လက်ထပ်ပြီး သိမကြာဘူး။ နေအိမ်အသစ်ထဲ ကောင်းလေးနဲ့ ကောင်းမလေး ရွှေးပြောင်းလာခဲ့ပါတယ်။ ပစ္စည်းတွေကို နေရာချပြီးနော် ကောင်းမလေးက ပုလင်းလှလှလေးတစ်လုံးထုပ်လာပြီး ကောင်းလေးကိုပြောတယ်။ မောင်…(၃) လအတွင်းမှာ မောင်က နန္ဒကို တခါငိုစေတိုင်း နန္ဒက ဒီပုလင်းထဲမှာ ရေတစက်ထည့်မယ်။ တကယ်လို့ဒီပုလင်းမှာ ရေတွေပြည့်သွားပြီးဆို နန္ဒမိဘအိမ်ပြန်မယ်။ နန္ဒတို့မိန့်ခလေးတွေကလေ အမျိုးမျိုးပဲ.. တတ်လည်းတတ်နိုင်လွန်းတယ်။
ဘာလဲ…။ နန္ဒက မောင်းကို မယုံလို့လား ?
မောင်တို့မိန့်မတွေနဲ့အိမ်ခွဲနေတယ်ဆိုတာ နန္ဒကို မောင်ပိုဂရုစိုက်ချင်လို့ ကြင်နာချင်လို့ ..နန္ဒကို မောင်နှိပ်စက်ဖို့မဟုတ်ဘူးနော် ..နန္ဒ…။
ကောင်းပြီးလေ မောင်.. ယောက်ျားကောင်းတွေက သူချစ်တဲ့သူကို မနာကြင်ဝမ်းမနည်းစေဘူးတဲ့။ နန္ဒဘာကြောင်းမျက်ရည်ကျတယ်ဆိုတာကို နန္ဒသေသေချာချာရေးမှတ်ထားမှာပါ.မောင်..။
မျက်ရည်ကျချင်ဆိုင်းကျတယ်လို့တော့ မထင်နဲ့နော်  နန္ဒသဘောပါ.. ဟားဟား
ကောင်းလေးက ကောင်းမလေးအပြောကို စိတ်မရှည်စွာ တဟားဟားရယ်ရင်းပြန်ဖြေတယ်။ မောင်… ပုလင်းတဝက်ရှိသွားပြီး။ ဒီ နှစ်လအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို နန္ဒတို့ ပြန်ဆန်းစစ်၊ ပြန်သုံးသပ်သင်တယ်လို့ထင်တယ်နော်။  ပြောပြောဆိုဆို ကောင်းမလေးက ကောင်းလေးကို စာအုပ်တအုပ်ကမ်းပေးတယ်။ စာအုပ်ကို ကောင်းချက်ချင်းဖွင့်မကြည့်ဘူး။ ကောင်းမလေးပြတဲ့ ရေတဝက်ပါတဲ့ ပုလင်းကိုကြည့်ပြီး သူအံသြနေမိတယ်။ ကောင်းမလေးရဲ့ မျက်ရည်ဒီလောက်များပြီး ဒီလောက်မြန်မြန် စုဆောင်းမိမယ်မှန်း သူတွေးထင်မထားမိခဲ့သလို ကောင်းမလေးက ပြဿနာသေးသေးချဲ့နေတယ်လို့လည်း သူတွေးလိုက်မိတယ်။ စာအုပ်ကို သူပြန်လှန်ကြည့်လိုက်တော့ အံသြရပြန်တယ်။ စာအုပ်ထဲမှာ ဘာတွေများ ဒီလောက်အများကြီးရေးထားမှန်း သူနားမလည်ခဲ့ဘူး။ စာရွက်တွေကို သူပြန်လှန်ကြည့်တော ကောင်းမလေးက ဘေးကနေ တခုချင်းသူကိုချင်းပြနေတယ်။ ပထမအဆုံးရန်ဖြစ်ရတာက… ဒီအိမ်ရောက်ပြီး သုံးရက်မြှောက်တဲ့နေ့မှာ အဲဒီနေ့က အစောကြီးပဲရှိသေးတယ်။ မောင်က အစောကြီးထရတော့ စိတ်သိပ်မကြည်းတဲ့ပုံပဲ။ သွားတိုက်ဖို့ မောင်..သွားတိုက်ဆေးညှစ်တော့ သွားတိုက်ဆေးက စင်ပြီး မှန်ပေါ်သွားတင်တယ်။ နန္ဒက မောင်ကို..သွားတိုက်ဆေးတောင် မညှစ်တတ်ဘူးလားလို့ပြောတာကို မောင်ကစိတ်ဆိုးတယ် အဲဒီမှာ ရန်ပွဲစဖြစ်ခဲ့တယ်….
ကောင်းမလေးပြောတာကို သူငြိမ်ပြီးနားထောင်နေတယ်။ ကောင်းမလေးက ဆက်ပြောတယ်။ ညနေတခုမှာ မောင်ကိုအဝတ်ကူလျှော်ဖို့ နန္ဒခေါ်တော မောင်က ဂိမ်းကစားမဖျက်ခဲ့ဘူး ရေကအေးလွန်းလို့ မောင့်ကို အဝတ်ရေကျင်းခိုင်ရုံလေးပါ။ နန္ဒမိမဓမ္မတာဖြစ်တဲ့အခါ ရေအေးကိုမကိုင်နိုင်မှန်း မောင်သိရင်းသားနဲ့ လာမကူခဲ့ဘူး။ အဲဒီမှာ ရန်ပွဲစဖြစ်ခဲ့တယ်….
တညက နန္ဒအရမ်းပင်ပန်းလို့ စောစောအိမ်ရှင်ပြီး ဒါကိုမောင်က ရေသွားမချိုးပဲ ကွန်ပြူတာပဲကစားနေတယ်။ အဲဒီတုန်းက နန္ဒအကြောအရင်းတက်နေတဲ့အချိန်၊ ကီးဖိုးသံကြားရင်တောင် အိပ်မပျော်နိုင်ဘူး။ နန္ဒစိတ်တိုးပြီး မောင်ကို တကိုယ်ကောင်းဆန်တယ်ပြောမိတာနဲ့ နန္ဒတို့ရန်ပွဲစဖြစ်ခဲ့တယ်။ မောင်က မောင်တကိုယ်ကောင်းမဆန်တဲ့အကြောင်း ငြင်းခုန်ပြောဆိုပြီး တကားကိုဆောင့်ပိတ် တီဗွီဂိမ်းဆိုင်ကို ထွက်သွားခဲ့တယ်။ မောင့်ကို နန္ဒဖုန်းဆက်တော မောင်ဖုန်းယူမသွားဘူး….အိမ်မှာနန္ဒတယောက်တည်း…
ကောင်းမလေးကပြောနေရင်း စိတ်လှုပ်ရှားလာပြီး မျက်လုံးအိမ်မှာ မျက်ရည်တွေဝဲသီလာပြန်တယ်။ တခါကလည်း…..တော့်တော နန္ဒတော်တော့ ဆက်မပြောနဲ့တော…
နှစ်ယောက်သားခဏလောက် နူတ်ဆိတ်ငြိမ်သက်သွားကြတယ်။ တအောင့်ကြာမှ ကောင်းမလေးက တိတ်ဆိတ်ချင်းကို ဖြိုခွဲလိုက်တယ်။ မောင်…နန္ဒတို့တကယ်ပဲ မသင့်တော်။ မလိုက်ဘက်ဘူးလားဟင့်? နန္ဒတို့လက်ထက်ထားတာမကြားသေးဘူး။ နန္ဒတို့ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်၊ တစ်ယောက်ကိုတစ်ယောက်နားလည်မှုမပေးနိုင်ဘူးဆိုရင် နန္ဒတို့အိမ်ထောင်ရေးက သာယာလိမ်မှာမဟုတ်ဘူးမောင် စာအုပ်ထဲမှာ ကောင်းမလေးရေးမှတ်ထားတဲ့အကြောင်းရာတွေက အသေးဖွဲ့ကိစ္စလေးတွေပါ။ ရန်ဖြန်တဲ့အကြောင်းရင်းကလည်း သာမန်ကိစ္စလေးတွေပါပဲ။ စာအုပ်ကိုကောင်းလေးကြည့်နေရင်းက ကောင်းမလေးရဲ့စိတ်ခံစားချက်ကို တွေးမိပါတယ်။ ယောက်ျားလေးတွေက ဒီကိစ္စလေးတွေကို ခေါင်းထဲထည့်ထားတတ်တဲ့ သူတွေတော့မဟုတ်ဘူး။ ရန်ဖြစ်ပြီး ပြန်ခေါ်ရင် ဖြစ်ခဲ့တာတွေကို မေ့သွားကျပြီ။ ဒါပေမယ့် မိန့်ခလေးတွေက အဲလိုမဟုတ်ဘူး။ ပြီးခဲ့တာတွေကို ထပ်ခါတလဲလဲပြန်ထုပ်ပြောတတ်တယ်။ ဒါတွေကို သူနားလည်ပါတယ်။ စာအုပ်ကိုကြည့်နေရင် သူစိတ်မကောင်းဖြစ်မိတယ်။ ကောင်းမလေးက ကိစ္စတခုတိုင်းကို အသေးစိတ်ရေးမှတ်ထားတယ်။ ခံစားချက်ပါ ရေးမှတ်ထားတယ်။ ပြီးတော အကြောာင်းရင်းကို ကောက်ချက်ချရေးထားသေးတယ်။ တကယ်တော့ အသေးဖွဲ့ကိစ္စ၊ သာမန်ရိုးချင်းတဲ့ ကိစ္စလေးတွေ ဖြည်းဖြည်းစုပုံများလာတဲ့အခါ လူကိုပိုနာကြင်စေတယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ ကောင်းမလေးက ဝမ်းနည်းစရာတွေ စုပုံလေ နာကြင်လေနဲ့ တဖြည်းဖြည်း ပျော်လင်းချက်မေ့လာခဲ့ပုံရတယ်။ ရန်ဖြစ်တိုင်း နှစ်ယောက်စလုံးကို ကိုကိုယ့်ကို မချစ်ဘူးဆိုတာအနာ၊ အပြစ်ကိုပဲလိုက်ရှာနေကြတယ်လို့ ကောင်းလေးထင်တယ်။ ဒါဆိုရင်ဒါဟာ တဖြည်းဖြည်းနဲ့ အနာနိုင်တဲ့ပုံရတယ်။ ရန်ဖြစ်တိုင်း နှစ်ဦးနှစဘက်စလုံးက ခံစားချက်တွေ မတည်ငြိမ်ကြတဲ့အချိန်၊ တခြားစိတ်ညစ် စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံနေရချိန်ဆိုတော ရန်ဖြစ်ဖန်များလေ မကောင်းတဲ့စိတ်ခံစားချက်တွေ နှစ်ယောက်သားရဲ့ဘဝထဲ စုပြုံလာလေဖြစ်တောမယ်။ နန္ဒ….
စိတ်မကောင်းမဖြစ်ပါနဲ့ မောင်အလုပ်မှာ ခွင့်ယူပြီး မောင်တို့အပန်းဖြေခရီးထွက်ကြစို့နော် နန္ဒ။ ချစ်သူဖြစ်စ ပထမဆုံးအချိန်အတူသွားခဲ့ဘူးတဲ့နေရာလေးဆီ သူတို့ရောက်လာခဲ့ကြည်တယ်။ ချစ်သူဘဝက အမှန်တရတွေကို ပြန်တူးဆွရင်း သူတို့တယောက်ကို တစ်ယောက်အရမ်းချစ်ခဲ့ကြ၊ အရမ်းချစ်ကြတယ်ဆိုတာကို သူတို့သိတယ်။
ဒီလိုအချိန်မျိုးက ကောင်းမလေးက နူညံသိမ်မွေးနေတယ်။ ကောင်းလေးကလည်းကြင်နာယုယနေတယ်….မောင်တို့မသင့်တော်ဘူး.၊ မောင်တို့အိမ်ထောင်ရေးမသာယာနိုင်ဘူးလို့ထင်သေးလား?
နန္ဒတို့ မလိုက်ဘက်တာတော မဟုတ်ဘူးလို့ နန္ဒထင်တယ်။ အခုကြည့်လေ နန္ဒတို့ဒီလောက်ပျော်နေကြတာ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝကိုလည်းရောက်ေ၇ာ နန္ဒတို့ပြောင်းလဲသွားကြပြန်တယ်။ အခုယော.. လက်တွေ့ဘဝမဟုတ်လို့လားနန္ဒ၊ ကောင်းမလေးတွေဝေနူတ်ဆိတ်သွားတယ်။ ရန်ဖြစ်တော မောင်တို့က ကိုယ့်အာရုံကို တဖက်လူရဲ့ အမှားပေါ်မှာထားခဲ့တယ်။ ပြီးတော အဲဒီမကောင်းတဲ့ခံစားချက်ကို အကြီးချဲ့ပစ်လိုက်ကြတယ်။ တဖက်လူ ကိုယ့်ကိုမချစ်ဘူးဆိုတဲ့သက်သေတွေ လိုက်ရှာကြတယ်။ တစ်ယောက်ကိုတစ်ယောက်အလျှော့မပေးပဲ တင်းခံကြတယ်။ ကောင်းလေးပြောတဲ့စကားကို နားထောင်နေရင်း ကောင်းမလေးကောင်းညိတ်တယ်။ တကယ်တော့ သူတို့နှစ်ဦးနှစ်ဖက်စလုံးသဲဖို့၊ ခွင့်လွတ်နားလည်တတ်ဖို့လိုခဲ့ပါတယ်။ ချစ်သူဘဝက ပထမဆုံးအကြိမ်အတူသွားခဲ့ဖူးတဲ့ နေရာလေးဆီ သူ့ကို ကောင်းလေးက ခေါ်လာခဲ့တာမှတ်ခဲ့တယ်။ အဲဒီတုန်းက ချစ်သူဖြစ်တာမကြာသေးတော ကိုကောင်းတာတွေကို သဖက်သားဆီ ခံစားမိအောင် ကိုယ့်ကောင်းကွက်တွေကိုပဲ ထုပ်ပြခဲ့ကြတယ်။ လဝက်ကျန်သေးတယ်..မောင်။ ဒါပေမယ့် ဟိုပလင်းထပ်ပြည့်တောမယ်အထင်တောဘူးနော်။ ကောင်းလေးရဲ့ရင်ခွင်ထဲ ကောင်းမလေးတိုးဝင်လိုက်တယ်။ ကောင်းမလေးကို တင်းတင်းပြန်ဖွေးဖက်ရင်း ကောင်းလေးပြုံးနေတယ်။ အဲဒီနောက်ပိုင်း သူတို့ရန်သိပ်မဖြစ်ကြတောဘူး။ တကယ်လို့ကောင်းလေးက မတော်တဆ ဖန်ခွက်ကျကွဲသွားရင် ကောင်းမလေးက မဆူမအော်တောဘူး။ ကောင်းမလေးက မဆူမအော်ခင် ကောင်းလေးက ဆော်ရီ ..မိန်းမရေ မောင်နမော်နမဲ့နိုင်လွန်းတယ်။ မောင်နှစ်ဆလျှော်ပေးမယ်နော်လို့ အယင်ဦးအောင် တောင်းပန်တတ်တယ်။ အဲဒီအခါ ကောင်းမလေးက အနော်အမဲ့တာ မဟုတ်ပါဘူး…. နန္ဒကိုယ့်က ဖန်ခွက်ကို နေရာမှားထားမိတာ နန္ဒအပြစ်ပါ။ မောင်အပြစ်မဟုတ်ပါဘူးလို့ဆိုတယ်။ တကယ်တောအချစ်မှာ သင့်တော်တာ မသင့်တော်တာ လိုက်ဖက်တာ မလိုက်ဖက်တာ မရှိပါဘူး။ တဦးပေါ်တစ်ဦးတန်းဖိုးထား နားလည်တတ်ရင် သာယာပျော်ရွှင်တဲ့လမ်းဆီ အတူလျှောက်လှမ်းနိုင်ပါတယ်။

မှုရင်း…………..

နိုင်းနိုင်းစနေ

Posted by Unknown on Tuesday, September 10, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive