Photo:  - See more at: http://www.dawnmanhon.com/2013/09/blog-post_16.html#sthash.3c0p5p57.dpuf
ပထမအကြိမ်ပြည်သူ့ လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ (၁၈၆၁) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် အဆိုတင်သွင်း ခဲ့သော်လည်း လွှတ်တော်တွင် အငြင်းအခုန်ဖြစ်ပွားမှုကြောင့် အဆိုတင်သွင်းခြင်းမအောင်မြင်ခဲ့ ကြောင်း သိရသည်။ ၎င်းအဆိုတင် သွင်းမှုကို အောင်မြင်ရန်အတွက် နောင်ကျင်းပပြုလုပ်မည့်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဆက်လက်တင်သွားမည်ဟုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့် မှပြောသည်။

“ပုဒ်မ (၃၇၆) မှာ ပြင်ဆင် ထားတဲ့အချက်ကတော့ ကျွန်တော် တို့နိုင်ငံရဲ့ ကလေးသူငယ်ဥပဒေမှာ လည်း ကလေးသူငယ်ဆိုတာ အသက် (၁၆) နှစ်မပြည့်သေးတဲ့ အရွယ်ကိုဆိုတယ်လို့ပြဋ္ဌာန်းထား ပါတယ်။ ဒါကြောင့် (၁၆) နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေ ကို မုဒိမ်းကျင့်ခံရသော မိန်းမသည် အသက် (၁၆) နှစ်မပြည့်သေး သော ကလေးသူငယ်ဖြစ်လျှင် မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ချ မှတ်ရမည့်အပြင်ငွေဒဏ်လည်းချ မှတ်နိုင်သည်ဆိုတဲ့ ပြင်ဆင်ချက် တင်သွင်းရခြင်းဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုတင်သွင်းရသလဲ ဆိုရင် အခုတလောအသက်မပြည့် သေးတဲ့ သူငယ်တွေအပေါ်မှာ ကျူးလွန်တဲ့ မုဒိမ်းမူများဟာ အင်မတန်များပြားလာတယ်။ အဲဒီမှာဘယ်လောက်ထိတုန်လှုပ် စေသလဲဆိုရင် ဖခင်အရင်းဖြစ်သူ က သမီးအရင်းဖြစ်သူကို မုဒိမ်း ကျင့်တဲ့အမှုတွေပါ။ အရင်တုန်း က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူးလား ဆိုရင်ရှိခဲ့ပါတယ်။သို့သော်အင်မတန် မှအရေအတွက်နည်းတယ်။ ဒါကြောင့် ကြီးလေးတဲ့ပြစ်မူတွေ မှာ ပြစ်မူကျူးလွန်ဖို့အလားအလာ ရှိတဲ့သူတွေကို နောင်မကျူးလွန် အောင်ကြောက်သွားအောင် နောက်ထပ်မလုပ်ရဲအောင်ဟန့်ထား ဖို့အတွက် သတ်မှတ်ထားတဲ့ပြစ် ဒဏ်ပါ”ဟု ၎င်းကပြောသည်။

အချို့သောနိုင်ငံခြားသားများ က မြန်မာနိုင်ငံသို့လာသော ရည်ရွယ်ချက်များတွင် အိမ်နီးချင်း နိုင်ငံအချို့တွင် ကဲ့သို့ကလေး သူငယ်များနှင့် ပျော်ပါးချင်၍လာ ရောက်ကြခြင်းဖြစ်ကြောင်း၊ ၎င်း နှင့် ပတ်သက်၍ယခုအချိန်တွင် သတင်းများစတင်ကြားနေရပြီဖြစ် ကြောင်း၊ ယခုအချိန်တွင် ပြဋ္ဌာန်း ဥပဒေပြစ်မူမကျူးလွန်အောင်ဟန့် တားဖို့လိုကြောင်း၊ ကမ္ဘာ့နိုင်ငံများ တွင် သေဒဏ်ချမှတ်သော နိုင်ငံ ရှိကြောင်း၊ မြန်မာနိုင်ငံသည်ကမ္ဘာ့ ရှေးအကျဆုံးပြစ်ဒဏ်ဖြစ်သော သေဒဏ်ပြဋ္ဌာန်းချက်ကို ကလေး သူငယ်များအပေါ်ကျူးလွန်လာ သော ပုဂ်္ဂိုလ်များအတွက် ဟန့်တား ရန်သုံးသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကလေးသူငယ်တွေနဲ့ ပတ်သက် ပြီးတော့ အကာအကွယ်တွေပေး ထားတာရှိပါတယ်။ ဒီအကာ အကွယ်မှာကလေးသူငယ်တွေခံစား နိုင်ဖို့လိုပါတယ်။ အလားတူပဲ ကျွန်တော်တို့နိုင်ငံကလက်မှတ်ရေး ထိုးခဲ့တဲ့ (၁၉၉၁) ခုနှစ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာကုလ သမဂ္ဂသဘောတူစာချုပ်အပိုဒ် (၃၄) မှာလည်း ကလေးသူငယ် အားလုံးသည် လိင်မှုကိစ္စစော်ကား ညှဉ်းပန်းခြင်းမှ အကာအကွယ်ရ ပိုင်ခွင့်ရှိသည်လိုပြဋ္ဌာန်းထားပါ တယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊ လက်မှတ်ထိုးခဲ့တဲ့ကလေးသူငယ် အခွင့်အရေးဆိုင်ရာကုလသမဂ္ဂညီ လာခံသဘောတူစာချုပ်အပိုဒ် (၃၄) အရထိရောက်တဲ့ အကာ အကွယ်တွေပေးနိုင်ဖို့ဆိုရင် ဟန့်တားတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင် ဖို့က ရာဇသတ်ကြီး ပုဒ်မ (၃၇၆) မှာ ကလေးသူငယ်ကို ကျူးလွန် တဲ့သူတွေကို သေဒဏ်အပြင်ငွေ ဒဏ်လည်းချမှတ်နိုင်တယ်ဆိုတဲ့ အချက်ကို ပြင်ဆင်ဖို့ပြည်သူ့ လွှတ်တော်ကို ကျွန်တော်တင်သွင်း တဲ့အခါမှာ အငြင်းအခုန်ဖြစ်တဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီဟာကိုပဲ အခုလာမယ့် လွှတ်တော်မှာဆက်လက်တင်သွင်း သွားမှာပါ”ဟု သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကထပ်မံပြောသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive