Photo:  RFA
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့်နှစ်လအတွင်း တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။

၈ လေးလုံး အရေးတော်ပုံကာ လနောက်ပိုင်း  ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အဲဒီလိုမှတ်ပုံတင်နိုင်ဖို့အတွက် အစိုးရအဖွဲ့တာဝန်ရှိသူတွေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်လို့ ရက်အတိအကျ မသတ်မှတ်ရသေးဘူး၊ လောလောဆယ်တော့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ကို အချက် ၆ ချက်ပေါ့နော် သူတို့ကတိပေးထားပါတယ်၊ ကျနော်တို့ကတော့ တည်ဆဲဥပဒေအရ ပါတီကိုမှတ်ပုံတင်ရမှာဖြစ်ပါတယ်၊ မှတ်ပုံတင်နိုင်ဖို့အတွက်ကို ရွေးကောက်ပွဲကော်မတီနဲ့လည်း နှစ်ကြိမ်တိတိတွေ့ပြီးပါပြီ ”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်ခံရပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့အခြေစိုက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

RFA

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive