From : ..the voice

စင်ကာပူ ထိပ်သီးအစည်းအဝေး ၂၀၁၃ သို့ တက်ရောက် မိန့်ခွန်းပြောကြားရန် စင်ကာပူနိုင်ငံသို့ သွားရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံပွဲအတွက် ဝင်ခွင့်လက်မှတ် တစ်စောင်ကို စင်ကာပူဒေါ်လာ ၃၀ သတ်မှတ်ကြောင်း မြန်မာကလပ် (စင်ကာပူ) က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် Resorts World Sentosa ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး တွေ့ဆုံပွဲသို့ လူငါးထောင်ခန့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းမှာ ကုန်ကျစရိတ်ကာမိရုံ မျှသာ ဖြစ်ပြီး အများသဘောတူ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း မြန်မာကလပ် (စင်ကာပူ)က ထုတ်ပြန်သည်။

ဝင်ခွင့်လက်မှတ်များကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေပြီး လူတစ်ဦးလျှင် လက်မှတ်တစ်စောင်သာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာကလပ်၏ ထုတ်ပြန်သည့်ကြေညာချက် တွင် ဖော်ပြပါရှိသည်။

"လုံခြုံရေးအတွက် ဆိုပေမယ့် အထောက်အထား ခိုင်ခိုင်မာမာ ပြတဲ့သူကို အနည်းဆုံး နှစ်စောင်တော့ ရောင်းသင့်တယ်" ဟု စင်ကာပူ အိုင်တီကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား တစ်ဦးကဆိုသည်။

Singapore Summit 2013 ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ သုံးရက်ကြာကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြင် သမိုင်းသုတေသီ စာရေးဆရာ ဒေါက်တာသန့်မြင့်ဦးပါ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။


 .. www.MyanmarExpress.net

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive