နိုင်ငံခြား ဘဏ်များတွင် ဘဏ်အကောင့် ၅ ခုဖြင့် ဒေါ်လာ ၁၁ ဘီလျံအထိ မြန်မာနိုင်ငံမှ အပ်နှံထားမှု ရှိသည်ဆိုသော အကြောင်းအရာ ပါဝင်သည့် မြန်မာနိုင်ငံ အစိုးရက ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များ ရှင်းလင်းဆောင်ရွက်မှု သတင်းကို ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို စက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်မှာ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ဖော်ပြပါရှိသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များ ရှင်းလင်းဆောင်ရွက်မှု သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

Mr.Jelson Garcia သည် NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် Bank Information Center(BIC) တွင် တာဝန်ထမ်းဆောင် နေသူတစ်ဦး သာလျှင်ဖြစ်ပြီး ကမ္ဘာ့ဘဏ် အဖွဲ့အစည်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသည့်အပြင် ကမ္ဘာ့ဘဏ် အဖွဲ့အစည်း၏ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ပါဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကို ရှင်းလင်းရန်နှင့် နှစ်ရှည်အတိုးမဲ့ ချေးငွေများကို ပြန်လည်ရယူနိုင်ရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မဟာဗျူဟာမြောက်သည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ထိုနှစ်ရှည် အတိုးမဲ့ ချေးငွေများကို မြန်မာပြည်သူများ အကျိုးခံစားခွင့် ရရှိနိုင်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ အစိုးရအနေနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ ဖြစ်ပေါ်လာနိုင်သည့် ကာလတွင် ဂရုပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ရရှိစေမည့် အပေါင်းလက္ခဏာ တစ်ရပ်ဖြစ်ခဲ့ပါသည်။ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို စီမံဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံခြားဘဏ် စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော် အစိုးရများ၏ ပုံမှန်လုပ်ငန်း တစ်ရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Eleven Media Group

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive