From : ..the voice



ဗုံးတွေ ဆက်တိုက်ပေါက်နေသော်လည်း အဓိက တာဝန်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလန်ရှိ သားနှင့် ချွေးမ၊ မြေးများထံ ၁၆ ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဥရောပသုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလအတွင်း ဥရောပငါးနိုင်ငံသို့ ၁၆ ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ၁၆ ရက်ကြာ ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီနိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ပါလီမန် တွင် မြန်မာ့နိုင် ငံရေး ဖြစ်စဉ်များ ဆွေးနွေးမည် ဖြစ်ပြီး ဗြိတိန်နိုင်ငံ Sandhurst Military Academy တွင် အမှာစကား ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်ချက်များအရ သိရသည်။
  

 ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်တွင်း ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ ခရီးစဉ်များအတွက် ငွေအမြောက်အများ ကုန်ကျခဲ့သော်လည်း တစ်စုံတစ်ရာ ထုတ်ပြန် ရှင်းလင်းခဲ့ခြင်း မရှိခြေ။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive