အမေရိကန်သမ္မတ အိုဘားမားနှင့် ရီပတ်ဘလစ်ကန်များအကြား ဘတ်ဂျတ်ကိစ္စ အနိုင်လုပွဲဖြစ် ပွားနေပြီး၊ ယခုအချိန်အထိ ဘတ်ဂျတ်ကို အတည်မပြုနိုင်သောကြောင့် အစိုးရလုပ်ငန်းများစွာ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းသွားမည်ဖြစ်ကာအမေရိကန်၏စီးပွားရေးကိုလည်းထိခိုက်ဖြစ်ကြောင်း အောက်တိုဘာ ၁ ရက် က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
အတည်ပြုရမည့် နောက်ဆုံးသတ်မှတ်ချိန်မှာ ညသန်းခေါင်အချိန်ဖြစ်ကာ၊ ဒေသစံတော်ချိန် ည ၉ နာရီ ၀န်းကျင်အထိ ဘတ်ဂျတ်အတည်ပြုရေးကိစ္စ သဘောတူညီမှုရမည့် အရိပ်အယောင်များ မတွေ့ရသဖြင့် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဘတ်ဂျတ်ကိစ္စ ကပ်ဆိုက်မှုကို တားဆီးနိုင်မည့်ပုံမရှိပေ။

“အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် စီးပွားရေးလုပ်ငန်းတွေအပေါ် အဓိကထိခိုက်ပြီး၊ စီးပွားရေး ကျဆင်းမှုဒဏ်ကို ပြည်သူတွေခံရမှာပါ” ဟု သမ္မတအိုဘားမားကဆိုသည်။အိုဘားမား လက်မှတ်ရေးထိုး တင်ပြခဲ့သော ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ ပြုပြင်ပြောင်း လဲရေးဥပဒေကို ““Tea Party”” အမတ်များဟု ခေါ်ဆိုကြသည့် အစိုးရအသုံးစရိတ်လျှော့ချရေးကို လို လားကြသည့် ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်များက ပယ်ချခဲ့ခြင်းသည် ပြဿနာ၏ အရင်းအမြစ်ပင်ဖြစ်သည်။ဒီမိုကရက်များ ဦးဆောင်သည့် အထက်လွှတ်တော်နှင့် သမ္မတတို့က ရီပတ်ဘလစ်ကန်များ၏ နည်းဗျူဟာကို ဆန့်ကျင်ခဲ့ကြပြီး၊ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားမည့် အခြေအနေကို ယာယီ တားဆီးထားနိုင်ရန်အတွက် ရီဘတ်ဘလစ်ကန်များအနေဖြင့် အစိုးရအသုံးစရိတ်များ သက်တမ်း တိုးမြှင့်ရေးကို အတည်ပြုပေးရန် တိုက်တွန်းခဲ့သည်။အမေရိကန်အစိုးရအဖွဲ့ အရွယ်အစားနှင့် ပြည်တွင်းနိုင်ငံရေးတွင် အစိုးရ၏ အခန်းကဏ္ဍ ကိစ္စရပ်များ အပေါ် ဒီမိုကရက်အိုဘားမားနှင့် အောက်လွှတ်တော်တို့အကြား သဘောတရားရေးရာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး၊ ထိုသဘောတရားရေးရာ တိုက်ပွဲများထဲတွင်၊ အစိုးရလုပ်ငန်း များစွာ ရပ်ဆိုင်းသွားနိုင်သည့် ယခုအကျပ်အတည်းသည် အပြင်းထန်ဆုံးဖြစ်သည်။ဒီမိုကရက်များဦးဆောင်သည့် အထက်လွှတ်တော်နှင့် ရီပတ်ဘလစ်ကန်များ လွှမ်းမိုးသည့် အောက် လွှတ်တော်တို့အကြား အချည်းနှီးအားပြိုင်လျက်ရှိနေခဲ့ပြီး၊ ဘတ်ဂျတ်ဥပဒေကြမ်းကို လွှတ်တော်နှစ် ရပ်အကြားအပြန်အလှန်ပြန်လည်ပေးပို့နေခြင်းဖြင့်သာအချိန်ကုန်ဆုံးနေသဖြင့်ဘတ်ဂျတ်အတည်ပြုနိုင်ရေး
ကိစ္စ ကျရှုံးမည့် အခြေအနေရှိနေသည်။

ရီပတ်ဘလစ်ကန်များသည် အစွန်းရောက်သော နိုင်ငံရေးတောင်းဆိုချက်များဖြင့် အကျပ်ကိုင်နိုင်ရန်အ တွက် နိုင်ငံကိုဓားစာခံ ပြုလုပ်နေကြောင်း အိုဘားမားက စွပ်စွဲလိုက်သလို၊ ပြိုင်ဖက်ရီပတ် 
ဘလစ်ကန် များကလည်း
အိုဘားမား၏ပါတီသည် အထက်စီးဆန်ကြောင်း ပြန်လည်ဝေဖန်လိုက်သည်။

အကယ်၍ဘတ်ဂျတ်ကိုအတည်မပြုနိုင်ပါကအစိုးရ၀န်ထမ်း၈၀၀,၀၀၀ခန့်သည်အလုပ်အကိုင်များ
ဆုံးရှုံးကြမည်ဖြစ်ကာ၊အစိုးရ၀န်ဆောင်မှုလုပ်ငန်းများစွာလည်းရပ်ဆိုင်းသွားမည်ဖြစ်ပြီး၊လွတ်လပ်ရေး ကျောက်ရုပ်နှင့်အမျိုးသားဥယျာဉ်တို့ကဲ့သို့သောအထိမ်းအမှတ်အဆောက်အအုံများနှင့် နေရာများကိုလည်းပိတ်လိုက်ရမည်ဖြစ်သည်။

From:Mizzima

www.mmdailystar.com

Posted by Unknown on Thursday, October 3, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive