၈.၉.၂၀၁၃ ရက်နေ့ ၉နာရီ ၄၅မိနစ်ခန့် အချိန်ခန့်တွင် သံတွဲမြို့မရဲစခန်းအပိုင် သံတွဲမြို့၊ ဒွါရ၀တီ(က) ရပ်ကွက်၊ (၆)လမ်းနေသူ ရဲသီဟ(ခ)နိုင်ဦး(၃၀)နှစ်(ဘ)ဦးသိန်းနိုင်၊ ၁၁/မပန(နိုင်)၀၆၀၈၁၃၊ ရခိုင်/ဗုဒ္ဓ၊ သုံးဘီးတက္ကစီမောင်းသူသည် ၎င်းပိုင် သုံးဘီးယာဉ်အမှတ်၊ ၁ဟ/၉၅၃၅ဖြင့် သားဖြစ်သူ အောင်ခန့်မော်(၉)နှစ်အား ကျောင်းသို့ပို့ဆောင်ခဲ့ပါသည်။ အပြန်တွင် ဈေးဝယ်ရန်အတွက် သုံးဘီးဂိတ်ရှိသည့်နေရာ၊ သံတွဲမြို့၊ မြို့တော်ခန်းမရှေ့သို့သွားစဉ် ကားများဖြင့် ပြည့်နက်နေသဖြင့် မြို့တော်ခန်းမ၏ ခေါင်းရင်းဘက် ငပလီစက်ပစ္စည်းများ ရောင်းဝယ်ရေးဆိုင်ရှေ့ ရွှေဘုံသာလမ်းဘေးတွင် သုံးဘီးဆိုကယ်အား ခေတ္တရပ်ထားခဲ့ပါသည်။
ထိုသို့ရပ်ထားစဉ် ငပလီစက်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ကုလား ကျော်ဇံလှ(၆၀)နှစ် ရွှေဘုံသာလမ်း၊ အမှတ်(၃)ရပ်ကွက်နေသူက အိမ်ထဲမှထွက်လာပြီး ရဲသီဟအား ညစ်ညမ်းစွာ ခြိမ်းခြောက်ဆဲဆိုခဲ့၍ ကျော်ဇံလှအား အရေးယူပေးရန် ရဲသီဟ(ခ)နိုင်ဦးက တရားလိုပြုလုပ်ပြီး သံတွဲမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ ၂၈.၉.၂၀၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ အချိန် သံတွဲမြို့မ ရဲစခန်း(ပ)၇၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ - ၂၉၄/၅၀၆ အရ ရေးဖွင့်ကာ အမှုအား ဒုရဲအုပ် နေလင်းမှ လက်ခံစစ်ဆေးခဲ့ကြောင်းသိရပါသည်။

(စစ်ဆေးပြီးယင်းကုလားကို ပြန်လွတ်လိုက်သဖြင့် ဆိုင်ကယ်တက္ကစီမောင်းသူများနှင့် ဒေသခံများကမကျေမနပ်ဖြစ်နေကြကြောင်းသိရသည်။)

Source သာစွဌာနီ

Posted by Unknown on Sunday, September 29, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive