ပုံတော်မှန်းပြီး ဂုဏ်တော်ကို ရှိခိုးကြတာ ဖြစ်ပါတယ်။ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ် တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ် ကောင်းမှုများကို ကုသိုလ် ငတ်မွတ်နေသော သတ္တ၀ါများသို. မျှဝေ (share) ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို. ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ် (၃)တန် +ဖိုလ် (၄)တန်   (သောတာပတ္တိမဂ်မပါဝင်)

(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအ လုပ်များဖြင့် ခေတ္တနား ခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ် အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားမြတ်
From: SHAN NEW

www.mmdailystar.com

Posted by Unknown on Thursday, September 26, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive