လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် ကရင်နိုင်ငံရေးပါတီလေးခုအားစုပေါင်း၍ တစ်ခုတည်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အဆိုပါပါတီများ ပေါင်းစည်းရေးအတွက် ပထမအဆင့်အနေဖြင့် ညှိနှိုင်းရေး
ကော်မတီ ဖွဲ့စည်းလိုက်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် စားဥယျာဉ်တွင် ၁၄ ရက်မှ ၁၅ ရက် အထိ နှစ်ရက်ကြာပြုလုပ်ခဲ့သော ကရင်ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းပွဲ အပြီးနောက် ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ ၂၀၁၅ ကျရင် ဗမာပါတီတွေကို ကရင်ပါတီတွေက အနိုင်ရအောင် ပူးပေါင်းကြတာပါ။ ပါတီလေးခု သာ ပေါင်းစည်းပြီးခဲ့ရင် လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပြည်နယ်မှာ ရာနှုန်းပြည့်က ရင်တွေဘဲအနိုင်ရမှာပါ” ဟု ကရင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦးကပြောသည်။

ကရင်နိုင်ငံရေးပါတီများ ညှိနှိုင်းရေးကော်မတီအား ပါတီတစ်ခုလျှင် လူငါးဦးပါဝင်ခွင့်ပြုခဲ့ပြီး စုစုပေါင်း လူ ၂၀ ဖြင့် ဖွဲ့စည်းထားကြောင်းနှင့် ပါတီလေးခု ညှိနှိုင်းရာတွင် ပါတီတစ်ခုတည်းအနေဖြင့် ပေါင်းစည်းပြီးပါက ခေါင်းဆောင်မည့် လူများနှင့် ၂၀၁၅ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မည့်အပိုင်းတွင် အခက်အခဲဖြစ်နေကြောင်းသိရသည်။

သဘောထား ထုတ်ပြန်ချက်များတွင် အဓိကအနေဖြင့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က ကရင်ပြည်နယ် အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့သော မဲဆန္ဒနယ်များကို ၂၀၁၅ တွင် ယှဉ်ပြိုင်ခွင့်ပြုရန်၊ ပြည်နယ်အတွင်း တိုးပွားလာသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစား ပြဿနာများအား ပပျောက်အောင် အစိုးရအနေဖြင့် ပြုလုပ်ပေးရန် စသည့် အချက်များပါဝင်သည်။

“လွှတ်တော်ထဲမှာက ကရင်အမတ် တွေ အလွန်နည်းတော့ ပြောဆိုတဲ့နေရာမှာ အားမရှိဘူး။ သူတို့ရဲ့ လုပ်ပိုင်ပြောဆို ခွင့်တွေကလည်းမရှိတော့ ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို အဆိုတော့သွင်းပါရဲ့ ဘာမှမထူးဘူး” ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ပါတီများပေါင်းစည်းရေးအား အလျင်အမြန်ပြုလုပ်ရန် အားလုံးမှ လိုလား
နေသောကြောင့် ဆွေးနွေးပွဲများအား မကြာခင် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ကရင်ပါတီများ၏ နယ်မြေခွဲဝေသတ် မှတ်ထားချက်အရ ကရင်ပြည်နယ်တစ်ခုလုံးတွင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီစသောပါတီသုံးခုသာရှိပြီး၊ ကရင်ပြည်သူ့ ပါတီကမူ အခြားပြည်နယ်များတွင် ရုံးများဖွင့်ခွင့် ရရှိထားသည်။ 

မဇ္ဈိမ 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive