တရားမ၀င် ကာမအားတိုးဆေး (၄၉၀)ဗူးကို ကျိုင်းတုံ တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း။

ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း၊ တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့ အမှတ်(၂)သည် ၂၀၁၄ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ ကျိုင်းတုံ -တာချီလိတ် နောင်နွန်း စစ်ဆေးရေးဂိတ်၊ နတ်စင်အနီး၊ ရှောင်ကွင်းလမ်းထိပ်တွင် အိန္ဒိယနိုင်ငံထုတ် ကာမအားတိုးဆေး MASTIGRA (၁၀၀)၊ (၄)လုံးတွဲ (၂၀)ကဒ် ပါ (၄၉၀)ဗူးခန့်မှန်းတန်ဖိုး ကျပ်သိန်း(၁၇.၁၅၀)ရှိ တရားမ၀င် ကာမ အားတိုးဆေးများ သိမ်းဆီးရမိခဲ့ ကြောင်း၊ အဆိုပါ တရားမ၀င် ကာမအား တိုးဆေး(၄၉၀)ဗူးကို ၃.၈.၂၀၁၄ရက်နေ့ နေ့လည်ပိုင်းတွင် Mobile Team အဖွဲ့(၂)ပါ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်
 ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုယ်စားလှယ်များ သက်သေရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

မြ၀တီ

Posted by Unknown on Thursday, August 7, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive