From : .... New Myanmar News




 အမေရိကန်ရဲ့ World Trade Center ကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက်အဖွဲ့သားတွေ လေယာဉ်အပိုင်စီး ပြီး တိုက်ခဲ့တာ 9/11 ပါ။
အဲနေ့က တကမ္ဘာလုံးက လူသားတွေ တုန်လှုပ်ခဲ့ရပြီး အိုစမာဘင်လာဒင်
ရဲ့ ရက်စက်ကြမ်းကြုတ်မှု အပေါ် စက်စုပ်ရွံရှာခဲ့ကြပါတယ်။

ယနေ့ အမေရိကန်လို 9/11 အဖြစ်အပျက် မြန်မာပြည်မှာ တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်ခဲ့ရပါတယ်။ အသတ်ခံရတာကတော့ကြာပြီ။ ဒါပေမယ့် ပြည်သူတွေကြားမှာ
သတင်းပျံ့ခဲ့တာက 9/11 ရက်မှာပါ။ ဖြစ်ပုံက ပူတာအို ခရိုင်အတွင်းမှာ ဗိုလ်ဇော်မျိုးထက်ဦးစီးတဲ့
စစ်ကြောင်းကို KIA က ချုံခိုတိုက်၊ ဗိုလ်ဇော်မျိုးထက်နဲ့ စစ်သည်တွေကို သတ်ဖြတ်သွား
တဲ့ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်သတင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေဟာ ဒီလုပ်ရပ်အပေါ်အိုစမာဘင်လာဒင်ရဲ့
လူမဆန်တဲ့ 9/11 လိုအဖြစ်အပျက်မျိုးလိုပဲ အင်မတန်မှ ဒေါသထွက်စက်ဆုပ်ရွံရှာခဲ့ရပါတယ်။

 ဖြစ်စဉ်က ဒီလိုပါ။
စစ်ပွဲတွေမှာ စစ်သားသေတာ မစမ်းပါဘူး။ ဒါပေမယ့် ဒါက စစ်ပွဲမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲနေချိန်။ ကိုယ့်ကိုကိုယ် ကာကွယ်
ဖို့ကလွဲရင် သေနတ်မောင်းကို မဆွဲမိဖို့ တပ်မတော်က အမိန့်ထုတ်ထားတဲ့အချိန်။
ဒါကို အခွင့်ကောင်းယူလို့ KIA က စတိုက်တယ်။ လမ်းမှာတွေ့ရင်တောင် တပ်မတော်သား
တွေအနေနဲ့ KIA အပေါ်ကို ပခုံးဖက် နှုတ်ဆက်ဖို့ပဲ KIA အပေါ် မတိုက်ရဆိုပြီး ငြိမ်းချမ်းရေး
ဆွေးနွေးမှု အတွက် တပ်မတော်ဘက်က အပစ်ရပ်ထားတဲ့အချိန်
မှာ KIA ကချုံခိုတိုက်ပြီး တပ်မတော်သားတွေကို ဖမ်းခေါ်သွားတယ်။

နောက်တော့ ဖမ်းဆီးရမိတဲ့ ဗိုလ်ဇော်မျိုးထက်ကို အခြားဖမ်းမိထားတဲ့ သုံ့ပန်းစစ်သည်တွေရှေ့မှာ
အမျိုးမျိုးနှိပ်စက်လို့ ခေါင်းဖြတ်သတ်။ ဗိုက်ကိုခွဲ။ ကွဲနေတဲ့ ဗိုက်ထဲကို ဖြတ်ထားတဲ့ခေါင်းကိုထည့်ကာ
သွေးအေးအေးနဲ့ လူမဆန်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ကျန်တဲ့ သုံ့ပန်းစစ်သည်တွေကို လည်း သွေးအေးစွာ
နဲ့ သတ်ဖြတ်ခဲ့ပါတယ်။

သုံ့ပန်းဆိုတာ မနှိပ်စက်၊ မသတ်ဖြတ်ရဘူးဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းဆိုတာရှိပါတယ်။ ဒါကို KIA က ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲ
ထားတဲ့ တပ်မတော်သားတွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားတဲ့အပြင် ရက်ရက်စက်စက် လူမဆန်စွာ
သတ်ဖြတ်ခဲ့ပြီး ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့တာပါ။

ဒီလိုလူမဆန်တဲ့ အဖြစ်အပျက်အတွက် KIA ကဘယ်လိုတာဝန်ယူမလဲ။ KIA ဆိုတာဘာအဖွဲ့လဲ။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ။
ပြည်သူတွေကတော့ KIA အပေါ်
တပ်မတော်က ထိုးစစ်ဆင်စေချင်နေပါပြီ။ ငြိမ်းချမ်းရေးအတွက် အပြတ်တိုက်မှ ရမယ်လို့ ဆိုကုန်
ကြပါပြီ။

အိုစမာဘင်ဘာဒင်ဆိုတာ အရင်က ကမ္ဘာသိ လူတိုင်းသိ အကြမ်းဖက်သမား
မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ နယူးယောက်မှာရှိတဲ့ World Trade Center ကို တိုက်ခိုက်ခဲ့တဲ့
9/11 အရေးကြောင့် သူ့ရဲ့ ရက်စက်ယုတ်မာမှုကို လူတိုင်းသိခဲ့ရပါတယ်။ 9/11 ကြောင့်ပဲ လူသိခဲ့ရသလို
သူ့ရဲ့ အကြမ်းဖက်အဖွဲ့လည်း အမေရိကန်ရဲ့ နိဂုံးချုပ် ပေးခြင်းကို ခံခဲ့ရပါတယ်။ ခုလည်း မြန်မာပြည်ရဲ့
9/11 အဖြစ်အပျက်ဟာ KIA ရဲ့လူမဆန်ဘဲ အင်မတန်ရက်စက်ယုတ်မာမှုတွေကို ပြည်သူတွေ ထင်ထင်ရှားရှားသိခဲ့ရပါပြီ။ ဒီအဖြစ်အပျက်ကြောင့်ပဲ KIA ဆိုတာလည်းငြိမ်းချမ်းရေးအတွက်ပဲ
ရှေ့ဆက် ဆောင်ရွက်နိုင်မလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.........

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive