Photo: အမျိုးအမည်မသိရသော နိုင်ငံခြားအဖွဲ့အစည်း၏ အိမ်ငှားရမ်းမှု စစ်တွေမြို့ခံတွေ စိုးရိမ်  မြနှင်းသူ (သတင်း)   စစ်တွေ မြို့ရပ်ကွက်အချို့အတွင်း အမျိုးအမည် ကွဲကွဲပြားပြားမသိရသော နိုင်ငံခြားအဖွဲ့အစည်း ဟု အမည်ခံကာ အိမ်ငှားရမ်းမှုများ ဆိုက်တိုက်ဖြစ်ပေါ်နေမှုများအပေါ် မြို့ခံတွေ စိုးရိမ်မကင်းဖြစ်နေ ကြောင်းသိရသည်။  လွန်ခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို အိမ်ငှားရမ်းမှုများမှာ အလွန်များပြားလာပြီး ကာလပေါက်ဈေးထက် ၃ ဆခန့် ပိုမိုသော နုန်းထားများဖြင့် အိမ် ၂၀၀ခန့်ကို ငှားရမ်းခဲ့ကြောင်း စစ်တွေမြို့ပေါ် သတင်းများအရ သိရှိရသည်။  စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်အတွင်း ယခုလို အကြောင်းအရင်း လုံလောက်စွာမပြနိုင်သော အိမ်ငှားရမ်းလာမှုများ လက်မခံ ကြရန် ရပ်ကွက်နေပြည်သုများက စုဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးကို စက်တင်ဘာလ ၂၈နေ့ နေ့လည်ပိုင်းက ရပ်ကွက်အတွင်းရှိ မြို့မ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြပြီး လူပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။  အစည်းအဝေးတက်ရောက်သူ ကိုအောင်သန်းက " အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ပြီး ရပ်ကွက်တွင်း အသိပေးသွားမှာပါ။" ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာန ကိုပြောကြားသွားသည်။  လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကလည်း ကျောင်းကြီးလမ်းရပ်ကွက်တွင် မြန်မာ့အဖွဲ့အစည်းဟု ပြောဆိုငှားရမ်းခဲ့ပြီးမှ နိုင်ငံခြားအဖွဲ့အစည်းဖြစ်နေသဖြင့် ရပ်ကွက်နေ ပြည်သူများက မကျေနပ်ခဲ့ကြပေ။ ကျောင်းကြီးလမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းအောင်က အိမ်ငှားရမ်းမှုတစ်ခုတွင် " မြန်မာ့ ကြက်ခြေနီ၊ မြန်မာလူမျိုး၊ မြန်မာဗုဒ္ဓဘာသာဆိုပြီး လာပြောပါတယ်၊ ဒါကြောင့် အသိသက်သေအဖြစ် သွားရောက်လက်မှတ်ထိုးစဉ် နိုင်ငံခြားအဖွဲ့အစည်း ဖြစ်နေပါတယ်။ " ဟု ပြောသည်။  " ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေချိန် တစ်ဖက်က သံသယဖြစ်နိုင်ဖွယ် အချက်တွေကို ရှောင်ရှားရပါမယ်။ ယခုအိမ်တွေ အများကြီးငှားလာတော့ လူတွေကသံသယ ဖြစ်လာကြပါတယ်။ ဘာလုပ်ဖို့မှန်း ဘာအဖွဲ့အစည်မှန်း မသိရတာက အခြေအနေကို ပိုမိုဆိုးလာနိုင်ပါတယ်။ အဖွဲ့အစည်း တော်တော်များများကလည်း ဘင်္ဂလီတွေအတွက် သီးသန့်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။ အကောင်းဆုံး အနေအထား တစ်ခုက နိုင်ငံတကာ ဘယ်အဖွဲ့အစည်းမဆို မြို့ခံရပ်မိရပ်ဖတွေနှင့် တိုင်ပင်ပြီးတော့ ရခိုင်တွေအတွက် ဘာကူညီပေးမည်။ ငွေကြေးဘယ်လောက်သုံးမည်။ ဘင်္ဂလီတွေကို ဘာကူညီပေးမည်။ ငွေလယ်လောက်သုံးမည် ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ တိတိကျကျ လုပ်ဆောင်ပြဖို့လိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေဖြစ်နေရလို့ပါ။ ဤသို့လုပ်ဆောင်ပြခြင်းအားဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုလည်း ပြန်လည်ရရှိနိုင်ပါတယ်။ '' ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအုပ်စိုးခိုင်က အာရကန်တိုင်း သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။  ငှားရမ်းထားသော အိမ်များတွင် နိုင်ငံခြားသားတစ်ချို့ နေထိုင်နေကြပြီး အရေအတွက် ဦးရေ ၄၀ ကျော်ခန့်ရှိကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းသိရှိရသည်။  http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/610-2013-09-28-15-28-54

မြနှင်းသူ (သတင်း)


စစ်တွေ မြို့ရပ်ကွက်အချို့အတွင်း အမျိုးအမည် ကွဲကွဲပြားပြားမသိရသော နိုင်ငံခြားအဖွဲ့အစည်း ဟု အမည်ခံကာ အိမ်ငှားရမ်းမှုများ ဆိုက်တိုက်ဖြစ်ပေါ်နေမှုများအပေါ် မြို့ခံတွေ စိုးရိမ်မကင်းဖြစ်နေ ကြောင်းသိရသည်။

လွန်ခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို အိမ်ငှားရမ်းမှုများမှာ အလွန်များပြားလာပြီး ကာလပေါက်ဈေးထက် ၃ ဆခန့် ပိုမိုသော နုန်းထားများဖြင့် အိမ် ၂၀၀ခန့်ကို ငှားရမ်းခဲ့ကြောင်း စစ်တွေမြို့ပေါ် သတင်းများအရ သိရှိရသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်အတွင်း ယခုလို အကြောင်းအရင်း လုံလောက်စွာမပြနိုင်သော အိမ်ငှားရမ်းလာမှုများ လက်မခံ ကြရန်
ရပ်ကွက်နေပြည်သုများက စုဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးကို စက်တင်ဘာလ ၂၈နေ့ နေ့လည်ပိုင်းက ရပ်ကွက်အတွင်းရှိ မြို့မ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြပြီး လူပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူ ကိုအောင်သန်းက " အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ပြီး ရပ်ကွက်တွင်း အသိပေးသွားမှာပါ။" ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာန ကိုပြောကြားသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကလည်း ကျောင်းကြီးလမ်းရပ်ကွက်တွင် မြန်မာ့အဖွဲ့အစည်းဟု ပြောဆိုငှားရမ်းခဲ့ပြီးမှ နိုင်ငံခြားအဖွဲ့အစည်းဖြစ်နေသဖြင့် ရပ်ကွက်နေ ပြည်သူများက မကျေနပ်ခဲ့ကြပေ။ ကျောင်းကြီးလမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းအောင်က အိမ်ငှားရမ်းမှုတစ်ခုတွင် " မြန်မာ့ ကြက်ခြေနီ၊ မြန်မာလူမျိုး၊ မြန်မာဗုဒ္ဓဘာသာဆိုပြီး လာပြောပါတယ်၊ ဒါကြောင့် အသိသက်သေအဖြစ် သွားရောက်လက်မှတ်ထိုးစဉ် နိုင်ငံခြားအဖွဲ့အစည်း ဖြစ်နေပါတယ်။ " ဟု ပြောသည်။

" ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေချိန် တစ်ဖက်က သံသယဖြစ်နိုင်ဖွယ် အချက်တွေကို ရှောင်ရှားရပါမယ်။ ယခုအိမ်တွေ အများကြီးငှားလာတော့ လူတွေကသံသယ ဖြစ်လာကြပါတယ်။ ဘာလုပ်ဖို့မှန်း ဘာအဖွဲ့အစည်မှန်း မသိရတာက အခြေအနေကို ပိုမိုဆိုးလာနိုင်ပါတယ်။ အဖွဲ့အစည်း တော်တော်များများကလည်း ဘင်္ဂလီတွေအတွက် သီးသန့်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။ အကောင်းဆုံး အနေအထား တစ်ခုက နိုင်ငံတကာ ဘယ်အဖွဲ့အစည်းမဆို မြို့ခံရပ်မိရပ်ဖတွေနှင့် တိုင်ပင်ပြီးတော့ ရခိုင်တွေအတွက် ဘာကူညီပေးမည်။ ငွေကြေးဘယ်လောက်သုံးမည်။ ဘင်္ဂလီတွေကို ဘာကူညီပေးမည်။ ငွေလယ်လောက်သုံးမည် ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ တိတိကျကျ လုပ်ဆောင်ပြဖို့လိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေဖြစ်နေရလို့ပါ။ ဤသို့လုပ်ဆောင်ပြခြင်းအားဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုလည်း ပြန်လည်ရရှိနိုင်ပါတယ်။ '' ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအုပ်စိုးခိုင်က အာရကန်တိုင်း သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။

ငှားရမ်းထားသော အိမ်များတွင် နိုင်ငံခြားသားတစ်ချို့ နေထိုင်နေကြပြီး အရေအတွက် ဦးရေ ၄၀ ကျော်ခန့်ရှိကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းသိရှိရသည်။

www.arakantimes.ne

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive