Photo: ဖမ်းခံထားရသူများ အမြန်ဆုံးပြန်လည်မလွှတ်ပေးပါက ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးတော့မည်ဟု ဦးအေးမောင်ပြောကြား -----------------------------------------------------------------------------  ၄၊ အောက်တိုဘာ သံတွဲ။ ။  နေပြည်တော် အထူးတပ်ဖွဲ့ ဝင်များကိုယ်တိုင် လာရောက်ဖမ်းဆီးသွားသည့် သံတွဲမြို့  နယ်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သံတွဲမြို့နယ်ဥက္ကဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မေးမြန်းရာရှိသည်များ စစ်ဆေးမေးမြန်းပြီး အချိန်တိုအတွင်း ပြန်လည်လွှတ်ပေးခြင်းမရှိပါက ရခိုင်တိုင်းရင်းသားများရှေ့ ရေးအတွက် အလေးအနက်စဉ်းစားရတော့မည် ဖြစ်ကြောင်း RNDP ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က အတိအလင်း ပြောကြားလိုက်သည်။ အောက်တိုဘာလ ၃ရက်နေ့ တွင် အထူးတပ်ဖွဲ့ ဝင်များသည် သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခ) ဦးစောလိုင်၊ သံတွဲမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအသင်းမှ ဦးသိန်းဝင်းနှင့် ဦးသိန်းဇံနှင့် ကိုကျော်ကျော်၊ ကိုမြင့်မိုးအောင်၊ ကိုဝင်းကိုလေးတို့ ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး မြို့ နယ်ရဲစခန်းတွင် ထားရှိစဉ်က ၄င်းတို့ အားပြန်လည်လွှတ်ပေးရေးအတွက် လူအုပ်ကြီးက ၀ိုင်းဝန်တောင်းဆိုသဖြင့် ယခုအခါ ကျောက်ဖြူမြို့  အကျဉ်းထောင်သို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ RNDP ဥက္ကဌချုပ်ဦးအေးမောင်သည် ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော် ကျောထောက်နောက်ခံရှိသူဖြစ်ပြီး ငွေ၊ လက်နက်အင်အားအစရှိသည်တို့ ကို ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်စဉ် ကတည်းက ရခိုင်အမျိုးသားရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ခဲ့သည့် ဦးအေးမောင်၏ RNDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သံတွဲမြို့နယ် RNDP ပါတီ ဥက္ကဌကို ၂၄ နာရီအတွင်း ပြန်လည်မလွတ်ပေးပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာအစိုးရအား ရာဇသံပေးထားကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော် ရခိုင်-အိန္ဒိယနယ်စပ် မှ ဗိုလ်မှူး အဆင့်ရှိသူ ညိုမင်းခိုင် က “ဗမာအစိုးရအနေနဲ့  ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား ကောင်းရာကောင်းကျိုးလုပ်နေတဲ့ နိုင်ငံရေးသမားတွေကို အမြန်ဆုံးပြန်လည် လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ထောင်ဒဏ်များချမှတ်ခဲ့မယ်ဆိုရင် အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို ပြန်လည်သုံးသပ်ပြီး လွတ်လပ်သည့် အဖရခိုင်နိုင်ငံတော်အတွက် တိုက်ပွဲပြန်လည်ဝင်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားလိုက်သည်။ ဦးအေးမောင်ကလည်း “အစိုးရအနေနဲ့ ရခိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စကားကို သစ္စာရှိရပါမယ်၊ မဟုတ်ရင်တော့ ရခိုင်သားတို့ သမီးတို့ အနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရပါတော့မယ်၊ ရခိုင်တွေ နိုးကြားဖို့ လိုပါပြီ၊ ဘယ်သူ့ ကိုမှ အတိအကျယုံကြည်လို့ မရပါဘူး” ဟု ထပ်မံပြောကြားခဲ့သည်။  ရခိုင်လွတ်မြောက်ရေးတပ်မတော် (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ) လူသစ်စုဆောင်းရေး ဖုန်းနံပါတ် ph: 0091-9810 947 122 Email::: arakanarmy2012@gmail.com ရက္ခိုင်ပြည်ကိုရက္ခိုင်သားလောက် ဇာသူလေ့မချစ် ရက္ခိုင့်သွီး    Credit To>>>Thaung Tin
၎၊ အောက်တိုဘာ သံတွဲ။ ။

နေပြည်တော် အထူးတပ်ဖွဲ့ ဝင်များကိုယ်တိုင် လာရောက်ဖမ်းဆီးသွားသည့် သံတွဲမြို့  နယ်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ သံတွဲမြို့နယ်ဥက္ကဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မေးမြန်းရာရှိသည်များ စစ်ဆေးမေးမြန်းပြီး အချိန်တိုအတွင်း ပြန်လည်လွှတ်ပေးခြင်းမရှိပါက ရခိုင်တိုင်းရင်းသားများရှေ့ ရေးအတွက် အလေးအနက်စဉ်းစားရတော့မည် ဖြစ်ကြောင်း RNDP ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်က အတိအလင်း ပြောကြားလိုက်သည်။ အောက်တိုဘာလ ၃ရက်နေ့ တွင် အထူးတပ်ဖွဲ့ ဝင်များသည် သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခ) ဦးစောလိုင်၊ သံတွဲမြို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအသင်းမှ ဦးသိန်းဝင်းနှင့် ဦးသိန်းဇံနှင့် ကိုကျော်ကျော်၊ ကိုမြင့်မိုးအောင်၊ ကိုဝင်းကိုလေးတို့ ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး မြို့ နယ်ရဲစခန်းတွင် ထားရှိစဉ်က ၄င်းတို့ အားပြန်လည်လွှတ်ပေးရေးအတွက် လူအုပ်ကြီးက ၀ိုင်းဝန်တောင်းဆိုသဖြင့် ယခုအခါ ကျောက်ဖြူမြို့  အကျဉ်းထောင်သို့ ပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ RNDP ဥက္ကဌချုပ်ဦးအေးမောင်သည် ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော် ကျောထောက်နောက်ခံရှိသူဖြစ်ပြီး ငွေ၊ လက်နက်အင်အားအစရှိသည်တို့ ကို ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်စဉ် ကတည်းက ရခိုင်အမျိုးသားရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ခဲ့သည့် ဦးအေးမောင်၏ RNDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သံတွဲမြို့နယ် RNDP ပါတီ ဥက္ကဌကို ၂၄ နာရီအတွင်း ပြန်လည်မလွတ်ပေးပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မြန်မာအစိုးရအား ရာဇသံပေးထားကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော် ရခိုင်-အိန္ဒိယနယ်စပ် မှ ဗိုလ်မှူး အဆင့်ရှိသူ ညိုမင်းခိုင် က “ဗမာအစိုးရအနေနဲ့  ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား ကောင်းရာကောင်းကျိုးလုပ်နေတဲ့ နိုင်ငံရေးသမားတွေကို အမြန်ဆုံးပြန်လည် လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ထောင်ဒဏ်များချမှတ်ခဲ့မယ်ဆိုရင် အပစ်အခတ်ရပ်ဆဲရေးစာချုပ်ကို ပြန်လည်သုံးသပ်ပြီး လွတ်လပ်သည့် အဖရခိုင်နိုင်ငံတော်အတွက် တိုက်ပွဲပြန်လည်ဝင်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားလိုက်သည်။ ဦးအေးမောင်ကလည်း “အစိုးရအနေနဲ့ ရခိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စကားကို သစ္စာရှိရပါမယ်၊ မဟုတ်ရင်တော့ ရခိုင်သားတို့ သမီးတို့ အနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရပါတော့မယ်၊ ရခိုင်တွေ နိုးကြားဖို့ လိုပါပြီ၊ ဘယ်သူ့ ကိုမှ အတိအကျယုံကြည်လို့ မရပါဘူး” ဟု ထပ်မံပြောကြားခဲ့သည်။

ရခိုင်လွတ်မြောက်ရေးတပ်မတော် (ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ) လူသစ်စုဆောင်းရေး ဖုန်းနံပါတ် ph: 0091-9810 947 122 Email::: arakanarmy2012@gmail.com ရက္ခိုင်ပြည်ကိုရက္ခိုင်သားလောက် ဇာသူလေ့မချစ် ရက္ခိုင့်သွီး
 
Credit To>>>Thaung Tin

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive