အီဂျစ် အစိုးရ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ ၀င်များသည် အစ္စလာမ် မစ် အစွန်း ရောက် ၀ါဒီ သမားများ တစ်လ ကြာ သိမ်းပိုက် ထားသည့် မင်ယာ ပြည်နယ် အတွင်းရှိ ဒဲလ်ဂါမြို့ ကို စက်တင်ဘာလ  ၁၆ ရက် တွင် စီးနင်း ၀င်ရောက် ခဲ့ပြီး ၄င်းမြို့ကို ပြန်လည် သိမ်းပိုက် ခဲ့ကြ သည်ဟု ဒေသတွင်း အရာရှိများ ၏ ပြော ကြားချက် အရ သိရသည်။

ရဲတပ်ဖွဲ့ ဝင် များနှင့် စစ်သည် များ သည် ဒဲလ်ဂါမြို့အတွင်းသို့ စင်တင်ဘာ ၁၆ ရက် မွန်းလွဲ ပိုင်း တွင် ဝင်ရောက် ခဲ့ပြီး မျက်ရည်ယို ဗုံးများ ဖြင့် ပစ်ခတ်ခဲ့ ကြကြောင်း နှင့် အစ္စလာမ်မစ် အစွန်း ရောက် ဝါဒီသမား များကို  တစ်အိမ်တက် ဆင်း ရှာဖွေမှု များ ပြုလုပ် ခဲ့ကြကြောင်း ၊ အစွန်းရောက် ၀ါဒီ သမား ၅၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များ ကိုလည်း သိမ်းဆည်း ရမိခဲ့ ကြောင်း ဒေသတွင်း အရာရှိ များက ပြောကြားသည်။

အစ္စလာမ်မစ် အစွန်း ရောက် ဝါဒီသမား များ သည် ၄င်းတို့ သိမ်းပိုက်ထား သည့် ၃၁ ရက်အတွင်း ဒဲလ်ဂါမြို့ အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်း သုံးခု ကို မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ခရစ်ယာန် ဘာသာဝင် များ၏ နေအိမ် များ ကိုလည်း ဖျက်ဆီး ခဲ့ကြကြောင်း ၊ မိသားစု အနည်းဆုံး ၁ဝဝ ခန့်သည် ၄င်းတို့၏ အသက် ရှင်သန် နိုင်ရေး အတွက် ဒဲလ်ဂါမြို့ အတွင်းမှ ထွက်ပြေး ခဲ့ရကြောင်း လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့မှ အီရှက်ခ်အီဗရာဟင် ၏ ပြောကြားချက် အရ သိရသည်။


အီဂျစ် ရဲ တပ်ဖွဲ့ ဝင်များနှင့် စစ်သည် များ သည် လူဦးရေ ၁၂ဝဝဝဝ ဦး နေထိုင်သည့် ဒဲလ်ဂါမြို့သို့  ပြန်လည် သိမ်းပိုက် ခဲ့ပြီး နောက် တွင် မြို့တွင်း ဝင် ပေါက် ၃၂ ပေါက်ကို ပိတ်ပစ် ခဲ့ပြီး နေ့ဘက် တွင် မထွက်ရ အမိန့် ကို ချမှတ် ခဲ့ သည် ဟု သိရှိရ သည်။

MWD
http://golden-land-myanmar-mm.blogspot.com 

Posted by Unknown on Thursday, September 19, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive