From : ..myit ma kha



အောက်တိုဘာ (၁၄)ရက်နေ့နံနက်ခင်း၌ မန္တလေးမြို့၊ ရွှေဘဲစားသောက်ဆိုင်အနီး အမေရိကန်လုပ်ဗုံးထားသွား သူဟု သံသယရှိသူလင်မယားအား အောင်မြေသာဇံမြို့နယ် အမှတ်(၃)ရဲစခန်း၌ စစ်ဆေးမေးမြန်းနေကြောင်း
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုရဲမှူး ဦးအောင်ရွှေထံကသိရသည်။

အဆိုပါ လင်မယားကို ရွှေဘဲစားသောက်ဆိုင်၏ CCTV ကင်မရာမှတဆင့် ရှာဖွေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စားသောက်သွားသော စားပွဲခုံနံပါတ်(၂၄)၌ လည်း မည်သူမျှထိုင်ခဲ့ခြင်းမရှိကြောင်းကို CCTV မှတဆင့်
ဖော်ထုတ်ခဲ့သည်။


ထိုလင်မယားနှစ်ယောက်အား အောက်တိုဘာ(၁၄)ရက်နေ့ ညနေ (၆း၀၀)နာရီဝန်းကျင်တွင် ဥပိန်တံတားအနီး၌တွ့ရှိခဲ့ခြင်းဖြစ်သည်။

သံသယရှိသူဟု ယူဆရသော လင်မယားနှစ်ယောက်လုံးသည် မလေးရှားနိုင်ငံသားများဖြစ်ပြီး အမျိုးသားမှာ အာင်အောင်(ခ)မိုဟာမက်(ဘ)ဦးစိုးလွင် ဖြစ်ပြီး မြန်မာလူမျိုးဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ(၁၅)ရက်နေ့တွင် အောင်မြေသာဇံတရားရုံး၌ ယမန်သွားယူခဲ့ပြီး အောင်မြေသာဇံမြို့နယ်၊ အမှတ်(၃)ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်။

အဆိုပါလင်မယားနှစ်ယောက်အား ရဲလုပ်ထုံးအရ အမှုဖွင့်အရေးယူရန်ဆောင်ရွက်နေပြီး (ပ) ၅၅၉/၂၀၁၃၊ပါက်ကွဲ(၃) ဖြင့် အမှုဖွင့်ရန်ဆောင်ရွက်နေကြောင်းသိရသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive