From : .. YPI



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ် ရေးကော်မတီ မှထုတ်ပယ်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းအင်အားစု(ယာယီ) စတင်ဖွဲ့စည်းခြင်းအခမ်းအနားတွင် ၎င်းအဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners)  နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်  စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့် စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ရှင်းပြသည်။

“၁၂နှစ်တာကာလ အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့ ကိန်းဂဏန်းပေါင်း  ရင်တောင်ပေါင်းလို့တောင် ရတော့မှာမဟုတ်ဘူး”ဟု ကိုရဲထွဋ်ခေါင်က မှတ်ချက်ပြုသည်။

ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံခဲ့ရသောကိုကြည်ဖြူကလည်း  AAPP အနေဖြင့် ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသောသာမန် နိုင်ငံရေးအကျဉ်းသားများကို ချန်လှပ်ထားလေ့ရှိကြောင်းနှင့် သူတွေ့ကြုံဖူးသမျှနိုင်ငံရေးအကျဉ်းသားများထဲတွင်လည်း AAPP ၏မူအတိုင်း  ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်းသာများသာဖြစ်ကြောင်းယခုလို ပြောသည်။

 “AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ”

ကိုရဲထွဋ်ခေါင်က AAPP ကိုတစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့်သူတို့ထံတွင်  နိုင်ငံရေးအကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။

AAPP ၏စာရင်းဇယားများတွင် စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင် စစ်ဆေးလျှင်အဖြေမှန်ထွက်လာရန်အတွက် ၎င်းတို့အဖွဲ့မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့သည်။

ယခုအခမ်းအနားသို့ AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော်လည်းလာရောက်ခြင်းမရှိကြောင်း ကိုရဲထွဋ်ခေါင်ကပြောသည်။

ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား မော်ကွန်းမဂ္ဂဇင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်းဖုန်းပိတ်ထားပါ သည်ဟုသာ အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP အဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာ ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး  ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက ပြည်တွင်း သို့ဖိတ်ခေါ်ကာလက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီ တွင်ပါဝင်စေခဲ့သည်။       ။


.. www.MyanmarExpress.net
 

Posted by Unknown on Thursday, September 5, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive