ယနေ့ ပြောဆိုနေကြသော ဖက်ဒရယ်စနစ်နဲ့ သွားမှရမယ် ပင်လုံကို ပြန်သွားမှရမယ်  စသည်ဖြင့် ကြားနေရပါသည်။ ကျနော်နားလည်သည်မှာ နောက်ပြန်လှည့်နေသည်မှာ ထိုသူတွေပဲဖြစ်သည်။
ပင်လုံကိုကိုင်ရင်ပြဿနာကြီးပါမည်။ ဒေါ်စုနှင့် NLD ပင်လုံကိုဟပင်မဟတော့ ၈၈၈၈ အဖွဲ့ နားလည်မည်ဟုပင်မထင် ။ ပင်လုံကိုပြန်သွားရင် ထိုစဉ်က မရိုးသားသော တိုင်းရင်းသားအချို့
လုပ်ဆောင်ချက်တွေပေါ်လာပြီး စစ်မီးတွေပြန်လောင်နိုင်ပါသည်။ လိုရင်းကိုပြည်သူတစ်ရပ်လုံး ဃဃနန ရှင်းရှင်းလင်းလင်းသိမှဖြစ်မည်။ ၂ပေါက်၁ပေါက် လိုရာကောက်ပီး ပြည်သူကို အပေါ်ယံလူပြိန်း ကြိုက်ရှင်း တာလောက်နဲ့မဖြစ်နိုင်သလို လက်ခံနိုင်တာ လက်မခံနိုင်တာ ၀ိဝါဒ ကွဲစရာတွေ အများကြီးရှိလာနိုင်ပါတယ်။ သာမန်လောက်ပဲ ဖက်ဒရယ်မူနဲ့သွားမှဆိုရုံနဲ့ မပြီးနိုင်ပါ။

၁။ ဖက်ဒရယ် ကို ဘယ်လိုတိတိကျကျ အဓိပ္ပါယ်ဖွင့်မလဲ။
၂။ ရှေးခေတ်၊ဂျပန်ခေတ်၊အင်္ဂလိပ်ခေတ် လွတိလပ်ရေးမရခင်ေ တ်ကတွေးထားရေးထားတဲ့ ဖက်ဒရယ်ကိုဒီအချိန်လာပြောရင် မဖြစ်နိုင်တော့ပါ။
၃။ ထိုအချိန်က အခြေအနေ အမျိုးသားအကျိုးစီးပွား   အမျိုးသားရေးလိုအပ်ချက်တွေ  ပထ၀ီဆိုင်ရာ အနေ အထားတွေအရ နောက်ပြန်သွားမယ်ဆိုရင် မှားတာများမယ်။ အကျိုးကျေးဇူးနည်းမှာဖြစ်ပါတယ်။
၎။ ယခုပြောနေတဲ့ ဖက်ဒရယ်စနစ်က မြန်မာ့လက်ရှိ လူမျိုး ဘာသာ နေထိုင်ရာ အခြေချရာ တွေနဲ့ဆို ကိုက်ညီဖို့ အတော်ကိုညှိယူရပါအုံးမယ်။
၅။ နိုင်ငံရေးစနစ် ဘယ်လိုသွားမလဲ။
၆။ အုပ်ချုပ်ရေးစနစ် ဘယ်လိုကျင့်သုံးမလဲ။
၇။ စီးပွားရေးပုံစံ အကုန်လက်ခံမလား။
၈။ ဘာသာစာပေ ဘယ်လိုပြဌာန်းသတ်မှတ်မလဲ။
၉။ သယံဇာတ ဘယ်လိုခွဲမလဲ။
၁၀။ ဆိုဗီယက် ယူဂို ကိုဆိုဗို သာဓက မေ့ထားလို့မရသလို။
၁၁။ လွတ်လပ်ရေးကြေငြာ အစိတ်စိတ်အမွှာမွှာ ဖက်ဒရယ်မှာ ပါနေတာ ဘယ်လိုရှင်းမလဲ။
၁၂။ လက်နက်ကိုင် အဖွဲ့တွေ ဘယ်လိုရှင်းမလဲ။
၁၃။ သေချာတာ စစ်တပ်အများကြီးထားလို့မရ. တော့ ဘယ်လိုရှင်းမလဲ။
၁၄။ အကြီးဆုံးပြဿနာ        ဒါပဲဖြစ်လာမှာ။
၁၅။ ကိုယ့်ပြည်နယ် ကိုယ့်စစ်တပ်နဲ့ ထားမယ်ဆို ငြိမ်းချမ်းရေး  ဘာလိုတော့မှာလဲ  ခုထက်တောင် ထင်တိုင်းကြဲနေကြအုံးမှာ။
၁၆။ ဒါကြောင့် ဖက်ဒရယ် ကို လွယ်လွယ်ပြောနေလို့မရပါ။
၁၇။ ပင်လုံကိုပြန်ကောက်ရင် ကရင် ကယား မွန် ရခိုင် ပအိုဝ်း ပလောင် စုံအောင်မပါတာဖြစ်လို့ ဖက်ဒရယ်ကို အင်္ဂလိပ်စကားနဲ့တင်အဓိပ္ပါယ်ဖွင့် စကားပြောလို့မရပါ။
၁၈။ လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ မြန်မာဖက်ဒရယ် ကိုပဲဖွင့်ဆိုပြကြပါလို့ တိုက်တွန်းလိုပါတယ်။
(ဆက်လက်ရေးပါအုံးမည်။)
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive