nld cover​ပါ​တီ​ခေါင်း​ဆောင်​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက်​မိန့်​ခွန်း​ပြော​မယ့် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော် ​နယ်​မြေ​ရဲ​စ​ခန်း​က ​ခွင့်​မ​ပြု​ပေ​မယ့် ​အန်​အယ်လ်​ဒီ ​အ​နေ​နဲ့​တော့ ​စီ​စ​ဉ်​ထား​တဲ့​အ​တိုင်း ​ဆက်​လုပ်​သွား​မယ်​လို့ ​သိ​ရ​ပါ​တယ်။


အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က  ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ခွင့်​ပြု​ချက်​တောင်း​ခံ​ရာ​မှာ ​အ​ချက်​အ​လက်​မ​စုံ​ဘူး​၊ ​လုပ်​မယ့်​နေ​ရာ​ဟာ ​ရုံး​ဌာ​န​တွေ​နဲ့​နီး​ပြီး ​ရုံး​သွား​ကျောင်​သွား​ချိန်​ဖြစ်​နေ​တာ​ကြောင့် ​ခွင့်​မ​ပြု​နိုင်​ဘူး​လို့ ​သက်​ဆိုင်​ရာ​နယ်​မြေ​စ​ခန်း​မှူး​က ​နိုဝင်​ဘာ ၁၄ ​ရက်​မှာ ​အ​ကြောင်း​ပြန်​ခဲ့​ပါ​တယ်။

အ​ချက်​အ​လက်​ပြည့်​စုံ​ပြီး ​ဥ​ပ​ဒေ​နဲ့​ညီ​ညွတ်​တဲ့​အ​ကြောင်း ​ဆိုင်​ရာ​ဌာ​န​တွေ​ထံ ​သွား​ရောက်​ရှင်း​လင်း ​တင်​ပြ​ခဲ့​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​နေ​ပြည်​တော် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​ကို ​လာ​မယ့်​နိုဝင်​ဘာ ၁၈ ​ရက်၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​ဇ​ဗ္ဗူ​သီ​ရိ​မြို့​နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြု​လုပ်​မှာ​ဖြစ်​ပြီး ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ​ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​တက်​ရောက်​မိန့်​ခွန်း​ပြော​ကြား​မှာ ​ဖြစ်​ပါ​တယ်။

ပါ​တီ​က ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​တွေ​ဖြစ်​တဲ့ ​ဦး​၀င်း​မြင့်​နဲ့ ​ဦး​အောင်​ကြည်​ညွန့်​တို့​က ​ဖွဲ့​စည်း​ပုံ​နဲ့​ပတ်​သက်​ပြီး ​ရှင်း​လင်း​တင်​ပြ​ကြ​မယ်၊ ​ပြီး​ရင် ​ပြည်​သူ့​ဆ​န္ဒ​သ​ဘော​ထား​ရ​ယူ​ကြ​မှာ ​ဖြစ်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​တ​န​င်္ဂ​နွေ​နေ့​က​လည်း ​အန်​အယ်​ဒီ​ပါ​တီ​ရဲ့ ​ရန်​ကုန်​တိုင်း​လုံး​ကျွတ်​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​ပွဲ ​ပြု​လုပ်​ခဲ့​ပြီး ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ပါ​တယ်။

..
From : .. dvb 



Posted by Unknown on Friday, November 15, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive