ဘင်္ဂါလီများကို နိုင်ငံသားဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ အိမ်ပိုင်မြေပိုင် မပေးရန် ဆန္ဒပြခြင်းကို ဦးဆောင်သူလေးဦးအား ထောင်ဒဏ် ချမှတ်သည့်နေ့တွင် ကုလားများအတွက် အသင့်တပ်ဆင်နေအိမ်များ ကားအစီးသုံးဆယ်ခန့်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိ
=============================

စစ်တွေ ၊ ၀၄ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

နိုင်ငံသားမဟုတ်သော ကုလားများအား အိမ်ပိုင်မြေပိုင်မပေးရန် ဆန္ဒထုတ်ဖော်ခြင်းကို ဦးဆောင်ခဲ့သည်ဆိုကာ တရားစွဲဆိုခံရသူ ဆယ့်တစ်ဦးအနက် ကနဦး လေးဦးကို ထောင်ဒဏ် သုံးလစီချမှတ်လိုက်သည့် တစ်ရက်တည်းတွင် ကုလားများအတွက်ပါ ရည်စူးထားသည့် အသင့်တပ်ဆင်နေအိမ် (၆၀) စာ အစိတ်အပိုင်းများမှာ ဆယ်ဘီးကုန်တင်ကားကြီး အစီးသုံးဆယ်ကျော်ဖြင့် စစ်တွေမြို့တွင်းသို့ ရောက်ရှိလာခဲ့သည်။

ရခိုင်ပြည်သူများကို အချိုသတ်ရန် လိမ်လည်ခြင်း ဟုတ်မဟုတ်ကို မသိရသော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမူ အဆိုပါ မော်ကျူလာ နှစ်ထပ်အိမ် (၁၅၀) မှာ မူဆလင်နိုင်ငံများမှ မဟုတ်ဘဲ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းသာဖြစ်သည် ဟု သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများမှာ တူရကီအဖွဲ့အစည်း TIKA မှ တစ်ဆင့် ကုလားများအတွက် လုံးချင်းအိမ် အလုံး ငါးထောင် ဆောက်လုပ်မည်ဆိုသည့်အတွက် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုရအဖွဲ့၏ ပါးစပ်ပေါက် “သာစွဌာနေ ရခိုင်ပြေ” ဖေ့စ်ဘွတ်စာမျက်နှာ သတင်းဖော်ပြချက်ကမူ “မောင်တော၊ တိုင်းရင်းသား ဒုက္ခသည်များ၊ စစ်တွေမြို့ရှိ ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်များအတွက်ပါ ရည်ရွယ်ထားကြောင်း၊ အတိအကျ ခွဲတမ်းချ ဆုံးဖြတ်ချက်မရှိသေးကြောင်း၊ ယခုရက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်းသိရ ပါသည်” ဟု ရေးသားဖော်ပြထားသည်။

တရုတ်က လှူဒါန်းသည် ဆိုသည့် အဆိုပါ မော်ကျူလာ အသင့်တပ်ဆင်နေအိမ်များ၏ စုစုပေါင်းအရေအတွက်မှာ (၁၅၀) အိမ်ဖြစ်ပြီး တစ်အိမ်ချင်း၏ အတိုင်းအတာမှာ အလျားမှာ ၂၅’ × အနံ ၂၁’ × အမြင့် ၁၈’ ရှိကြသော နှစ်ထပ်အိမ်များ ဖြစ်သည် ဟု ဆိုသည်။ ယခုရောက်ရှိလာသည့် အိမ်အရေအတွက်မှာ အလုံး (၆၀) စာ ဖြစ်သည်။

ဘင်္ဂါလီဆူပူမှု စတင်သည့်အချိန်မှစ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး အာဂျန်ဒါများတွင် အချိန်ကုန်ခံ ဆွေးနွေးကြသည့်အကြောင်းအရာများမှာ ကုလားကယ်ဆယ်ရေးအလုပ်က အနည်းဆုံး (၆၀)% ရှိသည်ဟု အတွင်း သတင်းအချို့ကဆိုသည်။

( Coral Arakan News )

==================================
Photo: ဘင်္ဂါလီများကို နိုင်ငံသားဟုတ်မဟုတ် စိစစ်ခြင်းမပြုဘဲ အိမ်ပိုင်မြေပိုင် မပေးရန် ဆန္ဒပြခြင်းကို ဦးဆောင်သူလေးဦးအား ထောင်ဒဏ် ချမှတ်သည့်နေ့တွင် ကုလားများအတွက် အသင့်တပ်ဆင်နေအိမ်များ ကားအစီးသုံးဆယ်ခန့်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိ =============================  စစ်တွေ ၊ ၀၄ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]  နိုင်ငံသားမဟုတ်သော ကုလားများအား အိမ်ပိုင်မြေပိုင်မပေးရန် ဆန္ဒထုတ်ဖော်ခြင်းကို ဦးဆောင်ခဲ့သည်ဆိုကာ တရားစွဲဆိုခံရသူ ဆယ့်တစ်ဦးအနက် ကနဦး လေးဦးကို ထောင်ဒဏ် သုံးလစီချမှတ်လိုက်သည့် တစ်ရက်တည်းတွင် ကုလားများအတွက်ပါ ရည်စူးထားသည့် အသင့်တပ်ဆင်နေအိမ် (၆၀) စာ အစိတ်အပိုင်းများမှာ ဆယ်ဘီးကုန်တင်ကားကြီး အစီးသုံးဆယ်ကျော်ဖြင့် စစ်တွေမြို့တွင်းသို့ ရောက်ရှိလာခဲ့သည်။  ရခိုင်ပြည်သူများကို အချိုသတ်ရန် လိမ်လည်ခြင်း ဟုတ်မဟုတ်ကို မသိရသော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမူ အဆိုပါ မော်ကျူလာ နှစ်ထပ်အိမ် (၁၅၀) မှာ မူဆလင်နိုင်ငံများမှ မဟုတ်ဘဲ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းသာဖြစ်သည် ဟု သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများမှာ တူရကီအဖွဲ့အစည်း TIKA မှ တစ်ဆင့် ကုလားများအတွက် လုံးချင်းအိမ် အလုံး ငါးထောင် ဆောက်လုပ်မည်ဆိုသည့်အတွက် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။  ရခိုင်ပြည်နယ်အစိုရအဖွဲ့၏ ပါးစပ်ပေါက် “သာစွဌာနေ ရခိုင်ပြေ” ဖေ့စ်ဘွတ်စာမျက်နှာ သတင်းဖော်ပြချက်ကမူ “မောင်တော၊ တိုင်းရင်းသား ဒုက္ခသည်များ၊ စစ်တွေမြို့ရှိ ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်များအတွက်ပါ ရည်ရွယ်ထားကြောင်း၊ အတိအကျ ခွဲတမ်းချ ဆုံးဖြတ်ချက်မရှိသေးကြောင်း၊ ယခုရက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်းသိရ ပါသည်” ဟု ရေးသားဖော်ပြထားသည်။  တရုတ်က လှူဒါန်းသည် ဆိုသည့် အဆိုပါ မော်ကျူလာ အသင့်တပ်ဆင်နေအိမ်များ၏ စုစုပေါင်းအရေအတွက်မှာ (၁၅၀) အိမ်ဖြစ်ပြီး တစ်အိမ်ချင်း၏ အတိုင်းအတာမှာ အလျားမှာ ၂၅’ × အနံ ၂၁’ × အမြင့် ၁၈’ ရှိကြသော နှစ်ထပ်အိမ်များ ဖြစ်သည် ဟု ဆိုသည်။ ယခုရောက်ရှိလာသည့် အိမ်အရေအတွက်မှာ အလုံး (၆၀) စာ ဖြစ်သည်။   ဘင်္ဂါလီဆူပူမှု စတင်သည့်အချိန်မှစ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး အာဂျန်ဒါများတွင် အချိန်ကုန်ခံ ဆွေးနွေးကြသည့်အကြောင်းအရာများမှာ ကုလားကယ်ဆယ်ရေးအလုပ်က အနည်းဆုံး (၆၀)% ရှိသည်ဟု အတွင်း သတင်းအချို့ကဆိုသည်။    ( Coral Arakan News )  ==================================

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive