Photo: ကိုကိုးကျွန်းအား ငှားရမ်း၍ အဆင့်မြင့် အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီ သုံးခုအထိ ရှိနေပြီး ကျွန်းပေါ်ရှိ လေယာဉ်ကွင်းကိုလည်း တိုးချဲ့နေ  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား နှစ်ရှည်ငှားရမ်း၍ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီ သုံးခုအထိ ရှိနေကြောင်း ကိုကိုးကျွန်းတွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။  ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ ရေမိုင် ၂၆၀ ကျော်တွင် တည်ရှိပြီး သဘာဝဆန်သော ရှုခင်း၊ အလှအပ၊ မပျက်စီးသေးသော သယံဇာတ အများအပြား တည်ရှိနေခြင်းနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်သည့် အလားအလာများကြောင့် ကျွန်းအားငှားရမ်း၍ အဆင့်မြင့် အပန်းဖြေစခန်းများ ဆောက်လုပ်၍ ခရီးသွားများကို ဆွဲဆောင်ရန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်ဟု သိရသည်။  ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ သုံးခုမှာ ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်ပြုလုပ်မည့်သဘော ရှိနေပြီး ကိုကိုးကျွန်းသို့လည်း လာရောက်လေ့လာ ကြည့်ရှုမှုများ ရှိသည်ဟု သိရသည်။  "ကျွန်းပေါ်မှာ အပန်းခြေစခန်း လုပ်ချင်တဲ့ ကုမ္ပဏီတွေ လာပြီးကွင်းဆင်းကြည့်တာတွေ ရှိပါတယ်။ အဓိကကတော့ ပြည်တွင်းနဲ့ ပြည်ပဖက်စပ်လုပ်မယ့် ကုမ္ပဏီတွေ ဖြစ်တယ်။ လာကြည့်တာတော့ ပြည်တွင်းက ကုမ္ပဏီကလူတွေ အခြေခံပြီး လာကြည့်ကြတာပါ။ ကျွန်တော်တို့ကတော့ ကျွန်းပေါ်မှာ အဲဒီလို အပန်းဖြေစခန်းတွေ ဖွင့်လှစ်လုပ်ကိုင် စေချင်တယ်။ ဒါမှလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းလာမှာပါ" ဟု ကိုကိုးကျွန်းတွင် နှစ် ၄၀ နီးပါး နေထိုင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားသည်။  ယင်းသို့ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်မှ သွားရောက်အပန်းဖြေလိုသည့် သူများအတွက် လေယာဉ်ဖြင့် အကြိုအပို့ ပြုလုပ်မည့် အစီအစဉ်များ အထိပါ ပြုလုပ်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။  ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်လာနိုင်သည့် အလားအလာများကြောင့် ကျွန်းပေါ်ရှိ မူလရှိပြီးသား လေယာဉ်ကွင်းကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနက တိုးချဲ့မှုများ ပြုလုပ်နေပြီး မူလလေယာဉ်ကွင်းအကျယ် ပေ ၄၅၀၀ မှ ယခု ပေ ၅၀၀၀ အထိ တိုးချဲ့နေခြင်းဖြစ်ကြောင်း၊ တိုးချဲ့သည့် နေရာနှင့် မလွတ်ကင်းသည့် အိမ်များ၊ မြေကွက်များကို လျော်ကြေးပေးခဲ့ကြောင်းနှင့် ဆိပ်ခံတံတားများလည်း ထပ်မံဆောက်လုပ်ရန်ရှိကြောင်း သိရသည်။  ကိုကိုးကျွန်းတွင် အဆင်မြင့် အပန်းဖြေစခန်းများ လုပ်ကိုင်မည် ဆိုသော်လည်း သဘာဝ အလှအပနှင့် မပျက်စီးသေးသော သယံဇာတများ ရှိနေ၍ အဆိုပါ သယံဇာတများ လျော့ပါးသွားမည်ကိုလည်း  စိုးရိမ်မှုများ ရှိနေသည်။  ယခုအခါ အဆိုပါ လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ Proposal တင်ပြထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ခွင့်ပြုနိုင်ရန် ဆက်တက်တင်ပြထားသည်ဟု သိရသည်။  ကိုကိုးကျွန်းပေါ်တွင် လူဦးရေ ၁၀၀၀ ၀န်းကျင်ခန့် နေထိုင်ပြီး နေထိုင်သူများမှာ အစိုးရ ၀န်ထမ်းအများစု ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမှ ရန်ကုန်သို့ ဆက်သွယ်သွားလာရေး အနေဖြင့် ရေကြောင်းနှင့် လေကြောင်းသာရှိပြီး ယင်းအထဲမှ ရေကြောင်းဖြင့် အဓိက သွားလာနေရခြင်းပြီး တစ်ညအိပ် သွားလာရခြင်း ဖြစ်သည်ဟု သိရသည်။    (ကိုကိုးကျွန်း၏ အစိတ်အပိုင်း တစ်နေရာကို တွေ့ရစဉ်)
 


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား နှစ်ရှည်ငှားရမ်း၍ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီ သုံးခုအထိ ရှိနေကြောင်း ကိုကိုးကျွန်းတွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ ရေမိုင် ၂၆၀ ကျော်တွင် တည်ရှိပြီး သဘာဝဆန်သော ရှုခင်း၊ အလှအပ၊ မပျက်စီးသေးသော သယံဇာတ အများအပြား တည်ရှိနေခြင်းနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်သည့် အလားအလာများကြောင့် ကျွန်းအားငှားရမ်း၍ အဆင့်မြင့် အပန်းဖြေစခန်းများ ဆောက်လုပ်၍ ခရီးသွားများကို ဆွဲဆောင်ရန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ သုံးခုမှာ ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်ပြုလုပ်မည့်သဘော ရှိနေပြီး ကိုကိုးကျွန်းသို့လည်း လာရောက်လေ့လာ ကြည့်ရှုမှုများ ရှိသည်ဟု သိရသည်။

"ကျွန်းပေါ်မှာ အပန်းခြေစခန်း လုပ်ချင်တဲ့ ကုမ္ပဏီတွေ လာပြီးကွင်းဆင်းကြည့်တာတွေ ရှိပါတယ်။ အဓိကကတော့ ပြည်တွင်းနဲ့ ပြည်ပဖက်စပ်လုပ်မယ့် ကုမ္ပဏီတွေ ဖြစ်တယ်။ လာကြည့်တာတော့ ပြည်တွင်းက ကုမ္ပဏီကလူတွေ အခြေခံပြီး လာကြည့်ကြတာပါ။ ကျွန်တော်တို့ကတော့ ကျွန်းပေါ်မှာ အဲဒီလို အပန်းဖြေစခန်းတွေ ဖွင့်လှစ်လုပ်ကိုင် စေချင်တယ်။ ဒါမှလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းလာမှာပါ" ဟု ကိုကိုးကျွန်းတွင် နှစ် ၄၀ နီးပါး နေထိုင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်မှ သွားရောက်အပန်းဖြေလိုသည့် သူများအတွက် လေယာဉ်ဖြင့် အကြိုအပို့ ပြုလုပ်မည့် အစီအစဉ်များ အထိပါ ပြုလုပ်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းသို့ အပန်းဖြေစခန်းများ ဆောက်လုပ်လာနိုင်သည့် အလားအလာများကြောင့် ကျွန်းပေါ်ရှိ မူလရှိပြီးသား လေယာဉ်ကွင်းကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနက တိုးချဲ့မှုများ ပြုလုပ်နေပြီး မူလလေယာဉ်ကွင်းအကျယ် ပေ ၄၅၀၀ မှ ယခု ပေ ၅၀၀၀ အထိ တိုးချဲ့နေခြင်းဖြစ်ကြောင်း၊ တိုးချဲ့သည့် နေရာနှင့် မလွတ်ကင်းသည့် အိမ်များ၊ မြေကွက်များကို လျော်ကြေးပေးခဲ့ကြောင်းနှင့် ဆိပ်ခံတံတားများလည်း ထပ်မံဆောက်လုပ်ရန်ရှိကြောင်း သိရသည်။

ကိုကိုးကျွန်းတွင် အဆင်မြင့် အပန်းဖြေစခန်းများ လုပ်ကိုင်မည် ဆိုသော်လည်း သဘာဝ အလှအပနှင့် မပျက်စီးသေးသော သယံဇာတများ ရှိနေ၍ အဆိုပါ သယံဇာတများ လျော့ပါးသွားမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

ယခုအခါ အဆိုပါ လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ Proposal တင်ပြထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ခွင့်ပြုနိုင်ရန် ဆက်တက်တင်ပြထားသည်ဟု သိရသည်။

ကိုကိုးကျွန်းပေါ်တွင် လူဦးရေ ၁၀၀၀ ၀န်းကျင်ခန့် နေထိုင်ပြီး နေထိုင်သူများမှာ အစိုးရ ၀န်ထမ်းအများစု ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမှ ရန်ကုန်သို့ ဆက်သွယ်သွားလာရေး အနေဖြင့် ရေကြောင်းနှင့် လေကြောင်းသာရှိပြီး ယင်းအထဲမှ ရေကြောင်းဖြင့် အဓိက သွားလာနေရခြင်းပြီး တစ်ညအိပ် သွားလာရခြင်း ဖြစ်သည်ဟု သိရသည်။

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive