောင်း၊ ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့် အညီ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား (၆၉)ဦး အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာ့သက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၃ ရက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

ထိုကဲ့ သို့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၉ ဦးမှာ-

♦ အင်းစိန် အကျဉ်းထောင်မှ ၃ ဦး

♦ မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး

♦ မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး

♦ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး

♦ တောင်ငူ အကျဉ်းထောင်မှ ၆ ဦး

♦ ရွှေဘို အကျဉ်းထောင်မှ ၄ ဦး

♦ မုံရွာ အကျဉ်းထောင်မှ ၂ ဦး

♦ ပုသိမ် အကျဉ်းထောင်မှ ၁ ဦး

♦ သထုံ အကျဉ်းထောင်မှ ၁ ဦး

♦ အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး

♦ ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး

♦ မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး

♦ သီပေါ အကျဉ်းထောင်မှ ၃ ဦး

♦ ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး

♦ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး

♦ သံတွဲ အကျဉ်းထောင်မှ ၄ ဦး

♦ ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး

♦ စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

တို့ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။


 .. www.MyanmarExpress.net

Read More

From : .. eleven



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့ ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

Photo: ယာဉ်မရပ်ရ ဏ်ဝင်းရှိန်)

.. www.MyanmarExpress.net

Read More

From : .. the voice

တာဝန်ယူမှု တာဝန်သိမှုရှိသော ဥရောပသမဂ္ဂ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သတိထား ရင်းနှီးမြှုပ်နှံ သင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော အီးယူ-မြန်မာ အလုပ်အဖွဲ့ တွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဝင်လာခဲ့၊ ဘာမှမစိုးရိမ်နဲ့ ၂၀/၅၀ အချိုးအစားပဲ ဖြစ်ဖြစ်၊ ဘယ်ပါတနာပဲ ဖြစ်ဖြစ် ဝင်သာဝင်လာခဲ့ ဆိုတာတော့ ကျွန်မလက်မခံပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အားပေးသူတွေ အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုံးဝလျစ်လျူရှု ထားပါက လက်တွေ့ မဆန်ကြောင်း၊ သူ့အနေနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ဒဲ့ဒိုးပြောရမည် ဆိုပါက ဦးစိုးသိန်း၏ မနက်ပိုင်း မိန့်ခွန်းတွင် ဖွဲ့စည်းပုံ ကိစ္စကို တစ်ကြိမ်မျှပင် ပြောဆိုခြင်း မရှိကြောင်း ၎င်းက ထောက်ပြသည်။


“နိုင်ငံရဲ့ အရေးကြီးဆုံး ကိစ္စကို မရှောင်လွှဲပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


ယခုကဲ့သို့ ပြောဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူများကို အားမပေးခြင်း မဟုတ်ဘဲ မှန်မှန်ကန်ကန် တာဝန်ယူမှု ရှိသော လမ်းကြောင်းအတိုင်း ရင်းနှီးမြှုပ်နှံရန် အားပေးလိုခြင်းသာ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ လိုသူများ အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို သတိထားသင့်ကြောင်း ၎င်းကပြောကြားသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကမူ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အရေးကြီးသည်ကို ၎င်း၏ အဖွင့်မိန့်ခွန်းတွင်ပင် ပြောကြားထားကြောင်း၊ ယင်းအတွက် အချိန်ပို ထပ်မခံနိုင်ကြောင်း၊ ပြည်သူလူထု ပိုမိုကောင်းစားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်သာ ရှိကြောင်း ၎င်းက ချေပသည်။ 


“ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ဆိုတာ ခင်ဗျားတို့ (အီးယူ လုပ်ငန်းရှင်များ) တွေအပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်သွားခြင်း ရှိနိုင်ပါသလားဟု The Voice ၏ မေးမြန်းချက်ကို ဥရောပသမဂ္ဂ စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခုကဲ့သို့ တွေ့ဆုံ ရခြင်းကြောင့် စီးပွားရေးတွင် အလားအလာကောင်းများ ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး အရာရှိ မစ္စစ်ကက်သရင်း အက်ရှတန်ကမူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော၊ အထူးသဖြင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တွဲဖက် လုပ်ဆောင်လိုသော စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ဆောင် လာကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လိုသူများ အနေနှင့် သတိထား သင့်ကြောင်းကို ထိုင်းနိုင်ငံတွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ် တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားဖူးပြီး နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က ယင်းကဲ့သို့ ပြောဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံ လိုသူများကို တွန့်ဆုတ် သွားစေနိုင်ကြောင်း ထိုစဉ်က ဝေဖန်ခဲ့သည်။


 .. www.MyanmarExpress.net

Read More




မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာ မပြည့်စုံမှုနှင့် ပြည်သူအများစု၏ မပြည့်စုံသည့် အခြေအနေကို ထောက်ထား၍ သမ္မတ၏ လစာကို အချိန်အတိုင်းအတာ တစ်ခုအထိ လျှော့ယူရန် ဆုံးဖြတ်ချက်မှာ ဥပဒေကို မချိုးဖောက်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဟု ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လစာကို လျှော့ယူထားခြင်းမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက်နေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခြင်းကို ဦးရဲထွဋ်က အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ တွင် နိုင်ငံတော်သမ္မတသည် လစဉ် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ခံစားခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားရာ သတ်မှတ်လစာကို ခံစားလိုက ခံစားနိုင်သည့် သဘောဖြစ်ပြီး မလုပ်မနေရ မဟုတ်ကြောင်း ၎င်းကထောက်ပြသည်။

“ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အသိအမှတ်ပြု ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ရဲ့လုပ်ဆောင် ချက်အပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့တဲ့ မှတ်ချက်ဟာ ပြင်းထန်လွန်းတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့် စသည့် ပုဂ္ဂိုလ်များမှာ နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက် အရ လစာလျှော့ယူခြင်းဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က လွှတ်တော်သို့ တင်ပြသဖြင့် ယင်းအချက်ကို လွှတ်တော် ဥက္ကဋ္ဌကြီးက ထောက်ပြခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“ဥပဒေမှာ ပြဋ္ဌာန်းပြီးသားကို သမ္မတရဲ့အမိန့်ညွှန်ကြားချက်နဲ့ လျှော့ယူတယ် ဆိုတော့ အမိန့် ညွှန်ကြားချက်က ဥပဒေကို လွှမ်းမိုးသလို ဖြစ်နေတယ်။ အဲ့လိုဖြစ်လို့ မရလို့ ဥပဒေနဲ့အညီ ဖြစ်အောင် လုပ်ပေးချင်တာ သက်သက်ပဲ” ဟု ၎င်းက ထပ်မံရှင်းပြသည်။

သမ္မတလစာ သတ်မှတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်၏ ဆောင်ရွက်ချက်မှာ သမ္မတ အလိုကျ ဆောင်ရွက် ပေးလိုသည့် ရည်ရွယ်ချက် ဖြစ်ပြီး ဥပဒေနှင့်အညီ ဖြစ်စေလို၍ ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ အနေနှင့် လစာ မည်ရွေ့မည်မျှ ယူရမည်ကို လွှတ်တော်က လိုက်လံ သတ်မှတ်နေခြင်း မဟုတ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လစာလျှော့ယူခြင်းမှာ နိုင်ငံ၏ စီးပွားရေး အခြေအနေကို ငဲ့ကွက်သည့် အခြေအနေ ရှိသော်လည်း ဥပဒေနှင့် ညီညွတ်မှု မရှိသည်မှာ မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်းမှာ ဥပဒေကို ချိုးဖောက်နေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြောကြားချက် အမူအရာ၊ စကားသံတို့ကြောင့် သမ္မတကြီးအတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ဖော် ပြောကြားသည်။


From : ..the voice

Read More

nld cover​ပါ​တီ​ခေါင်း​ဆောင်​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက်​မိန့်​ခွန်း​ပြော​မယ့် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော် ​နယ်​မြေ​ရဲ​စ​ခန်း​က ​ခွင့်​မ​ပြု​ပေ​မယ့် ​အန်​အယ်လ်​ဒီ ​အ​နေ​နဲ့​တော့ ​စီ​စ​ဉ်​ထား​တဲ့​အ​တိုင်း ​ဆက်​လုပ်​သွား​မယ်​လို့ ​သိ​ရ​ပါ​တယ်။


အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က  ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ခွင့်​ပြု​ချက်​တောင်း​ခံ​ရာ​မှာ ​အ​ချက်​အ​လက်​မ​စုံ​ဘူး​၊ ​လုပ်​မယ့်​နေ​ရာ​ဟာ ​ရုံး​ဌာ​န​တွေ​နဲ့​နီး​ပြီး ​ရုံး​သွား​ကျောင်​သွား​ချိန်​ဖြစ်​နေ​တာ​ကြောင့် ​ခွင့်​မ​ပြု​နိုင်​ဘူး​လို့ ​သက်​ဆိုင်​ရာ​နယ်​မြေ​စ​ခန်း​မှူး​က ​နိုဝင်​ဘာ ၁၄ ​ရက်​မှာ ​အ​ကြောင်း​ပြန်​ခဲ့​ပါ​တယ်။

အ​ချက်​အ​လက်​ပြည့်​စုံ​ပြီး ​ဥ​ပ​ဒေ​နဲ့​ညီ​ညွတ်​တဲ့​အ​ကြောင်း ​ဆိုင်​ရာ​ဌာ​န​တွေ​ထံ ​သွား​ရောက်​ရှင်း​လင်း ​တင်​ပြ​ခဲ့​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​နေ​ပြည်​တော် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​ကို ​လာ​မယ့်​နိုဝင်​ဘာ ၁၈ ​ရက်၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​မှာ​ဖြစ်​ပြီး ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တက်​ရောက်​မိန့်​ခွန်း​ပြော​ကြား​မှာ ​ဖြစ်​ပါ​တယ်။

ပါ​တီ​က ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​တွေ​ဖြစ်​တဲ့ ​ဦး​၀င်း​မြင့်​နဲ့ ​ဦး​အောင်​ကြည်​ညွန့်​တို့​က ​ဖွဲ့​စည်း​ပုံ​နဲ့​ပတ်​သက်​ပြီး ​ရှင်း​လင်း​တင်​ပြ​ကြ​မယ်၊ ​ပြီး​ရင် ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ကြ​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​တ​န​င်္ဂ​နွေ​နေ့​က​လည်း ​အန်​အယ်​ဒီ​ပါ​တီ​ရဲ့ ​ရန်​ကုန်​တိုင်း​လုံး​ကျွတ်​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​ပြု​လုပ်​ခဲ့​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ပါ​တယ်။

..
From : .. dvb 



Read More

From : ..dvb

အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ (​ဆီး​ဂိမ်း​ ​လာ​ရောက် ​လည်​ပတ်​မယ့် ​နိုင်​ငံ​ခြား​သား ​တွေ​ကို ၁၅ ​ရက်​နေ​ထိုင်​နိုင်​မယ့် ​ဆိုက်​ရောက်​ဗီ​ဇာ ​ထုတ်​ပေး​မယ့်​အ​ပြင် ​ဗီ​ဇာ​ကြေး​လည်း ​ဒေါ်​လာ ၂၀ ​လောက်​ပဲ ​ကျ​သင့်​မယ်​လို့ ​အား​က​စား​၀န်​ကြီး​ဌာ​န ​တာဝန်​ရှိ​သူ​ဦး​က ​ဒီ​ဗွီ​ဘီ​ကို ​အ​တည်​ပြု​ပြော​ဆို​ပါ​တယ်။

A woman counts U.S. dollars after exchanging her yen at a money changer in Tokyo

 ဗီ​ဇာ​ကို ​နေ​ပြည်​တော် ​အ​ပြည်​ပြည်​ဆိုင်​ရာ ​လေ​ဆိပ်​နဲ့ ​ရန်​ကုန် ​အ​ပြည်​ပြည်​ဆိုင်​ရာ ​လေ​ဆိပ်​မှာ ​လျှောက်​ထား​ရ​ယူ​နိုင်​မယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

အ​လား​တူ ​ဆီး​ဂိမ်း​မ​တိုင်​မီ​က ​မြန်​မာ​နဲ့ ​ထိုင်း ​နှစ်​နိုင်​ငံ ၁၅ ​ရက်​စာ ​အ​ပြန်​အ​လှန် ​ဗီ​ဇာ ​ကင်း​လွတ်​ခွင့်​ပေး​ရေး ​ဆွေး​နွေး​ဖို့ ​ရှိ​နေ​ပြီး ​သ​ဘော​တူ​ညီ​ချက်​ရ​ခဲ့​ရင် ​ထိုင်း​နိုင်​ငံ​သား​တွေ​က​တော့ ​ဗီ​ဇာ​ကြေး ​မ​ပေး​ရ​ဘဲ ​မြန်​မာ​နိုင်​ငံ​ကို ​လာ​ရောက်​နိုင်​ကြ​မယ် ​ဖြစ်​ပါ​တယ်။

.. www.MyanmarExpress.net

Read More




လက်တလော နာမည်ကြီးနေတဲ့ သြဇီမှ အွန်လိုင်း မြန်မာအဆိုတော် မေမြတ်မွန်ဟာ အတုယူမှားခဲ့တယ်လို့ သိရပါတယ်။ မေမြတ်မွန် အဓိက လေးစား အားကျ အတုယူခဲ့ရသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့...
 အမေစုကို အားကျခဲ့သူ

အမေစုလိုပဲ နိုင်ငံခြားသားကို လက်ထပ်ခဲ့ပြီးနောက်

အမေစုလိုပဲ ကပြားလေးတွေ မွေးခဲ့ရပါပြီ

 အသက် ၄၀ ကျော်ရင်တော့ အမေစုလိုပဲ မြန်မာနိုင်ငံပြန်လာပြီး သမ္မတ လာရူးပါအုံးမယ်
.. www.MyanmarExpress.net

Read More
Posted by Unknown on
Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive