From : ..the voice



တောင်ငူမြို့နှင့် ရန်ကုန်မြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု များကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သက်ဆိုင်ရာ အစိုးရများ၏ အစီအစဉ်ဖြင့် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်မြို့တွင် ၁၃ ရက်နေ့၌ ပေါက်ကွဲမှု နှစ်ကြိမ်၊ ထပ်မံ၍ ၁၄ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက် တွေ့ရှိခဲ့သဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူများအနေနှင့် မသင်္ကာဖွယ်ရာများကို သတိပြု စောင့်ကြည့်ရန်နှင့် အဝေးပြေးကားဝင်းနှင့် တည်းခိုခန်း ပိုင်ရှင်များကို လုံခြုံရေးဆိုင်ရာ ကိစ္စများ ပိုမိုစောင့်ကြည့်ရန်၊ ခရီးသွား ဧည့်သည်များကို အထောက်အထား အပြည့်အစုံ တောင်းခံရန်တို့ ညွှန်ကြားထားကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောဆိုသည်။
“ဆီးဂိမ်းနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန် ဆောင်ရွက်ဖို့ နီးလာချိန်မှာ နိုင်ငံတကာက မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ရှိနေသေးတယ်လို့ မြင်အောင် လုပ်ချင်တဲ့ သဘောလို့ ယူဆရတယ်” ဟု ၎င်းက ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောကြားသည်။

တောင်ငူမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားထားပြီး လတ်တလော အခြေအနေ တည်ငြိမ်မှု ရှိကြောင်း တောင်ငူမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် လူနှစ်ဦး သေဆုံးခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ပြီး တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကရှင်းပြသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အဓိက မြို့ကြီးများတွင်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုံခြုံရေး တိုးမြှင့်မှုကို ပြည်ထောင်စုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနှင့် သက်ဆိုင်ရာ ဒေသအစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive