မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ဘို့ကျေးရွာတွင် ယမန်နေ့ 24.9.13 မနက် ၁၁ နာရီ ခွဲခန့်က ကျောင်းဝင်းထဲသို့ ရွာသားအချို့ ဒုတ် ဒါးလက်နက်များဖြင့် ဆရာတော် ဦးဝိစိတ္တ နှင့် အခန်းနေ သံဃာတို့အား ကြိမ်းမောင်းခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည် ဆရာတော် ဦးဝိစိတ္တ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ၊ ဦးဇင်းနိုင်တိုး ရှေ့သွားနှစ်ချောင်းကျိုး နှင့် ကိုရင် ကြည်ဆွေ နားရွက် စုပ်ပြဲဒဏ်ရာ တို့ ရရှိသွားသဖြင့် ယခုအခါ မြိုင်မြို့နယ်ဆေးရုံ၌ ဆေးကုသခံနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းများကို အကြောင်းကြားသဖြင့် လာရောက်ထိန်းသိမ်းပြီးဖြစ်သော်လည်း မည်သူလုပ်သည်ဟု မဖော်ထုတ်သေးဘဲ ဖော်ထုတ်မည့် အခြေအနေလဲ မရှိကြောင်း ကျောင်းထဲသို့ လက်နက်ကိုင်၍ ဝင်ရောက် လုပ်ကြံသူများမှာ လူအင်အား (၁၀)ယောက်ထက်မနည်းရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုး နီးစပ်သူများဖြစ်သည့်ပြင် အုပ်ချုပ်ရေးမှူကိုယ်တိုင် အားပေးအားမြှောက် ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

လွန်ခဲ့ပြီးသော နှစ်နှစ်ခန့်က ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇ၀န ပျံလွန်တော်မူပြီးချိန်မှစ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ၄င်းတို့နှင့် ဆွေမျိုးတော်စပ်သည့် သံဃာတစ်ပါးအား ၄င်းကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် အတင်းအဓမ္မတင်မြှောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သဖြင့် ရွာဦးကျောင်းရှိ ထိုရွာဇာတိဖွား သံဃာတော်များ အပ်နှင်းထားသဖြင့် စောင့်ရှောက်နေထိုင် သီတင်းသုံးလျှက်ရှိသော သံဃာတော်သုံးပါးအား အငြိုးအတေးထားကာ ကြံစည်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယခုအခင်းဖြစ်ရပ်တွင် ဒုတ် ဒါး လက်နက်ကိုင်ဆောင်၍ ကျောင်းထဲတွင် ဆဲဆိုကြိမ်းမောင်းခြင်း သံဃာတော်များအား ရိုက်နှက် သတ်ဖြတ်ရန် ကျိုးစားခြင်းပြုသူ ၁၀ ဦးထက်မနည်း ရှိခဲ့သော်လည်း ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ၄င်းရွာသား တစ်ဦးထံမှ သိရှိရပါသည်။

စံပြမောင်

by Myanmar News Now

Posted by Unknown on Wednesday, September 25, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive