ပြည်မသို့ ခိုးသွားမည့် ဘင်္ဂါလီများကို စက်တင်ဘာလ တစ်ရက်နေ့က မြောက်ဦးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဘင်္ဂါလီ ခုနစ်ဦးကို နောက်တစ်နေ့တွင် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ- ၆ (၂) / (၃)အရ ထောင်ဒဏ် နှစ်နှစ်စီ နှင့် ဒေသဆိုင်ရာအမိန့်အာဏာကို မနာခံမှု ပုဒ်မ-၁၈၈ အရ ထောင်ဒဏ် ခြောက်လစီ နောက်တစ်နေ့ စက်တင်ဘာ နှစ်ရက်နေ့တွင် ထောင်ဒဏ်များချမှတ်ခဲ့သည်။

သို့သော် ကျောက်တော်တွင် နေထိုင်သူ အဆိုပါ ကုလားများကို မြောက်ဦးမြို့သို့ ပါဂျဲရိုးကားဖြင့် ခေါ်ဆောင်လာသူနှင့် သက်သေခံကားတို့ကို ဖမ်းဆီးရမိခြင်း မရှိသေး ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တရားဝင်မဟုတ်သော တရားဝင် စာမျက်နှာ “သာစွဌါနေ ရခိုင်ပြေ” မှာ ရေးသားထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက ကုလားတင်လာသော ပါဂျဲရိုးကား နှင့် ကားမောင်းသူများကို ဖော်ထုတ်သိရှိပြီးခြင်း ရှိမရှိကို ဖော်ပြရေးသားခြင်းမပြုသော်လည်း ကားနှင့်ကားမောင်းသူကို ဖမ်းဆီးရမိခြင်း မရှိသေး ဟု ရေးသား တင်ပြထားသည်။

အတည်မပြုနိုင်သော စစ်တွေမြို့တွင်း သတင်းများအရမူ အဆိုပါ ကုလားတင် ပါဂျဲရိုးကားမှာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးစိုးဝင်း၏ ကားဖြစ်သည် ဟု ပြောဆိုနေကြသည်။ ထိုသတင်း မှန်မမှန်ကို အတည်ပြုနိုင်ခြင်း မဟိန့်ပါ။

ဘင်္ဂလာဒေ့ရှ်ဘက်မှ ကုလားလူဦးရေ ယိုစိမ့်မှု ရှိနေသည်ကို နယ်စပ်တစ်လျှောက်မကာနိုင်မှန်း သိသည့်အချိန်မှစ၍ ဗမာအစိုးရရေ နယ်စပ်မှစိမ့်ဝင်သော ကုလားများကို တွန်းထုတ်ခြင်းမပြုဘဲ ရခိုင်ပြည်နယ် မှတစ်ဆင့် ပြည်မသို့ ကုလားမ၀င်နိုင်အောင်ရာ တားဆီးပိတ်ပင်လာခဲ့ရာ ခိုးဝင်ကုလားဦးရေသည် ရခိုင်ပြည်နယ်ထဲမှာ မတန်တဆ တိုးပွားများပြားလာခဲ့သည်။

Rakhine News Group

Posted by Unknown on Thursday, September 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive