နေပြည်တော်၊ သြဂုတ် ၈

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ မြေသားလမ်းဘေးအနီး၌ အဖြူရောင်ပလတ်စတစ်အကြည်ဖြင့်ထုပ်ထားသော အသက် (၄၅) နှစ်ခန့်ရှိ အမည်မသိ အမျိုးသမီးတစ်ဦးအား ဦးခေါင်းဝဲဘက်ခြမ်းပေါက်ပြဲ၊ ယာနံရိုး(၁)ချောင်းကျိုး ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းအနီးမှ ပီနံအိတ်ဖြင့်ထုပ်ထားသော ဒန်ခွက်အစုတ်များ၊ ပီနံအိတ်အဟောင်းစုတ်များ၊ သံပြားအဟောင်းများ၊ ဖိနပ်အဟောင်းများ၊ ဗူးတိုခွက်စများထည့်ထားသည့် အထုပ်(၁)ထုပ်နှင့် လုံချည်အဟောင်း(၁)ထည်တို့အား တွေ့ရှိရသဖြင့် ဘောနတ်ကြီးအမြန်လမ်းရဲစခန်း (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive