စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်
 သိန်းပေါင်း ၇၈၀၀ ကျော်အသုံးပြု ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်
 အစိုးရ အဖွဲ့မှ ဥပဒေ ချုပ်ဦးလှသိန်းကပြောသည်။



ယင်းငွေကျပ် သိန်းပါင်း ၇၈၀၀ ကျော်ဖြင့် ရပ်ကွက်အလိုက်စာ သင် ကျောင်း များပြုပြင်ခြင်း၊ အသစ်ပြန် လည်တည်ဆောက်ခြင်း ၊ ရေရရှိရေး အတွက် ရေပိုက် လိုင်းများတပ်ဆင် ခြင်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း များအဖြစ် အဆင့်မြှင့် တင်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။

ဦးလှသိန်းက ''ဩဂုတ်လ နောက်ဆုံးပတ်မှာ စတင်လုပ်ဆောင် သွားမှာပါ။ ဒီလိုလုပ်ဆောင်ရာမှာ လဲ လိုအပ်တဲ့နေရာတွေထိ တာဝန် ရှိသူတွေက ကွင်းဆင်းပြီးဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပွင့်လင်း မြင်သာမှုတွေ အများကြီးနဲ့ လုပ် ဆောင် သွားမှာပါ'' ဟုပြော သည်။

ယခု စီမံကိန်းသည် ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အသစ် တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့တော်ကို ဖွံ့ဖြိုးတိုးတက် ရေးအတွက် စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကော်မတီ ဖွဲ့စည်း ၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပြီး ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း စစ်တွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ''ရပ် ကွက်လုပ်ငန်း အလိုက် ချမှတ်ပေး ထားတဲ့ငွေတွေကို စနစ်တကျအသုံး ပြုသွားဖို့ အဖွဲ့အ စည်းတွေ နဲ့ ဆောင် ရွက်နေပါတယ်''ဟု ပြောသည်။

အဆိုပါလုပ်ငန်း များ အလျင် အမြန်ပြီးစီးစေရေးနှင့် စနစ်တကျ ရှိစေရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ကော် မတီဝင် များ နှင့် မြို့နယ်ဆောက် လုပ်ရေးကြီးကြပ် မှုကော်မတီတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိ ရ သည်။

KMZ
Democracytoday News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive