ငါ့သားကြီး သမီးကြီး ဂျာနယ်လစ်တွေလည်း camera 360 နဲ့ ရိုက်တဲ့ ပုံတွေ သတင်းလုပ်လိုလုပ်၊       တင်လိုတင်၊  အခုလည်းတစ်ခါ       ဖြစ်ပြန်ပြီ။ Myanmar Times မှာ တင်ထားတဲ့သတင်းတစ်ပုဒ်က ကလေးစစ်သားအသုံးပြုမှုများကို ရပ်တန့်ရန် လိုတယ်ကလေးစစ်သားအသုံးပြုမှုတွေက ဆက်လက်ဖြစ်ပွားနေတုန်းပဲတဲ့၊    ဘယ်သူပြောလဲ၊             ဘယ်ကနေသိတာလဲဆိုတော့ မေးလ်ကနေပို့တာတဲ့။  အင်မတန်တိကျခိုင်မာတဲ့   သတင်းရင်းမြစ်ကြီးကရထားတာပဲ။  ပြောပြန်ရင်လဲ   အောင်မင်းလွန်ရာကျဦးမယ်။  
ပြည်တွင်းမှာလည်း    လက်ရှိ ရှိမနေတဲ့လူတစ်ယောက်က  ရလာတဲ့ သတင်း အတိုအစလေးတွေအပေါ်ကိုးကားပြီးပို့လိုက်တဲ့မေးလ်တစ်ခုကိုသတင်းအဖြစ်တင်တယ်ဆိုတော့    ထပ်ပြောစရာအကြောင်းလည်း   မရှိတော့ပါဘူး။ ကလေးစစ်သား၊ ကလေးစစ်သားနဲ့သာ လူကြားကောင်းအောင်အော်နေကြတာ တာဝန်ရှိသူတွေက ခင်ဗျားတို့သိခဲ့ရင်ပြောပါ အချိန်မရွေးလာသတင်းပို့ပါ၊ မိဘနေရပ်ကိုပြန်နိုင်အောင် စီစဉ်ပေးမယ် အကြောင်းကြားပါလို့ပြောတော့ ပါးစပ်ပိတ်နေကြတယ်။

၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂနဲ့ အရွယ်မရောက်သေးသူများ တပ်မတော်တွင်အမှုထမ်းဆောင်ခြင်းအား စိစစ်ဖို့  သဘောတူလက်မှတ်ရေးထိုးပြီး ၁၃ လ အတွင်းအစိုးရက စစ်မှုထမ်းဆောင်ရန် အသက်မမှီသေးသူ  စုစုပေါင်း ၁၇၆ ဦးကို ၄ ကြိမ်ခွဲပြီး လွတ်ငြိမ်းခွင့် ပေးခဲ့တယ်။ ပထမအကြိမ် ၂၀၁၂ စက်တင်ဘာလ တုန်းက ၄၂ ဦး၊ ဒုတိယကြိမ် ၂၀၁၃ ဖေဖဝါရီလမှာ ၂၄ ဦး၊ နောက်တကြိမ် ၂၀၁၃ ဇူလိုင်လက ၄၂ ဦးနဲ့ အခုအကြိမ် ၆၈ ဦး စုစုပေါင်း ၁၇၆ ဦး အသီးသီး မိဘနေရပ်ဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။
ဒီလောက်     နိုင်ငံတော်အစိုးရနဲ့        တပ်မတော် အကြီးအကဲတွေအနေနဲ့  သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အရွယ်မရောက်သေးသူများ  တပ်မတော်သို့ဝင်ခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ   လမ်းမကြီးတွေမှာစိုက်ထူပြီး      ကြေငြာနေတာတွေ၊   အရွယ်မရောက်သေးတဲ့ တပ်သားတွေရှိရင်လည်း မိဘရပ်ထံဆီသို့    ပြန်လည် ပို့ဆောင်ပေးနေတာတွေကို မမြင်၊ မကြားတာလား၊ မမြင်ချင်ယောင်၊ မသိချင်ယောင် ဆောင်နေကြတာလားဆိုတာကိုတော့    ကာယကံရှင်တွေမှပဲသိလိမ့်မယ်။ အင်မတန် တရားမျှတသော စိတ်ထားကြီးပါတကား။
- ပရိုမီးသီးယပ်စ်

Posted by Unknown on Thursday, September 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive