မြန်မာနိုင်ငံသို့ ရိုဟင်ဂျာ အရေးကိစ္စ ဆွေးနွေးရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Organization of Islamic Cooperation (OIC) လာရောက်မည်ဟု အင်တာနက် စာမျက်နှာပေါ်တွင် သတင်းများ ပျံ့နှံ့လျက် ရှိပြီး အမှန်တကယ် လာရောက်ပါကလည်း ရခိုင်လူထု တစ်ရပ်လုံး ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

“လာမယ့် နေရာ၊ လာမယ့် ကာလ ပြောနိုင်မယ်ဆိုရင် ရခိုင်လူမျိုးထု သိသွားမယ် ဆိုရင် လေယာဉ်ကွင်း ပြည့်သွားအောင် ကန့်ကွက် ဆန္ဒပြကြမယ် ထင်တယ်။ စစ်တွေလာရင် စစ်တွေ တစ်မြို့လုံး လမ်းတွေပိတ်ပြီး ကားတွေ သွားလို့မရတဲ့အထိ ဆန္ဒပြမှုတွေ ဖြစ်ပွားသွားနိုင်တယ်။ သူတို့ လာမယ်ဆိုတဲ့အသံ ကြားတာနဲ့ သံတွဲမှာ ပဋိပက္ခ ဖြစ်တယ်။ ဒါတွေက OIC ကို မလာ၊ လာအောင် ဆွဲခေါ်နေကြသလို ဖြစ်နေတာပေါ့။ နိုင်ငံတော် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင် ညှိနှိုင်းထားဖို့၊ မလာသင့်၊ မလာထိုက်တဲ့ ကာလလေးမှာ မလာအပ်တဲ့ ပုဂိ္ဂုလ်တွေ မလာအောင် သံတမန်တွေနဲ့ ဆောင်ရွက်ဆက်သွယ်ပေးဖို့ လိုပါတယ်” …ဟု ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဒေါ်သန်းသန်းနုကလည်း မည်သည့် အဖွဲ့အစည်းမဆို လာရောက်ဆွေးနွေးမည် ဆိုပါက ဘက်မလိုက်သင့်ကြောင်း၊ တစ်ဖက်သို့ ဘက်လိုက်မည်ဆိုလျှင် အခြားတစ်ဖက်မှ ကျေနပ်မည် မဟုတ်ကြောင်း၊ OIC ရုံးခန်းဖွင့်ရန် လာမည်ဆိုပါက ညှိနှိုင်း ဆွေးနွေးသင့်ကြောင်း၊ ပြည်တွင်းရေးရာများကို မိမိကိုယ်တိုင် ဖြေရှင်းမှသာလျှင် အဆင်ပြေနိုင်ကြောင်း ပြောကြားခဲ့သည်။

OIC အဖွဲ့မှ မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအရေးကိစ္စ ဆွေးနွေးမည်ဆိုသည့် သတင်းများနှင့် စပ်လျဉ်း၍လည်း မကွေးဆရာတော် ဦးပါမောက္ခက “ရိုဟင်ဂျာအရေး ဆွေးနွေးမယ်ဆိုရင် ဘုန်းကြီးအနေနဲ့ လိုအပ်တယ်လို့ ထင်တယ်။ သူတို့ နိုင်ငံတွေက ရိုဟင်ဂျာကို အသိအမှတ် ပြုမယ်ဆိုရင် သူတို့ OIC ၅၇ နိုင်ငံက နေပြီး မြန်မာနိုင်ငံမှာ မူလ ကမရှိခဲ့တဲ့ ရိုဟင်ဂျာကို သူတို့နိုင်ငံတွေမှာ ပြန်ပြီးတော့ အသီးသီး ခွဲဝေပေးပြီး ပြန်လည် နေထိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ဖြစ်မှာပါ” ဟု မိန့်ကြားခဲ့သည်။

“အဖွဲ့အစည်းတစ်ခုက တစ်နေရာကို လာချင်၊ သွားချင်တယ်ဆိုရင် သူလည်း စေတနာရှိလို့ လာချင်တာပဲ ဖြစ်မှာပါ။ သူ့စေတနာကို ဘယ်လို အနေအထားရှိလဲ။ နောက်ကွယ်မှာ တခြား ရည်ရွယ်ချက် ရှိ၊ မရှိဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မြန်မာပြည်ကို ဘယ်သူပဲလာချင်၊ လာချင် မွန်မြတ်သော စေတနာနှင့်ပဲ လာတယ်လို့ မှတ်ယူပါတယ်” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ပြန်ကြားရေးမှ ဦးအောင်နိုင်က ပြောသည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Organization of Islamic Cooperation (OIC) ကို ၁၉၆၉ ခုနှစ်တွင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့တွင် အာဖရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသမှ နိုင်ငံအများစု ပါဝင်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်အာရှရှိ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်း နိုင်ငံများ ပါဝင်ပြီး ၂၀၀၁ ခုနှစ်တွင် အဖွဲ့အတွင်း နောက်ဆုံး ၀င်ရောက်ခဲ့သော နိုင်ငံမှာ အာဖရိကတိုက်မှ အိုင်ဗရီကို့စ် ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင် ၇ ရက် ၌ OIC ၏ အထွေထွေ အတွင်းရေးမှူး Professor Ekmeleddin Ihsanoglu က မွတ်ဆလင် လူနည်းစုပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရကို ဝေဖန် ပြောဆိုမှုများလည်း ရှိခဲ့သည်။


http://myanmarthandawsint.com/2013/10/04/oic-လာရောက်ပါက-ရခိုင်လူထုတ/

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive